DVB Logo
Home
မြန်မာသတင်း
ကင်တာနားကို လူ့အခွင့်အရေးချိုးဖောက်မှုများ တင်ပြကြ
DVB
·
August 25, 2011
ကင်တာနားကို လူ့အခွင့်အရေးချိုးဖောက်မှုများ တင်ပြကြ
Donate to DVB

လူ့အခွင့်ရေး လှုပ်ရှားသူတွေက ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားကို ဒီနေ့မနက် တွေ့ဆုံပြီး လူ့အခွင့်အရေး​ ချိုးဖောက်မှုတွေ တင်ပြလိုက်ကြပါတယ်။

[caption id="attachment_14729" align="alignleft" width="300" caption="ကင်တာနား (ဓာတ်ပုံ-ရိုက်တာ)"][/caption]

ကင်တားနားရဲ့ မြန်မာနိုင်ငံခရီးစဉ် နောက်ဆုံးရက်မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်အို) ရန်ကုန်ရုံးခွဲမှာ အိုင်အယ်အို တာဝန်ရှိသူတွေ အပါအ၀င် လူ့အခွင့်အရေးနဲ့ ကလေးစစ်သား အရေးကိစ္စတွေကို ကူညီပေးသူတွေဖြစ်တဲ့  ဦးမောင်မောင်လေး၊ ဦးသက် ဝေနဲ့ လယ်သမားတချို့ကို တွေ့ဆုံတာပါ။

ကင်တားနားကို အကျဉ်းသားကိစ္စအပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တင်ပြလိုက်တယ်လို့ လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများကွန်ရက် (HRDP) ပြောခွင့်ရသူ ဦးမောင်မောင်လေးက ပြောပါတယ်။

“အကျဉ်းထောင်ထဲမှာ ရှိတဲ့ လူတွေဟာ မိမိရဲ့ လွတ်လပ်စွာ ဖော်ထုတ်ပိုင်ခွင့်၊ ဝေဖန်ပိုင်ခွင့်အရ ပြောဆိုဝေဖန်စုစည်းခဲ့လို့ ထောင်ထဲမှာ ရှိတဲ့ လူ ၂,၀၀၀ ကျော်ကတော့ တယောက်မှ ထွက်မလာသေးတဲ့ ကိစ္စကတော့ မျက်ဝါးထင်ထင် မြင်နေရပါတယ်ဆိုတဲ့ အပိုင်း ပြောပါတယ်။

“လက်ရှိ တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းစစ်ပမာ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ အပါအဝင် ဒုက္ခသည် ဘဝကို ကျရောက်နေတယ်ဆိုတဲ့ ကိစ္စလည်း ဒါ မျက်ဝါးထင်ထင် တွေ့နေရတယ်ဆိုတာ ပြောပါတယ်။

“လယ်ယာမြေတွေကို အဓမ္မ သိမ်းဆည်းမှုတွေက နိုင်ငံအနှံ့အပြားမှာ ဖြစ်ပျက်နေပါတယ်။ နောက် တချက်က ကလေးစစ်သားကိစ္စတွေ၊ မကြာသေးခင်ကပဲ ပြည်မှာ ဖမ်းသွားတဲ့ ကလေးကိစ္စ တချို့တွေ၊ ဒီကိစ္စတွေကတော့ မျက်ဝါးထင်ထင် မြင်တွေ့နေရတဲ့ ကိစ္စတွေဆိုတာ ကျနော် ပြောပြပါတယ်ခင်ဗျ။

“ဖွဲ့စည်းပုံအခြေခံဥပဒေကနေ စလို့ ပြည်တွင်းမှာ ပြဌာန်းထားတဲ့ ဥပဒေ အသီးသီး ဟာ အခြေခံလူ့အခွင့်အရေးတွေနဲ့ မညီညွတ်ပါဘူး။ ဒါကြောင့် အဲဒီ အခြေခံဥပတွေ၊ ပြည်တွင်းပြဌာန်းဥပဒေ အသီးသီးကိုလည်း အခြေခံ လူ့အခွင့်အရေးတွေနဲ့အညီ ပြင်ဆင်ပြောင်းလဲခြင်း၊ ပြန်လည်ရေးဆွဲခြင်း တစုံတရာ မလုပ်သေးဘူး ဆိုတာ ကျနော် ပြေပြဖြစ်ခဲ့ပါတယ်ခင်ဗျ။”

အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ကိစ္စကိုလည်း တင်ပြလိုက်တယ်လို့ ဆို ပါတယ်။

“အစိုးရ စက်ရုံများမှာသော်လည်းကောင်း၊ ပုဂ္ဂလိက ကုမ္ပဏီ စက်ရုံတွေမှာ သော်လည်းကောင်း လုပ်နေရတဲ့ အလုပ်သမားတွေက အင်မတန် ရှည်လျားတဲ့ အလုပ်ချိန်၊ ကျဉ်းမြောင်းတဲ့ လုပ်ခ၊ ပိတ်ရက်ခွင့်တောင်မှ မရှိဘဲ အလုပ်ဆင်းနေရတဲ့ အခြေအနေ၊ လုပ်ငန်းခွင်အတွင်းမှာ ထိခိုက်နစ်နာသွားတဲ့ ကိစ္စတွေအပေါ်မှာ ဘယ်အဖွဲ့ အစည်း ဘယ်ပုဂ္ဂိုလ်ကမှ ကူညီဖြည့်ဆည်း အဖြေရှာပေးနိုင်တဲ့ အခြေအနေ လုံးဝမရှိဘူး ဆိုတာလည်း ပြောပါတယ်။”

မနက် ၉ နာရီခွဲကနေ ၁ နာရီနီးပါးအတွင်း မစ္စတာကင်တာနားနဲ့ တွေ့ဆုံသူ ၁၈ ဦး လောက်ရှိပြီး တဦးက ရခိုင်ပြည်နယ်က ဘာသာရေးခွဲခြားမှု အကြောင်းကိုလည်း တင်ပြတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013