DVB Logo
Home
မြန်မာသတင်း
ဗိုလ်ကြီး​ဟောင်း​ ​နေမျိုး​ဇင်ကို အမိန့်​ချမှတ်​တော့​မည်
DVB
·
August 24, 2011
ဗိုလ်ကြီး​ဟောင်း​ ​နေမျိုး​ဇင်ကို အမိန့်​ချမှတ်​တော့​မည်
Donate to DVB

အင်း​စိန်​ထောင်တွင်း​ အထူး​တရား​ရုံး​က ဗိုလ်ကြီး​ဟောင်း​ ​နေမျိုး​ဇင်အမှုကို လာမယ့်​ ဩဂုတ် ၂၆ ရက်​နေ့​မှာ အပြီး​သတ်အမိန့်​ချမှတ်​တော့​မှာဖြစ်ပါတယ်။

ပြီး​ခဲ့​တဲ့​ ၁၈ ရက်​နေ့​က အင်း​စိန်​ထောင်တွင်း​ အထူး​တရား​ရုံး​ထုတ်မှာ အပြီး​သတ်စစ်​ဆေး​မှု ပြီး​စီး​သွား​တဲ့​အတွက် တရား​သူကြီး​က အမှုကို လာမယ့်​ ​သောကြာ​နေ့​ ​နေ့​ခင်း​တနာရီမှာ အမိန့်​ချဖို့​ ဆုံး​ဖြတ်ခဲ့​တာလို့​ ကို​နေမျိုး​ဇင်ရဲ့​ ​ရှေ့​နေ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။

ကို​နေမျိုး​ဇင်ဟာ ​သွေး​အကူအညီ​ပေး​ရေး​အဖွဲ့​မှာ လိုက်ပါကူညီရင်း​ ဧပြီလဆန်း​မှာ ဖမ်း​ခံရပြီး​ ၂၀၀၄ ခုနှစ် အီလက်ထ​ရောနစ် ဆက်သွယ်​ဆောင်ရွက်​ရေး​ ဥပ​ဒေပုဒ်မ (၃၃ (က) )နဲ့​ စွဲဆိုစစ်​ဆေး​ခံခဲ့​ရတာ ဖြစ်ပါတယ်။

ဦး​လှမျိုး​မြင့်​က သူ့​အမှုသည်ကို အပြီး​အပြတ် ပြန်လည် လွတ်​မြောက် လာလိမ့်​မယ်လို့​ ယုံကြည်​ကြောင်း​ ​ပြောပါတယ်။

“ဒီအမှုဟာ အမှုတရား​စွဲဆိုကတည်း​က မှား​နေပါတယ်။ လူ့​အခွင့်​အ​ရေး​ကို ​ဖောက်ဖျက်ထား​တယ်ဆိုတာ အမှုစစ်ချက်​တွေယူတဲ့​အခါမှာ တရား​ဝင်​ပေါ်လွင်​နေတာ။ အဲဒါ​တွေကို ကျ​နော် ဥပ​ဒေနဲ့​အညီ ပြည့်​ပြည့်​စုံစုံ တင်ပြထား​ပါပြီ။ အမှုကိုလည်း​ အပြီး​အပြတ် လွှတ်​ပေး​ဖို့​ ကျ​နော် ​တောင်း​ခံထား​ပါတယ်။ ကျ​နော်တို့​ တရား​ခံဘက်​တော့​ လွတ်မယ်လို့​ ​မျှော်လင့်​ထား​တာ။ မိသား​စု​ရော အကုန်လုံး​က ဥပ​ဒေနဲ့​အညီဆိုရင် လွှတ်ရမှာ​ပေါ့​ဗျာ။ သူတို့​ စွဲထား​တာက မခိုင်လုံဘူး​။ သက်​သေပြရန်တာဝန် သူတို့​အ​ပေါ်မှာ ကျ​ရောက်တယ်။ သူတို့​က မပြနိုင်ဘူး​ဆို​တော့​ ဒီအမှုက လွှတ်ရမယ့်​ အ​ခြေအ​နေ ​ရောက်တဲ့​အ​ကြောင်း​ ကျ​နော်တို့​က ဥပ​ဒေနဲ့​အညီ အပြည့်​အစုံ တင်ပြထား​ပါတယ်။”

ကို​နေမျိုး​ဇင်ဟာ ​ထောင်တွင်း​အချုပ်မှာ ​ချော်လဲတဲ့​ဒဏ်ရာ​ကြောင့်​ ​ထောင်​ဆေး​ရုံတက်​နေပြီး​ မတ်တပ်ရပ်လို့​ ထိုင်လို့​ မရဘဲ လှဲ​နေရတယ်လို့​ ​ပြောပါတယ်။ ​ချော်လဲဒဏ်ရာ​ကြောင့်​ ကို​နေမျိုး​ဇင်ရဲ့​ ခါး​ရိုး​နံပါတ် ၅ပဲ့​သွား​တာကို အပြင်​ဆေး​ရုံ​တွေမှာ စစ်​ဆေး​တွေ့​ရှိပြီး​ ခွဲစိတ်ကုသရမယ်လို့​ ဦး​လှမျိုး​မြင့်​က ​ပြောဆိုပါတယ်။

ဇူလိုင်လတုန်း​က အာမခံ​ပေး​ဖို့​နဲ့​အပြင်ကို ​ဆေး​ထွက်ကုဖို့​ တရား​ရုံး​မှာ ​လျှောက်ထား​ချက်ပယ်ချခံရ​ပေမယ့်​ မကြာ​သေး​ခင်က​တော့​ အပြင်မှာ ​ဆေး​ထွက်ကုခွင့်​ အပြည့်​အဝရသလို မိသား​စုဝင်​တွေနဲ့​လည်း​ ​တွေ့​ဆုံခွင့်​ရတယ်လို့​ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013