DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီကွန်ရက် ချဲ့ထွင်ရေး ဗေဒါအင်စတီကျု စတင်ကြိုးပမ်း
DVB
·
August 25, 2011
ဒီမိုကရေစီကွန်ရက် ချဲ့ထွင်ရေး ဗေဒါအင်စတီကျု စတင်ကြိုးပမ်း
Donate to DVB

ဒီမိုကရေစီကွန်ရက်တွေ အဆောတလျင် ထူထောင်ဖို့ ရည်ရွယ်တဲ့ အထူးရက်တို သင်တန်းကို ဗေဒါအင်စတီကျုက ပထမဆုံးအဖြစ် ကချင်ပြည်နယ်က သင်တန်းသားတွေကို ပို့ချခဲ့ပါတယ်။

[caption id="attachment_14712" align="alignleft" width="300" caption="​ဗေဒါအင်စတီကျု သင်တန်းဆင်းပွဲ"][/caption]

“လူထုအကျိုးပြုအဖွဲ့အစည်း၊ ကွန်ရက် ချိတ်ဆက်ခြင်းနဲ့ ဒီမိုကရေစီ” ဆိုင်ရာ အထူးရက်တိုသင်တန်းဖြစ်ပြီး ဒီကနေ့ သင်တန်းဆင်းတာပါ။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ထဲက ဗေဒါအင်စတီကျုမှာ ပထမဆုံးအဖြစ် ပို့ချတဲ့ ဒီအထူးသင်တန်းဟာ ဒီမိုကရေစီကွန်ရက်တွေ ထူထောင်ရေးကို ချက်ချင်း အကောင်အထည်ဖော်ဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။

အထူးသင်တန်းမှာ ကချင်ပြည်နယ်က သင်တန်းသား (၂၆) ဦးကို ခေါ်ယူပြီး ငါးရက်တာ ပို့ချခဲ့တယ်လို့ ဗေဒါအင်စတီကျုတာဝန်ရှိသူ ကိုမျိုးရန်နောင်သိန်းက ပြောပါတယ်။

“လူမှုအကျိုးပြု အဖွဲ့အစည်း ကွန်ရက်ချိတ်ခြင်းနဲ့ ဒီမိုကရစီဆိုတဲ့ course ပေါ့။ အထူးသင်တန်းပေါ့ဗျာ။ ဒါကတော့ ဒီမိုကရေစီ ကွန်ရက်ကြီးအတွက်ကို တိုင်းနဲ့ပြည်နယ် အသီးသီးကနေပြီးတော့ လူကြီး၊ လူလတ်၊ လူငယ်တွေကို အဖွဲ့အစည်းတွေ ဖွဲ့ပြီး ကွန်ရက်ချိတ်ဆက်ပြီး လုပ်ဖို့အတွက်ကို ခေါ်ပြီးတော့ သင်တန်းပေးတာပါ။ ကချင်ပြည်နယ်က စတာပေါ့။ ဒီသင်တန်းက ဒီမိုကရေစီ ကွန်ရက်အတွက်ကို ချက်ချင်း အကောင်အထည်ဖော်မယ့် လူတွေခင်ဗျ။”

ကချင်ပြည်နယ်က လာတက်တဲ့ သင်တန်းသားတွေဟာ အဖွဲ့အစည်း အတွေ့အကြုံ ရှိပြီးသား လူကြီး၊ လူလတ်၊ လူငယ်တွေဖြစ်တဲ့အကြောင်းနဲ့ အလားတူ ဒီသင်ရိုးကိုပဲ တိုင်းနဲ့ပြည်နယ်အစုံက သင်တန်းသားတွေ ဖိတ်ခေါ် ပို့ချသွားမှာ ဖြစ်ပါတယ်။

အခုလက်ရှိမှာ ကချင်ပြည်နယ်တွင်းမှာ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ စစ်ဖြစ်နေပြီး ဒုက္ခသည် ကူညီပေးရေးပြဿနာနဲ့ ဧရာဝတီ မြစ်ဆုံရေကာတာတွေ ဆောက်လုပ်မှုဟာ ရေရှည်မှာ အကျိုးထက် အန္တရာယ် ရှိနေတယ်ဆိုတာကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော် ပြောဆိုနေချိန် ဖြစ်ပါတယ်။

သင်တန်းဆင်းသူတွေ ဌာနေပြန်ရောက်ရင် လုပ်ဆောင်မယ့် အချက်တွေနဲ့ပတ်သက်လို့ ကိုမျိုးရန်နောင်သိမ်းက ခုလို ပြောပါတယ်။

“ကျနော်တို့တွေက ဧရာဝတီမြစ်ဆုံရေကာတာတွေ အပေါ်မှာ တော်တော်လေးကို ဆွေးနွေးခဲ့တယ်။ အခုတော့ သူတို့ သက်ဆိုင်ရာဒေသတွေကို ပြန်မယ်။ ဒေသခံတွေနဲ့ ဆွေးနွေးပြီးတော့  ဆောင်ရွက်သွားမယ်လို့ပြောတယ်။ တိတိကျကျ ဒီလိုလုပ်ပါ ညွှန်ကြားထားခြင်းတော့ မရှိဘူး။ ကျနော်တို့ ပေးလိုက်တာက အသိပညာ၊ ကျွမ်းကျင်မှုပေါ့။ အဲဒါကို ပြန်လည် အသုံးချမှာပါ။ ဘယ်လိုပုံစံမျိုး အသုံးချမလဲ၊ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကတော့ တဦးချင်းစီရဲ့ လုပ်ဆောင်ချက်အပေါ် မူတည်ပါတယ်။”

ဗေဒါအင်စတီကျုဟာ ဒီမိုကရေစီကွန်ရက်နဲ့ ချိတ်ဆက်ထားတဲ့ သင်တန်းကျောင်းတခု ဖြစ်ပြီး ဒီမိုကရေစီကွန်ရက်အတွက် လိုအပ်တဲ့ စွမ်းရည်မြှင့်တင်မှု သင်တန်းတွေကို ဗေဒါအင်စတီကျုက လုပ်ပေးနေတာပါ။

ဒီမိုကရေစီကွန်ရက်ရဲ့ ခေါင်းဆောင်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။

ပုံမှန်ဖွင့်လှစ်သင်ကြားနေတဲ့ တလခွဲကြာ နိုင်ငံရေးသိပ္ပံသင်တန်းကိုတော့ လာမယ့် စက်တင်ဘာလဆန်းပိုင်းမှာ သင်တန်းအသစ်တခု ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013