Monday, May 29, 2023
ကျေး​လက်ဆင်း​ရဲသား​ ၉၀ ရာခိုင်နှုန်း​ ​ချေး​ငွေလိုအပ်​နေဟု ယူအန်ဒီပီ ဆို
ကုလသမဂ္ဂ ဖွံ့​ဖြိုး​ရေး​အစီအစဉ် (ယူအန်ဒီပီ) က အ​ကောင်အထည်​ဖော်​နေတဲ့​ အ​သေး​စား​ ​ချေး​ငွေလုပ်ငန်း​တွေဟာ မြန်မာပြည်မှာ ဆင်း​ရဲသား​တွေရဲ့​ လိုအပ်မှုရဲ့​ ၁၀ ရာခိုင်နှုန်း​ကိုပဲ ကာမိ​သေး​တယ်လို့​ ယူအန်ဒီပီက ဆိုပါတယ်။
၁၉၉၇ ခုနှစ်က​နေ ၂၀၁၀ အထိ ယူအန်ဒီပီက အ​သေး​စား​ချေး​ငွေလုပ်ငန်း​အတွက် သုံး​ထား​တဲ့​ ​ငွေပမာဏဟာ ကျပ် ၃၆ ဘီလီယံ ရှိခဲ့​ပြီး​၊​ တနိုင်ငံလုံး​ လိုအပ်ချက်ရဲ့​ ၁၀ ရာခိုင်နှုန်း​ကိုပဲ ဖြည့်​ဆည်း​ပေး​နိုင်​သေး​တယ်လို့​ ယူအန်ဒီပီက ဆိုပါတယ်။
လက်ရှိအစိုး​ရက အား​ပေး​လာချိန် မတိုင်မီအထိ လိုအပ်ချက်နဲ့​ ကူညီ​နေပုံ​တွေကို ယူအန်ဒီပီ ရန်ကုန်ရုံး​ခွဲပြန်ကြား​ရေး​ဌာနက ဦး​ညီညီ​အောင်က ​ပြောပြပါတယ်။
“ကျ​နော်တို့​ အခု လက်ရှိအစိုး​ရက​နေပြီး​တော့​ encourage (အား​ပေး​) မလုပ်ခင် အပိုင်း​အထိ ကျ​နော်တို့​ အ​ကောင်အထည်​ဖော်​နေတဲ့​ အပိုင်း​တွေမှာ လိုအပ်ချက်က ယူအက်စ်​ဒေါ်လာ သန်း​ ၄၇၀ ​လောက် ရှိတယ်​လေ။ ကျ​နော်တို့​ ယူအန်ဒီပီနဲ့​ တခြား​ အန်ဂျီ အို​တွေက လုပ်​ပေး​နေတာက အဲဒီလိုအပ်ချက်ရဲ့​ ၁၀ ရာခိုင်နှုန်း​ကိုပဲ လုပ်​ပေး​နိုင်​သေး​ တယ်ဆိုတာကို ​ပြောချင်တာပါ။ ​နောက်ထပ် ၉၀ ရာခိုင်း​နှုန်း​လောက်​တော့​ ထပ်လို​သေး​ တာ​ပေါ့​။”
ယူအန်ဒီပီဟာ မြို့​နယ် ၂၂ မြို့​နယ်က လူ​ပေါင်း​ ၄၀၀,၀၀၀ ကို ​ချေး​ငွေထုတ်​ပေး​ထား​ ပြီး​ အ​သေး​စား​ချေ​ငွေအား​လုံး​ရဲ့​ ၈၀ ရာခိုင်နှုန်း​ကို အန်ဂျီအိုတခုဖြစ်တဲ့​ PACT Myanmar က တဆင့်​ ထုတ်​ချေး​ပေး​တာ​နေတာလို့​ ယူအန်ဒီပီက ဆိုပါတယ်။
ယူအန်ဒီပီရဲ့​ စစ်တမ်း​တွေအရ မြန်မာပြည်မှာ တ​နေ့​ဝင်​ငွေ တ​ဒေါ်လာ (ကျပ်တ ​ထောင်​အောက်) ပဲရှိတဲ့​ ဆင်း​ရဲသား​အ​ရေအတွက်ဟာ ၂၀၀၅ ခုနှစ်က ၃၂ ရာခိုင်နှုန်း​ရှိပြီး​ ၂၀၁၀ မှာ ၂၆ ရာခိုင်နှုန်း​ရှိတယ်လို့​ သိရပါတယ်။
RELATED ARTICLES
- Advertisment -
Google search engine
Most Popular