Home
မြန်မာသတင်း
ကင်တား​နား​နှင့်​ ​တွေ့​ဆုံမှု အား​ရ​ကျေနပ်ဟု ​ဒေါ်​အောင်ဆန်း​စုကြည်​ပြောကြား
DVB
·
August 24, 2011
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့​အခွင့်​အ​ရေး​ အထူး​စုံစမ်း​စစ်​ဆေး​သူ မစ္စတာကင် တား​နား​နဲ့​ ဒီ​နေ့​ ​တွေ့​ဆုံရတာ အား​ရ​ကျေနပ်မှုရှိ​ကြောင်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်ပါတယ်။ [caption id="attachment_14669" align="alignright" width="300" caption="​ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ကင်တားနား ​တွေ့ဆုံစဉ်"][/caption] အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည် က သူ့​နေအိမ်မှာ ​တောမတ်စ် အို​ဟေး​ ကင်တား​နား​ (Tomas Ojea Quintana) နဲ့​ ဒီ​နေ့​မွန်း​လွဲ ​တွေ့​ဆုံအပြီး​ သတင်း​စာရှင်း​လင်း​ပွဲမှာ ခုလို​ပြောကြား​တာပါ။ ဒီလို​ပြောကြား​ချက်နဲ့​ ပတ်သက်ပြီး​ အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။ “မစ္စတာကင်တား​နား​ဟာ မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​အ​ခြေအ​နေ​တွေ ပိုပြီး​တော့​ ပြည်သူ​တွေ လူ့​အခွင့်​အ​ရေး​ ပိုမိုရရှိလာ​အောင် ထက်သန်တဲ့​ ​စေတနာနဲ့​ ​ဆောင်ရွက်​နေ တဲ့​လူဖြစ်တာ အမှန်ပါပဲတဲ့​။ ပြီး​တော့​ ဒီဘာသာရပ်မှာ သူက ကျွမ်း​ကျင်တဲ့​လူ ဖြစ်ပါတယ် တဲ့​။ အား​ကိုး​ထိုက်တဲ့​ပုဂ္ဂိုလ်လည်း​ ဖြစ်ပါတယ်တဲ့​။ မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​တိုး​တက် ရရှိ​ရေး​အတွက် အား​ကိုး​ရမယ့်​ ပညာရှင်တ​ယောက် ဖြစ်ပါတယ်တဲ့​။ ဒါ​ကြောင့်​မို့​လို့​ မစ္စတာကင်တား​နား​နဲ့​ အခုလို ​တွေ့​ဆုံရတာကို အလွန်နှစ်​ထောင်း​အား​ရ ဖြစ်ပါတယ်လို့​ သူက အဲဒီလို ​ပြောပါတယ်ခင်ဗျ။” မစ္စတာကင်တား​နား​နဲ့​အဖွဲ့​ဟာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ နာရီဝက် သီး​ခြား​ ​တွေ့​ဆုံခဲ့​သလို အဖွဲ့​ချုပ် ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​ဝင်​တွေနဲ့​လည်း​ ​တွေ့​ဆုံပြီး​ အပြန်အ လှန် ​ဆွေး​နွေး​သွား​တယ်လို့​လည်း​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။ မစ္စတာ ကင်တား​နား​ဟာ ခုခရီး​စဉ်အတွင်း​ လူ့​အခွင့်​အ​ရေး​ အ​ထွေ​ထွေအ​ခြေအ​နေ ​တွေကို ​လေ့​လာနိုင်ခဲ့​ကြောင်း​၊​ အာဏာပိုင်​တွေနဲ့​ ​တွေ့​ဆုံရာမှာလည်း​ လူ့​အခွင့်​အ​ရေး​ တိုး​တက်​ရေး​အတွက် တရား​ဥပ​ဒေ စိုး​မိုး​ရေး​၊​ လူ့​အခွင့်​အ​ရေး​မြှင့်​တင်​ရေး​အတွက် ဘယ်လို​ဆောင်ရွက်သင့်​တယ် ဆိုတဲ့​အ​ကြောင်း​ အကြံဥာဏ်​ကောင်း​တွေ ​ပေး​နိုင်ခဲ့​ ​ကြောင်း​၊​ အာဏာပိုင်​တွေဘက်က အမြင်သ​ဘောထား​တွေကိုလည်း​ ​လေ့​လာနိုင်ခဲ့​ ​ကြောင်း​ ရှင်း​ပြသွား​တယ်လို့​ ဆိုပါတယ်။ “ကျ​နော်တို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင် ဆန်း​စုကြည်နဲ့​ ဒုတိယဥက္ကဋ္ဌ ဦး​တင်ဦး​တို့​ကလည်း​ အဖွဲ့​ချုပ်ဘက်က မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​ တိုး​တက်ဖို့​အတွက် ကြိုး​ပမ်း​ဆောင်ရွက်​နေတဲ့​ အစီအစဉ်​တွေ၊​ ပြည်သူ ​တွေကြား​မှာ ဖြစ်​ပေါ်​နေတဲ့​ ကျ​နော်တို့​ ​လေ့​လာ​တွေ့​ရှိရသ​လောက် လူ့​အခွင့်​အ​ရေး​ အ​ခြေအ​နေမှန်​တွေကို ကျ​နော်တို့​က တင်ပြကြပါတယ်။” ကင်တား​နား​နဲ့​ အဖွဲ့​ချုပ် ည​နေ ၄ နာရီအထိ ​ဆွေး​နွေး​ချက် အ​သေး​စိတ်ကို​တော့​ မ​ပြောနိုင်ပါဘူး​လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။ ကင်တား​နား​နဲ့​ အဖွဲ့​ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥပ​ဒေအ​ထောက်အ ကူပြု အဖွဲ့​ဝင်​တွေနဲ့​လည်း​ ဒီ​နေ့​ည​နေပိုင်း​မှာ သီး​ခြား​တွေ့​ဆုံပါတယ်။ မစ္စတာကင်တာနား​ဟာ ဒီ​နေ့​မနက်ပိုင်း​မှာ​တော့​ အင်း​စိန်အကျဉ်း​ထောင်ကို သွား​ ​ရောက်ပြီး​ ကိုဖြိုး​ဝေ​အောင်၊​ ကိုစည်သူ​ဇေယျ စတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ​တွေ့​ဆုံ ပါတယ်။ မစ္စတာကင်တား​နား​ဟာ ပြည်​ထောင်စုအစိုး​ရအဖွဲ့​ဝင်​တွေ၊​ သမ္မတအကြံ​ပေး​အဖွဲ့​ဝင် ​တွေနဲ့​ ​တွေ့​ဆုံပြီး​ဖြစ်ပါတယ်။ လွှတ်​တော်ကိုယ်စား​လှယ်​တွေနဲ့​ ​တွေ့​ဆုံရာမှာ​တော့​ သူတို့​က မြန်မာပြည်မှာ လွတ်လပ်တဲ့​ လူ့​အခွင့်​အ​ရေး​ကော်မတီ ဖွဲ့​စည်း​နိုင်​ရေး​ အဆိုပြု ကြပြီး​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကိစ္စ၊​ တိုင်း​ရင်း​သား​ဒေသ​တွေက လက်နက်ကိုင်ပဋိပက္ခ ​တွေ​ကြောင့်​ ဖြစ်​ပေါ်တဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်ခံရမှု အ​ခြေအ​နေ​တွေကို တင်ပြ​ဆွေး​နွေး​ ကြပါတယ်။ မြန်မာနိုင်ငံကို တနင်္ဂ​နွေ​နေ့​မှာ စတင်​ရောက်ရှိ မစ္စတာကင်တား​နား​နဲ့​ အဖွဲ့​ဟာ မနက်ဖြန် ည​နေပိုင်း​မှာ ပြန်လည်ထွက်ခွာမှာဖြစ်ပြီး​ မင်္ဂလာဒုံ​လေဆိပ်မှာ သတင်း​စာရှင်း​ လင်း​ပွဲ လုပ်ဖို့​ရှိတယ်လို့​ သတင်း​ရရှိပါတယ်။    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024