DVB Logo
Home
မြန်မာသတင်း
လွတ်လပ်သည့် လူ့အခွင့်အရေးကော်မတီ မကြာမီဖွဲ့စည်းမည်
DVB
·
August 25, 2011
လွတ်လပ်သည့် လူ့အခွင့်အရေးကော်မတီ မကြာမီဖွဲ့စည်းမည်
Donate to DVB

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ကြားဝင် ဆောင်ရွက်ပေးနိုင်မယ့် လွတ်လပ်မှုရှိတဲ့ လူ့အခွင့်အရေး ကော်မတီကို နိုင်ငံတော်အဆင့်အဖြစ် အစိုးရသစ်က မကြာမီ ဖွဲ့စည်းတော့မယ်လို့ သိရပါတယ်။

[caption id="attachment_14699" align="alignleft" width="300" caption="​ဒေါက်တာနေဇင်လတ်၊ ဦးဥာဏ်ဝင်း​"][/caption]

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးသူ မစ္စတာ ကင်တားနားနဲ့ အစိုးရ အဖွဲ့ဝင်တွေ တွေ့ဆုံအပြီး ဒီလိုဖွဲ့စည်းတော့မယ့် အကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်က ပြောပါတယ်။

ဒီကော်မတီအတွက် ဖွဲ့စည်းပုံတွေ ရေးဆွဲနေပြီး မကြာခင် ပေါ်ပေါက်လာမယ်လို့လည်း ပြောပါတယ်။

“သမ္မတကြီးက နဂိုကတည်းက ဒါတွေကို ခိုင်းထားပြီးပါပြီ။ ကျနော်တို့ ရေးနေကြပါ တယ်ခင်ဗျ။ အရင်တုန်းက မရှိဘူးလားဆိုတော့ ရှိခဲ့ပါတယ်။ သေသေချာချာ properly မဟုတ်ဘူးပေါ့ဗျာ။ အခုတခေါက်ကတော့ သေချာ properly organize လုပ်ပြီးတော့ တော်တော်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားမယ့် အဖွဲ့တခု ထွက်လာပါလိမ့်မယ်။”

နအဖ စစ်အစိုးရလက်ထက်တုန်းကလည်း လူ့အခွင့်အရေး ကော်မတီတခု ဖွဲ့စည်းခဲ့ဖူးပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းကတော့ အခုဖွဲ့စည်းတော့မယ့် လူ့အခွင့်အရေးကော်မတီအပေါ် သံသယရှိတယ်လို့ ပြောပါတယ်။

“လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်ဖို့ဆိုရင် အစိုးရမပါမှ ဖြစ်မှာ။ အစိုးရ မပါမှ လွတ်လွတ်လပ်လပ် ထုတ်ပြန်နိုင်မယ်။ အစိုးရပါရင် အကန့်အသတ် ရှိနိုင်တယ်။ အရင်တုန်းကဟာနဲ့ အခုထပ်ဖွဲ့မယ်လို့ ပြောနေတဲ့ဟာနဲ့က နည်းနည်းတော့ တိုးတက်တာပေါ့ဗျာ။ သို့သော် တကယ်လွတ်လပ်တဲ့ အဖွဲ့အစည်းတော့ ဖြစ်နိုင်ပါ့မလား လို့တော့ ကျနော် သံသယရှိတယ်။”

ဒေါက်တာနေဇင်လတ်ကတော့ “လူ့သဘာဝအရ နည်းနည်းလေး ဝိဝါဒ ကွဲပြားတာက လွဲရင်တော့ ၉၀ ကျော် ရာနှုန်းလောက်ကတော့ ကြိုက်ကြမှာပါ”လို့ ပြောပါတယ်။

“ပါလာမယ့် အဖွဲ့ဝင်တွေ၊ နောက်တခါ သီးသီးခြားခြား လွတ်လွတ်လပ်လပ် ရပ်တည်ပြီးတော့ အစိုးရကနေပြီးတော့  influence (လွှမ်းမိုးမှု) ဝင်မလုပ်ဘဲနဲ့ သီးသီးခြား ခြား ရပ်တည်ပြီးတော့မှ လုပ်နိုင်ကိုင်နိုင်တဲ့ အဖွဲ့အစည်းတခုကို တွေ့ရပါလိမ့်မယ်။”

ဒီကော်မတီမှာ ဘယ်ပုဂ္ဂိုလ်တွေ ပါဝင်မယ်ဆိုတာတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ဦးဥာဏ်ဝင်းကတော့ လွတ်လပ်တဲ့ လူ့အခွင့်အရေးကော်မတီတရပ်ရဲ့ ဖြစ်သင့်တဲ့ အင်္ဂါရပ်တွေကို အကြံပြု ပြောကြားပါတယ်။

“လွတ်လပ်တဲ့ ပုဂ္ဂိုလ်တွေ အနည်းငယ်နဲ့တော့ ကျနော်တို့ လူ့အခွင့်အရေးတွေကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။ ပြင်ပပုဂ္ဂိုလ်တွေ အများစု၊ ဌာနဆိုင်ရာနဲ့ ပူးတွဲပြီးတော့ လုပ်မယ်ဆိုရင် နည်းနည်း အဓိပ္ပာယ်ရှိမယ်လေ။ အပြင်က နည်းနည်းလေးနဲ့တော့ အခုနလို ဌာနဆိုင်ရာတွေ ပါတဲ့အတွက် လုပ်ကိုင်ရ ကောင်းတယ် ဆိုပေမယ်လို့ ဌာနဆိုင်ရာ ပါတဲ့အတွက်ပဲ ချို့ယွင်းချက်တွေကို ဖုံးကွယ်ထားတာတွေလည်း ဖြစ်နိုင်တာပေါ့ဗျာ။ ဒါ အပြန်အလှန် နှစ်ဘက် စဉ်းစားရမှာ။ ကျနော်ကတော့ လုံးဝလွတ်လပ်တဲ့ ဂုဏ်သရေရှိ လူကြီးများနဲ့ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းမျိုးကိုပဲ လိုလားပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013