A d v e r t i s e m e n t With Us

က​လေး​စစ်သား​ ပြန်လွတ်​ရေး​ အိုင်အယ်လ်အိုကို တိုင်မည်

ဧရာဝတီတိုင်း​ ဘိုက​လေး​မြို့​နယ်က အသက် ၁၆ နှစ်သာရှိ​သေး​တဲ့​ ​မောင်​ကျော်နိုင်ဝင်း​ က​လေး​စစ်သား​အဖြစ်က ပြန်လွတ်​မြောက်​ရေး​အတွက် အိုင်အယ်လ်အိုကို တိုင်ကြား​မယ် လို့​ အိပ်ခ်ျအာဒီပီ (လူ့​အခွင့်​အ​ရေး​ကာကွယ် မြှင့်တင်သူများ​ ကွန်ရက်) က ​ပြောပါတယ်။ မောင်​ကျော်နိုင်ဝင်း​ဟာ ဘိုက​လေး​မြို့​ အမှတ် ၁၂၈ ယုဇနလမ်း​မှာ​နေထိုင်ပြီး​ ပြီး​ခဲ့​တဲ့​ ဇူလိုင်တုန်း​က အစ်ကိုဖြစ်သူနဲ့​ အချင်း​များ​ အိမ်ကထွက်သွား​ ရာက​နေ ​ပျေက်ဆုံး​သွား​ခဲ့​ပါတယ်။ မောင်​ကျော်နိုင်ဝင်း​ဟာ ရန်ကုန်တိုင်း​ လှည်း​ကူး​မြို့​နယ် ​ဖောင်ကြီး​အ​ခြေစိုက် မင်း​ကုန်း​ ​လေ့ကျင့်​ရေး​ တပ်ခွဲ ၃ မှာ ​ရောက်ရှိ​နေကြာင်း​ မိသား​စုကို ဒီလ ၉ ရက်မှာ ဆက်သွယ်ပြီး​ သူ့​ကို ပြန်လာ​ခေါ်ဖို့​ ​ပြောတယ်လို့​ သူ့​ဖခင် ဦး​လှသိန်း​က ​ပြောပါတယ်။ “သူ့​ကို လာ​ခေါ်လှည့်​ပါလို့​ ​ပြောတယ်။ ကျ​နော့်​ကို ဖုန်း​နံပါတ်၊​ ကိုယ်ပိုင်နံပါတ်​တွေလည်း​ ​ပေး​တယ်။ ကိုယ်ပိုင်နံပါတ်က ၄၅၄၈၆၀။” မိသား​စုကလည်း​ ဘယ်လို ပြန်​ခေါ်ရမယ်ဆိုတာကို မသိတာ​ကြောင့်​ အိပ်ခ်ျအာဒီပီ ကို အ​ကြောင်း​ကြား​ပြီး​ အကူအညီ​ တောင်း​ထား​တယ်လို့​ ဦး​လှသိန်း​က ​ပြောပါတယ်။ “ကျ​နော့်​မှာ ရှာ​ဖွေစား​သောက်ရင်း​နဲ့​ သူ့​ကို စုံစမ်း​လေ့​လာ​နေတာ။ ကျ​နော်က လည်း​ ရန်ကုန်မ​ရောက်ဖူး​တော့​ ဘယ်လိုမှ မ​ခေါ်နိုင်ဘူး​။” က​လေး​စစ်သား​ ​မောင်​ကျော်နိုင်ဝင်း​ ပြန်လွတ်​မြောက်ဖို့​ အပြည်ပြည်ဆိုင်ရာ အလုပ်သမား​အဖွဲ့​ချုပ် (အိုင်အယ်လ်အို) ရန်ကုန်ရုံး​ခွဲကို တိုင်ကြား​သွား​မယ်လို့​ အိပ်ခ်ျအာဒီပီ အဖွဲ့​ဝင်တဦး​က ​ပြောပါတယ်။ ဒီနှစ်ဆန်း​ပိုင်း​ကစပြီး​ ဒီလအထိ က​လေး​စစ်သား​အမှု ၃၉ မှု လာ​ရောက် တိုင်ကြား​ထား​တယ်လို့​ အိပ်ခ်ျအာဒီပီ ​ပြောခွင့်​ရသူ ဦး​မောင်​မောင်​လေး​က ​ပြောပါတယ်။ အဓမ္မ လုပ်အား​ပေး​ခိုင်း​စေမှုနဲ့​ က​လေး​တွေကို စစ်သား​အဖြစ် စု​ဆောင်း​မှု ပ​ပျောက်​ရေး​ ​ဆောင်ရွက်ဖို့​ မြန်မာအစိုး​ရက အိုင်အယ်လ်အိုနဲ့​ နား​လည်မှုစာချွန်လွှာ သက်တမ်း​ တိုး​ထား​ပေမယ့်​ အစိုး​ရသစ်လက်ထက်မှာလည်း​ က​လေး​စစ်သား​စု​ဆောင်း​ မှု​တွေ လုပ်​နေတာကို ဦး​မောင်​မောင်​လေး​က ​ဝေဖန်ပါတယ်။ “လက်ရှိအချိန်က သူတို့​ပြောတဲ့​ ဒီမိုက​ရေစီ အစိုး​ရသစ်တရပ်​ပေါ့​ဗျာ။ အဲဒီ အ​နေအထား​မျိုး​မှာ က​လေး​စစ်သား​ကိစ္စ​တွေ ရပ်သင့်​ပါပြီ။ အရွယ်မ​ရောက်​သေး​တဲ့​ က​လေး​သူငယ်​တွေကို တပ်ထဲသွင်း​တဲ့​ကိစ္စက​တော့​ အင်မတန် ဆိုး​ဝါး​တဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေပါ။ ဒီအ​ပေါ်မှာ အစိုး​ရ​ရော၊​ နိုင်ငံတကာ​ရော အား​လုံး​က ရပ်တန့်​သွား​အောင် ​ဆောင်ရွက်ဖို့​ အင်မတန် အ​ရေး​ကြီး​ပါတယ်။ ဒီမိုက​ရေစီအစိုး​ရတရပ်ဆို လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်​နေလို့​ မဖြစ်ပါဘူး​။ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ​ကြောင့်​ ​ကောင်း​မွန်တဲ့​ အစိုး​ရတရပ်၊​ အုပ်ချုပ်မှု တရပ်လည်း​ ဖြစ်လာဖို့​ လမ်း​မမြင်ပါဘူး​။”

A d v e r t i s e m e n t With Us

More News
Up