A d v e r t i s e m e n t With Us

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ လီဗာပူး ရှုံး (ရုပ်သံဟိုက်လိုက်)

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့အဖြစ် စပိန်လာလီဂါကလပ် ဗီလာရီးရဲလ်က အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် လီဗာပူးကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ဗီလာရီးရဲလ်ကွင်းမှာ ကစားတဲ့ ဒီပွဲ ပထမပိုင်းမှာတော့ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိ သရေကျခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ပွဲပြီးခါနီးမှာ ဗီလာရီးရဲလ် ကစားသမား အက်ဒီရမ်က ဂိုးသွင်းယူသွားပြီး ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ဖလာမီနိုရဲ့ကန်ချက် ဂိုးတိုင်ထိ ထွက်ခဲ့တာကလွဲပြီး လီဗာပူးအသင်းရဲ့ တိုက်စစ်အားပျော့ခဲ့သလို ဗီလာရီးရဲလ်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက်ကန်သွင်းခွင့်ကတော့ လီဗာပူးအသင်း အသာစီး ရရှိထားပါတယ်။ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကိုတော့ မေ ၅ ရက်ကျရင် လီဗာပူးရဲ့ အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up