DVB Logo
Home
မြန်မာသတင်း
အဖွဲ့​ချုပ်နှင့်​ မပတ်သက်ရန် အာဏာပိုင်က ခံဝန်လက်မှတ်ထိုး​ခိုင်း​နေ
DVB
·
August 24, 2011
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ပါတီနဲ့​ မပတ်သက်ဖို့​ ရန်ကုန်တိုင်း​ တွံ​တေး​မြို့​မှာ ​ဒေသခံ​တွေကို အာဏာပိုင်​တွေက လက်မှတ်ထိုး​ခိုင်း​နေတယ်လို့​ မြို့​ခံ အဖွဲ့​ချုပ်ဝင် ကို​ဇော်မင်း​ထွန်း​က ​ပြောပါတယ်။

“အာဏာပိုင်အဖွဲ့​အစည်း​တွေက အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်နဲ့​ ပတ်သက်တဲ့​လူ ​တွေကို မ​နေ့​က စပြီး​တော့​ မှတ်တမ်း​တွေယူပြီး​တော့​ နိုင်ငံ​ရေး​မလုပ်ပါဘူး​၊​ အမျိုး​သား​ဒီမို က​ရေစီအဖွဲ့​ချုပ်နဲ့​ မ​ပေါင်း​ပါဘူး​ပေါ့​နော် ခံဝန်ထိုး​ရမယ် ​ပြောဆိုပြီး​တော့​ မှတ်တမ်း​တွေ လိုက်ယူ​နေတယ်။”

ဒီလုပ်ရပ်ဟာ စစ်အစိုး​ရလက်ထက်ကလိုပဲ လူထုကို အဖွဲ့​ချုပ်ဝင်​တွေနဲ့​ မ​ပေါင်း​ရဲ​အောင် လုပ်တာပဲလို့​လည်း​ ဆိုပါတယ်။

ဒီလိုမတား​ဆီး​ဖို့​ တွံ​တေး​မြို့​နယ် အဖွဲ့​ချုပ်ဝင်​တွေက ရဲစခန်း​နဲ့​ အုပ်ချုပ်​ရေး​မှူး​ရုံး​ တာဝန်ရှိသူ​တွေကို သွား​ပြောထား​ပေမယ့်​ ဘာမှ မတုံ့​ပြန်​သေး​ဘူး​လို့​ ကို​ဇော်မင်း​ထွန်း​က ​ပြောပါတယ်။

သမ္မတ ဦး​သိန်း​စိန် ဦး​ဆောင်တဲ့​ အစိုး​ရသစ်နဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​ကြည်တို့​ ​တွေ့​ဆုံမှု​တွေ လုပ်​နေချိန်မှာ ခုလို လုပ်တာ ဟာ အ​တော်ဆိုး​တယ်လို့​လည်း​ ဆိုပါတယ်။

“ကျ​နော်တို့​ခေါင်း​ဆောင်ဖြစ်တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ နိုင်ငံ​တော်သမ္မတ ​တွေ့​ဆုံတာကို ကြိုဆိုတယ်၊​ ​လေး​စား​တယ်၊​ ဂုဏ်လည်း​ယူတယ်။ ဒီလို အထက်လူကြီး​ ​တွေနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​နေတဲ့​အချိန်မှာ ​အောက်​ခြေဝန်ထမ်း​တွေက လုပ်ချင်သလို လုပ်​နေတာက​တော့​ အကျည်း​တန်လွန်း​အား​ကြီး​တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013