Home
မြန်မာသတင်း
ဇလွန်မြို့နယ်အတွင်း ကျေးရွာအုပ်စုနှစ်ခု ကမ်းပါးပြိုမှုနဲ့ရင်ဆိုင်နေရ
DVB
·
April 28, 2016
ဧရာဝတီတိုင်း ဇလွန်မြို့နယ်သာဓုကျောင်းကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ရေတိုက်စား မှုကြောင့် ရေတားတာတွေ ပြိုကျနေတဲ့အတွက် အချိန်မှီပြုပြင်ဖို့လိုအပ်နေပြီး အချိန်မှီမပြုပြင် နိုင်ပါက မိုးတွင်းမှာ ရွာသားတွေရေထဲမှာ နေထိုင်နေရမယ့်အနေအထားရှိတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ ဧပြီလဆန်းပိုင်းလောက်ကစပြီး မြစ်ရေတိုက်စားမှုကြောင့် ဖိုးထားတဲ့တာတွေ ပြိုကျနေတဲ့ အတွက်ဒနှစ်မိုးတွင်းမှာ ရေထဲနေရမယ့်အနေအထားဖြစ်တယ်လို့ သာဓုကျောင်းကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးတင်ဌေးက ပြောပါတယ်။ “တာက ဒီရေမ၀င်အောင် ကျနော်တို့အတွင်းထဲက လူတွေကောင်းကောင်းမွန်မွန်နေထိုင်နိုင်ရေး အတွက် ဘက်ဖိုးတွေနဲ့လာပြီး တာဖိုးလိုက်တာပေါ့။ အဲဒီတာဖိုးတာရေတိုက်စားတော့ ပြိုကျသွား တယ်။ ဒီနှစ်မိုးတွင်းဆိုရင်တော့ ပြည်သူလူထု အိမ်ခြေ ၂ ရာကျော် မိုးတွင်းမြစ်ပြင်လိုဖြစ်ပြီး ရေထဲမှာနေရမှာပေါ့။ အခုလောလောဆယ်ကတော့ နွေပိုင်းကာလဆိုတော့ ရေမရောက်သေး ဘူးပေါ့ဗျာ။ မိုးတွင်းဆိုရင်တော့ ဒီနေရာတွေဆိုရင် လူမမှီတော့ဘူးပေါ့။ ” ဒါ့အပြင် ဒေသခံတွေအနေနဲ့ အရင်နှစ်တွေတုန်းက စိုက်ပျိုဖို့ပြင်ဆင်မှုတွေရှိခဲ့ပေမယ့် လက်ရှိ တာကျိုးပေါက်တဲ့အတွက် စပါးစိုက်မယ့်တောင်သူတွေ မစိုက်ရဲတော့ဘူးလို့လည်း ပြောပါတယ်။ “မြစ်ရေ၀င်ရင်တော့ လက်ခုတ်တဖောင်လောက်တော့ ၀င်တဲ့အခါကျတော့ စပါးဘယ်စိုက်လို့ ရတော့မလဲ။ စပါးတွေမြုပ်ကုန်မယ်။ လူတွေလည်း လှေလေးတွေ ၀ယ်ရမှာပေါ့။ တာရဲ့ အပြင်ဖက်မှာကျတော့လည်း အင်းကြီးတွေလိုဖြစ်နေတယ်ဗျာ။ ဆိုတော့ တော်တော်ခက်ခဲ မှာဗျာ။” လက်ရှမ်း ကမ်းပြိုကျတဲ့နေရာတွေကတော့ အုန်းလွဲချောင်း၊ ညောင်ဝအိုင်၊ မအူချောင်း၊ ပြူးစင်ကုန်ကြီး၊ ပြူးစင်ကုန်လေး ရွာတွေဖြစ်ပြီး အခြေ ၅၀ လောက် ရွေ့ပြောင်းရတာတွေရှိ တယ်လို့လည်း ပြောပါတယ်။ “ကျနော်တို့ဒီသီနေတဲ့ ကမ်းပြိုကျတဲ့အားတွေကတော့ ကမ်းခြေအနေနဲ့ပြောရမယ်ဆိုရင်တော့ အလုံးလေးငါးဆယ်ပေါ့ဗျာ။ တာဝိုင်းထဲမိတာကတော့ အလုံး ၂၀၀ ကျော်ရှိတယ်။ အိမ်တွေရွှေ့ လိုက်ရတယ်။ နေစရာမရှိလို့လည်း တာသိမ်းမြေထဲမှာ နေဖို့သွားတောင်းထားတယ်။ လောလောဆယ်တော့ သူများလယ်ကွင်းထဲမှာ ခေတ္တခန တဲတွေတွေထိုးပြီး နေနေကြပါတယ်။ အဒါက အိမ်ထောင်စုလေးငါးဆယ် လူဦးရေ ၁၉၀ လောက်ရှိတယ်။” လတ်တလော ဇလွန်မြို့နယ်အတွင်း တောင်ဘို့တရာ ကျေးရွာအုပ်စုနဲ့ သာဓုချောင်းကျေးရွာအုပ်စု ၂ခုက ကျေးရွာတွေ ရင်ဆိုင်နေရတယ်လို့ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးခိုင်ဝင်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024