DVB Logo
Home
မြန်မာသတင်း
တပ်မတော်အထူးတပ်ဖွဲ့များ လေ့ကျင့်ရေးသရုပ်ပြ
DVB
·
April 28, 2016
တပ်မတော်အထူးတပ်ဖွဲ့များ လေ့ကျင့်ရေးသရုပ်ပြ
1 / 4
Donate to DVB

တပ်မတော်အထူးတပ်ဖွဲ့ဝင်များလေ့ကျင့်ရေးအစီအစဉ်တခု ပြုလုပ်ခဲ့ပြီး ဒီထဲ အကြမ်းဖက်ခံ ထားရတဲ့ လေယာဉ်နဲ့ ခရီးသည်တို့ကို ကယ်တင်တဲ့ လေ့ကျင့်ခန်းလည်း ပါဝင်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။

ဧပြီလ ၂၇ ရက်က နေပြည်တော်ရှိ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ အထူးတပ်ဖွဲ့လေ့ကျင့်ရေးကွင်းမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထူးတပ်ဖွဲ့ဝင်များရဲ့ စွမ်းရည်သရုပ်ပြလေ့ကျင့်မှုများကို သွားရောက်ကြည့်ရှုတုန်း အဲ့ဒီ လေ့ကျင့်ခန်းကို သရုပ်ပြခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တပ်မတော်အထူးတပ်ဖွဲ့ဝင်များဟာ ကိုယ်ခံပညာ စွမ်းရည်ပြသခြင်း၊ တစ်ဦးချင်းနည်းစနစ် လေ့ကျင့်ခြင်းနှင့် အဖွဲ့လိုက် ယုံကြည်မှုလေ့ကျင့်ခြင်းတို့ကို လက်တွေ့ ပစ်ခတ်ဖောက်ခွဲမှုများနှင့် အတူ လေ့ကျင့်ခြင်း၊ လေထီးဆင်းလေ့ကျင့်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုလေ့ကျင့်ခြင်း၊ မြို့ပြ အဆောက်အဦအတွင်း ဓားစာခံကယ်တင်မှုလေ့ကျင့်ခြင်း၊ အကြမ်းဖက်ခံရသည့် ခရီးသည်တင် ယာဉ်နှင့် လေယာဉ်အတွင်းမှ ဓားစာခံများ ကယ်တင်မှုလေ့ကျင့်ခြင်းများအား သရုပ်ပြ လေ့ကျင့်ခဲ့ကြ ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထူးတပ်ဖွဲ့ဝင်များရဲ့ စွမ်းဆောင်ရည်ဟာ တပ်မတော်ရဲ့ ခြေလှမ်းသစ်တရပ်ဖြစ်တယ်လို့ လေ့ကျင့်ရေးအစီအစဉ်အပြီး မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြော ခဲ့ပါတယ်။

(ဓာတ်ပုံ - Senior General Min Aung Hlaing FB)

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013