DVB Logo
Home
မြန်မာသတင်း
ရုပ်ထွက်မကောင်းသည့် ကားစုတ်များကို စာရင်းကောက်နေ
DVB
·
August 25, 2011
ရုပ်ထွက်မကောင်းသည့် ကားစုတ်များကို စာရင်းကောက်နေ
1 / 2
Donate to DVB

ဟောင်းနွမ်းလွန်းပြီး ရုပ်ထွက်မကောင်းတဲ့ ကားတွေကို ကုန်လမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)က ရန်ကုန်မှာ စာရင်းကောက်ယူနေတယ်လို့ အဲဒီဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ရန်ကုန်မှာရှိတဲ့ အရမ်းဟောင်းလွန်းတဲ့ ကားတွေကို လိုက်စာရင်းကောက်တယ်။ ကညနက ပြောတာ အဲဒါတွေ စာရင်းပြုစုနေတယ်။ သူတို့ ခေါ်တာက ရုပ်ထွက်မကောင်းတဲ့ ကားလို့ ပြောတယ်။ အခု ကောက်တာက နံပါတ်နဲ့ မဟုတ်ဘူးခင်ဗျ။ ကားက မော်ဒယ်ဟောင်းတယ်၊ နံပါတ် နိမ့်သော်လည်းပဲ အနေအထားကောင်းရင် သူတို့ အခေါ်တော့ ရုပ်ထွက်ကောင်းတယ်လို့ ခေါ်တယ်။ တချို့ကတော့ ကြည့်လိုက်ရင် ၁/က တို့ စုတ်ပြတ် နေပြီ ကြည့်လို့ မကောင်းဘူးပေါ့။ ခွဲခြားပြီး စာရင်းကောက်တယ် အဲဒီလို ကြားတယ်။”

အဲ့ဒီလို စာရင်းကောက်ယူပြီး ရုပ်ထွက်မကောင်းတဲ့ ကားတွေကို နယ်နှင်မယ် ဆိုတဲ့သတင်းလည်း ထွက်နေတယ်လို့ ပြောပါတယ်။

ကားဝယ်ရောင်း တဦးကတော့ ပြည်တွင်းမှာ ရှိနေသေးတဲ့ လိုင်စင်မဲ့ကားတွေ လိုင်စင် ထုတ်ပေးမယ်ဆိုတာနဲ့ ကားတင်သွင်းခွင့်ပြုမယ်ဆိုတဲ့ သတင်းတွေ    ထွက်ပေါ်နေတာမို့ မြို့တွင်းက ကားဟောင်းတွေ အရင်ရှင်းထုတ်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒီလ ၁၆ ရက်မှာ သမ္မတနဲ့ လုပ်ငန်းရှင်တွေ တွေ့တုန်းက လုပ်ငန်းရှင်တချို့က ကားတင်သွင်းခွင့်ပြုဖို့ တင်ပြခဲ့တဲ့အကြောင်း၊ သမ္မတက ပို့ကုန်သွင်းကုန် ရငွေသုံးငွေ မျှခြေကိုကြည့်ပြီး စဉ်စားပေးမယ်လို့ ပြောကြားခဲ့တဲ့အကြောင်း ဒီနေ့ထုတ် Biweekly ဂျာနယ်က ရေးသားဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ အသုံးပြုပြေးဆွဲနေတဲ့ ကိုယ်ပိုင်နဲ့အငှားကား အများစုဟာ ၁၉၉၀ ပြည့်နှစ်ထုတ် ကားတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013