A d v e r t i s e m e n t With Us

အစိုး​ရ​ပြောင်း​သော်လည်း​ လူ့​အခွင့်​အ​ရေး​အ​ခြေအ​နေ မတိုး​တက်

ဦး​မင်းလွင်ဦး
အစိုး​ရသစ်​ ပြောင်း​ပေမယ့်​ မြန်မာ့​လူ့​အခွင့်​အ​ရေး ​အ​ခြေအ​နေ တိုး​တက်​ပြောင်းလဲ မလာပါဘူး​လို့​ အာရှဥပ​ဒေအရင်း​အနှီး​ ပင်မဌာနက ကုလသမဂ္ဂ လူ့​အခွင့်​အ​ရေး​ကောင်စီကို တင်ပြလိုက်ပါတယ်။ [caption id="attachment_14733" align="alignleft" width="300" caption="ဦးမင်းလွင်ဦး"][/caption] မြန်မာနိုင်ငံ တရား​ရုံး​တွေမှာ လက်ရှိ စစ်​ဆေး​နေတဲ့​ အ​ခြေအ​နေ​တွေ၊​ အာဏာပိုင်​တွေက လူထုအ​ပေါ် ကျူးလွန်တဲ့​ လူ့​အခွင့်​အ​ရေး​ ချိုးဖောက်မှု​တွေ၊​ လယ်ယာ​မြေသိမ်း​ဆည်း​ခံရမှု​တွေ၊​ စာနယ်ဇင်း​မှာ ကန့်​သတ်မှု​တွေ၊​ ဘာသာ​ရေး​နဲ့​ပတ်သက်လို့​ ဆက်လက် ဖိနှိပ်ချုပ်ချယ်မှု​တွေ၊​ က​လေး​စစ်သား​အသုံး​ပြုမှု​တွေ ဆက်လက် ဖြစ်ပွား​နေတယ်လို့​ တင်ပြထား​ပါတယ်။ ဒီတင်ပြချက်နဲ့​ ပတ်သက်လို့​ အာရှဥပ​ဒေအရင်း​အနှီး​ပင်မဌာန ​ပြောခွင့်​ရသူ ဦး​မင်း​လွင်ဦး​က ... “ဥပ​ဒေအရ တား​မြစ်ထား​တဲ့​ ကိစ္စရပ်​တွေက ယခုထက်တိုင် ဆက်လက်ပြီး​တော့​ ကျူး​လွန်​နေဆဲပဲ ဖြစ်တယ်။ ​တောင်သူလယ်သမား​တွေရဲ့​ အခွင့်​အ​ရေး​ နစ်နာမှု​တွေ ဆက်လက်ရှိ​နေဆဲပဲဖြစ်တယ်။ ဒါ​တွေကို ကျူး​လွန်တာက စစ်တပ်အာဏာပိုင်​တွေနဲ့​ အာဏာပိုင်​တွေနဲ့​ နီး​စပ်တဲ့​ အသိုင်း​အဝိုင်း​တွေက​နေပြီး​တော့​ ကျူး​လွန်​နေတာ​တွေ ဖြစ်တယ်။ ဥပ​ဒေ ပြဋ္ဌာန်း​ချက်​တွေ ဘယ်လိုပဲ ရှိပါ​စေ၊​ ဥပ​ဒေ ပြဋ္ဌာန်း​ချက်​တွေကို လိုက်နာခြင်း​ မရှိဘဲ ​ဆောင်ရွက်​နေတာ​တွေ ဆက်လက်ရှိ​နေဆဲ ဖြစ်တဲအတွက် ကျ​နော်တို့​က တိုး​တက်မှု မရှိဘူး​လို့​ ​ပြောတာဖြစ်တယ်။” ဒီအစီရင်ခံစာကို စက်တင်ဘာမှာလုပ်မယ့်​ လူ့​အခွင့်​အ​ရေး​ ​ကောင်စီအစည်း​အ​ဝေး​မှာ ထည့်​သွင်း​စဉ်း​စား​နိုင်​အောင် လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်တဲ့​ ဖြစ်စဉ်​တွေကို ​နေရာနဲ့​တကွ ထည့်​သွင်း​ထား​တာဖြစ်တယ်လို့​ အဲဒီအဖွဲ့​ ​ပြောခွင့်​ရသူက ဆိုပါတယ်။ လွန်ခဲ့တဲ့​ရက်ပိုင်း​တုန်း​က ​နေပြည်​တော်မှာကျင်း​ပတဲ့​ အမျိုး​သား​လွှတ်​တော်နဲ ပြည်သူ့​လွှတ်​တော်အစည်း​အ​ဝေး​တွေမှာ နိုင်ငံသား​တွေရဲ့​ မူလအခွင့်​အ​ရေး​၊​ ဒီမိုက​ရေစီအ​ရေး​နဲ့​ လူ့​အခွင့်​အ​ရေး​ဆိုင်ရာ​ကော်မတီ​တွေကို ဖွဲ့​စည်း​ခဲ့​ပါတယ်။ အဲဒီလို ဖွဲ့​စည်း​နေတာနဲ့​ပတ်သက်လို့​ ဦး​မင်း​လွင်ဦး​က “လုပ်ငန်း​ကော်မတီ​တွေ ဖွဲ့​ပြီး​တော့​ လုပ်တာ မှန်ပါတယ်။ အဲဒီ လုပ်ငန်း​ကော်မတီမှာ ဥက္ကဋ္ဌဖြစ်တဲ့​လူက ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ပါတီအတွင်း​ရေး​မှူး​ ဖြစ်ခဲ့​တဲ့​ ဦး​ဌေး​ဦး​ဖြစ်တယ်။ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေကို ကျူး​လွန်တာကလည်း​ စစ်တပ်နဲ့​ ကြံ့ဖွံ့​ပါတီနဲ့​ နီး​စပ်တဲ့​ လူ​တွေဖြစ်တယ်။ တချို့​ဆို ကြံ့​ဖွံ့​ပါတီဝင်​တွေ ဖြစ်တယ်။ ဒါ​ကြောင့်​ ဒီအမှု​တွေကို ထိထိ​ရောက်​ရောက်ကိုင်တွယ် ​ဆောင်ရွက်နိုင်မလား​ ဆိုတာ​တွေကို ကျ​နော်တို့​ သံသယ အများ​ကြီး​ ရှိတယ်။ ​စောင့်​ကြည့်​ဖို့​လိုတယ်။ ဒါ​ကြောင့်​ တိုး​တက်မှု ရှိတယ်လို့​ လက်ငင်း​အ​နေနဲ့​ သုံး​သပ်လို့​ မရ​သေး​ဘူး​ ဆိုတာကို ကျ​နော်တို့​ တင်ပြတာဖြစ်တယ်” လို့​ ​ပြောပါတယ်။ (အာရှဥပ​ဒေအရင်း​အနှီး​ ပင်မဌာနဟာ ​ဟောင်​ကောင်အ​ခြေစိုက် အာရှလူ့​အခွင့်​အ​ရေး​ကော်မရှင်နဲ့​ ညီအစ်မ အဖွဲ့​အစည်း​တခုဖြစ်ပါတယ်။)

A d v e r t i s e m e n t With Us

More News
Up