A d v e r t i s e m e n t With Us

ငြိမ်း​ချမ်း​ရေး​လိုလား​လျှင် တနိုင်ငံလုံး​ အပစ်ရပ်ရန်လိုဟု ဒီ​ကေဘီ​အေ​ပြော

ငြိမ်း​ချမ်း​ရေး​လုပ်လိုရင် တနိုင်ငံလုံး​ အပစ်အခတ်ရပ်စဲပြီး​ တပ်​တွေဆုတ်ခွာဖို့​နဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေလွှတ်ပြီး​ အန်အယ်လ်ဒီအပါဝင် တခြား​နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​ ဒီ​ကေဘီက သ​ဘောထား​ထုတ်ပြန်လိုက်ပါတယ်။ ခုလ ၁၈ ရက်မှာ ​နေပြည်​တော်က ကိုယ်စား​လှယ်အဖွဲ့​တဖွဲ့​ ကရင်ပြည်နယ် ဘား​အံမြို့​ ​တောင်က​လေး​ဆရာ​တော်က​နေဆင့်​ ဗိုလ်ချုပ်​စောလဲဘွဲ ဦး​ဆောင်တဲ့​ ဒီ​ကေဘီ​အေ ကလိုထူး​ဘောစစ်ဌာနချုပ်ကို ငြိမ်း​ရေး​ကိစ္စ ​ဆွေး​နွေး​လို​ကြောင်း​ ချဉ်း​ကပ်ခဲ့​ ပါတယ်။ ဒီချဉ်း​ကပ်မှုအ​ပေါ် တိုး​တက်​သော ဗုဒ္ဓဘာသာ ကရင်အမျိုး​သား​တပ်မ​တော် (ဒီ​ကေဘီ​အေ) ကလိုထူး​ဘော တပ်ရင်း​က ​တောင်း​ဆိုချက်​လေး​ချက်နဲ့​ သ​ဘောထား​ ထုတ်ပြန်ပြီး​ တုံ့​ပြန်လိုက်တာပါ။ “အစိုး​ရအ​နေနဲ့​ ငြိမ်း​ချမ်း​ရေး​လုပ်လိုရင် တနိုင်ငံလုံး​အတိုင်း​အတာနဲ့​ အပစ်ခတ်ရပ်စဲ​ရေး​ တရား​ဝင်​ကြေညာဖို့​၊​ တိုင်း​ရင်း​သား​ ​ဒေသ​တွေမှာ အ​ခြေပြုထား​တဲ့​ တပ်​တွေဆုတ်ခွာဖို့​၊​ ထိန်း​သိမ်း​ထား​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ခြွင်း​ချက်မရှိ လွှတ်ဖို့​နဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အပါအဝင် နိုင်ငံ​ရေး​ပါတီ​တွေနဲ့​ အစိုး​ရအဖွဲ့​တို့​ ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​” စတဲ့​တောင်း​ဆိုချက်​တွေဖြစ်ပါတယ်။ ဩဂုတ် ၂၂ ရက်စွဲပါ ဒီ​ကေဘီ​အေ သ​ဘောထား​ကြေညာချက်မှာ ဦး​သိန်း​စိန် အစိုး​ရအ​နေနဲ့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ လုပ်ငန်း​စဉ်ကို တနိုင်ငံလုံး​အတိုင်း​အတာ​ဆောင်တဲ့​ ​ဆွေး​နွေး​မှု​တွေကို ဂုဏ်သိက္ခာရှိရှိ လုပ်​ဆောင်သွား​ဖို့​ လိုတယ်လို့​လည်း​ ပါရှိပါတယ်။ ပြည်တွင်း​စစ်ကာလရှည်အတွင်း​ တိုင်း​ရင်း​သား​ပြည်သူ​တွေ နစ်နာဆုံး​ရှုံး​မှု​တွေကို ​နေ့​စဉ်​တွေ့​မြင်​နေတဲ့​အ​ပေါ် မိမိတို့​အ​နေနဲ့​ စစ်မှန်တဲ့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို အမှန်တ ကယ် လိုလား​ကြောင်း​လည်း​ ​ပြောထား​ပါတယ်။ ဒါ့​အပြင် မြန်မာအစိုး​ရက နယ်ခြား​စောင့်​အဖြစ် လက်ခံလိုက်တဲ့​ ဒီ​ကေဘီ​ကေ တပ်မှူး​ဟောင်း​တချို့​ကို ​စေလွှတ်ပြီး​ သူတို့​အဖွဲ့​အစည်း​အတွင်း​ ဖဲ့​ထုတ်စည်း​ရုံး​မှု​တွေ ရှိ​နေတယ်လို့​လည်း​ ​ထောက်ပြထား​ပြီး​ ဒါဟာ အစိုး​ရရဲ့​ ​ကောက်ကျစ်တဲ့​လုပ်ရပ်လို့​ ရှုမြင် ​ကြောင်း​၊​ ဒါ​ကြောင့်​ အစိုး​ရအ​နေနဲ့​ ဂုဏ်ုသိက္ခာရှိရှိ တနိုင်ငံလုံး​ ငြိမ်း​ချမ်း​ရေး​ ​ဖော် ​ဆောင်ဖို့​လို​ကြောင်း​လည်း​ ​ထောက်ပြထား​ပါတယ်။ ဒီ​ကေဘီ​အေ ကလို့​ထူး​ဘော တပ်ဖွဲ့​ဟာ နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ရေး​ကို လက်မခံဘဲ ၂၀၁၀ နိုဝင်ဘာကစပြီး​ အစိုး​ရကို ပြန်လည်တိုက်ခိုက်​နေတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up