DVB Logo
Home
မြန်မာသတင်း
နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇ ဦးကို ဒီကေဘီအေ ဖမ်းမိ
DVB
·
August 25, 2011
နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇ ဦးကို ဒီကေဘီအေ ဖမ်းမိ
Donate to DVB

မြိုင်ကြီးငူကို လုံခြုံရေးယူထားတဲ့ နယ်ခြားစောင့်တပ်အမှတ် ၁၀၁၇ က တပ်ဖွဲ့ဝင် ၇ ဦးကို လက်နက် ၈ လက်နဲ့တူ ဖမ်းဆီးရမိခဲ့တယ်လို့ ဒီကေဘီအေက ပြောပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူနဲ့  နှစ်မိုင်လောက် ဝေးတဲ့ ကံညီနောင်ရွာမှာ မနေ့မနက်ပိုင်းက နယ်ခြားစောင့်တပ်အမှတ် ၁၀၁၇ တပ်ဖွဲ့ဝင်တွေနဲ့ ဗိုလ်မှူးစောဘိ ဦးဆောင်တဲ့ ဒီကေဘီအေအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ နှစ်ဖက် ထိခိုက် ဒဏ်ရာရမှု မရှိပေမယ့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇ ဦးကို လက်နက် ၈ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ဒီကေဘီအေ ကလိုထူးဘော တပ်ရင်းရဲ့ စစ်ထောက်လှန်းရေး ဗိုလ်ကြီးစောသရီးတူးက ပြောပါတယ်။

အခုထိန်းသိမ်းထားသူတွေကို အရပ်သားအဖြစ် နေလိုသည် ဖြစ်စေ၊ အစိုးရကို တော်လှန်ဖို့ ပူးပေါင်းချင်ရင် ဖြစ်စေ သူတို့ဆန္ဒအတိုင်း ဆောင်ရွက်ပေးမှာပါလို့ ပြောပါတယ်။

ကရင်အမျိုးသားချင်း ဘာကြောင့် အခုလို တိုက်ခိုက်နေရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဗိုလ်ကြီးစောသရီးထူးက “ကျနော်တို့ ဒီအချိန်မှာ ပြည်သူလူထုအရေးပဲ နှစ်သက်နေတယ်။ စစ်အာဏာရှင်ကို ဒီကေဘီအေအနေနဲ့ ငြိမ်းချမ်းရေး ယူတယ်။ သူတို့က ဒီကေဘီအေကို ဘီဂျီအက်ဖ် (နယ်ခြားစောင့်တပ်) ဖြစ်အောင် လုပ်တယ်။ နောက်ပြီး ကရင်အချင်းချင်း သွေးကွဲအောင် ဒါက အဖြေပေါ်နေပြီ။ ဒါက နအဖကို ပြန်ပြီး တော်လှန်ရမယ် ဆိုတာ အချိန်ရောက်နေပြီ။ ဘီဒီအက်ဖ်က နအဖရဲ့ တပ်အောက်မှာ နေတယ်ဆိုတော့ ကျနော်တို့ ရန်သူလို့ပဲ သတ်မှတ်တာပေါ့နော်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013