A d v e r t i s e m e n t With Us

ငြိမ်း​ချမ်း​ရေး​နှင့်​စပ်လျဉ်း​၍ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီကို ​မေး​မြန်း​ချက်

မြန်မာနိုင်ငံမှာ နှစ်​ပေါင်း​ ၆၀ ​ကျော်ဖြစ်ပွား​နေတဲ့​ ပြည်တွင်း​စစ်မီး​ အပြီး​တိုင် ငြှိမ်း​သတ်ဖို့​အတွက် အစိုး​ရ၊​ တိုင်း​ရင်း​သား​အင်အား​စု​တွေ၊​ ဒီမိုက​ရေစီအင်အား​စု​တွေ ​တွေ့​ဆုံ​ဆွေး​နွေး​ ​ဖြေရှင်း​ဖို့​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီက ​ပြောလိုက်ပါတယ်။ တပ်မ​တော်အစိုး​ရလက်ထက်က အပစ်ရပ်ခဲ့​တဲ့​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီဟာ အစိုး​ရက နယ်ခြား​စောင့်​တပ်အသွင်ကူး​ပြောင်း​ခိုင်း​မှုကို ငြင်း​ဆန်ခဲ့​အပြီး​မှာ နှစ်ဘက်တိုက် ပွဲ​တွေ ပြန်ဖြစ်​နေပါတယ်။ ညီညွတ်​သောတိုင်း​ရင်း​သား​လူမျိုး​များ​ဖက်ဒရယ်​ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့​ဝင်ဖြစ်တဲ့​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီရဲ့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ဆိုင်ရာ သ​ဘောထား​ ကို သိနိုင်ဖို့​ ပါတီ​ပြောခွင့်​ရသူ ဗိုလ်မှူး​စိုင်း​လကို ​မေး​မြန်း​ထား​ပါတယ်။ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီက ဘာ​ကြောင့်​ လက်နက်ကိုင်​တော်လှန်​ရေး​ လုပ်​နေတာလဲ၊​ ဘာကို အဓိက လိုချင်လို့​ပါလဲ။ “အခု ကျ​နော်တို့​ လက်နက်ကိုင်ပြီး​တော့​ တိုက်ပွဲဝင်​နေတာက​တော့​ အဓိကက စစ်မှန်တဲ့​ ဖက်ဒရယ်ပြည်​ထောင်စု​ပေါ့​။ ​နောက်တချက်က​တော့​ တန်း​တူ​ရေး​ပေါ့​နော်။ ​နောက် ဒီမိုက​ရေစီအ​ရေး​ပေါ့​။ အဲဒါလိုချင်လို့​ ကျ​နော်တို့​ တိုက်​နေတာပဲခင်ဗျ။” သမ္မတဦး​သိန်း​စိန် အစိုး​ရက​နေပြီး​တော့​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ​တွေကို သက်ဆိုင်ရာ ပြည်နယ်တိုင်း​အသီး​သီး​ရဲ့​ အစိုး​ရ​တွေနဲ့​ လုပ်ဖို့​ဆိုပြီး​တော့​ မကြာ​သေး​ခင်က ​ပြောပါတယ်။ အဲဒီလို ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ​တွေကို ဘယ်​တော့​ စနိုင်မလဲ။ “သမ္မတဦး​သိန်း​စိန်က​နေပြီး​တော့​ အဲဒီ ပြည်နယ်အစိုး​ရကို ငြိမ်း​ချမ်း​ရေး​လိုလား​ရင် ကမ်း​လှမ်း​ဖို့​ဆိုတာက အဲဒါ နိုင်ငံတကာ အမြင်ကြည်​အောင်၊​ ​နောက် ဗမာပြည်တွင်း​က အတိုက်အခံပါတီ​တွေ​ရော၊​ ပြင်ပ အတိုက်အခံပါတီ​တွေ​ရော သူတို့​ အ​ကောင်း​မြင်​အောင် လုပ်​နေတဲ့​သ​ဘောမျိုး​လို့​ ကျ​နော်တို့​ယူဆမိတယ်။ ဘာ​ကြောင့်​လဲဆို​တော့​ သူ တကယ် တမ်း​ စစ်မှန်တဲ့​ငြိမ်း​ချမ်း​ရေး​ လိုလား​ရင်​တော့​ အခု ကျ​နော်တို့​နယ်​မြေမှာ ချဉ်း​ကပ်ပြီး​တော့​ ဌာနချုပ်တဝိုက်မှာ တပ်စွဲ​နေတဲ့​ တပ်​တွေ ပြန်ရုပ်ရမယ်။ အခုက မရုပ်တဲ့​အပြင် တပ်အင် အား​တွေ ဆက်ဖြည့်​ပြီး​တော့​ တိုက်ပွဲက ​နေ့​တိုင်း​လိုလို ဆက်တိုက်ဖြစ်​နေတယ်ဆို​တော့​ အဲဒီကမ်း​လှမ်း​ချက်က မူမမှန်ဘူး​လို့​ ကျ​နော် ထင်တာပဲ။” ပြည်တွင်း​ပြည်ပမှာ ​လေး​စား​အသိအမှတ်ပြုတဲ့​၊​ နိုင်ငံတကာမှာလည်း​ အသိအ မှတ်ပြုတဲ့​ နိုဘယ်ငြိမ်း​ချမ်း​ရေး​ဆုရှင် ​ဒေါ်​အောင်ဆန်း​စုကြည်က ငြိမ်း​ချမ်း​ရေး​ကိစ္စ လုပ်ရ​အောင်ဆိုပြီး​တော့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​အစည်း​တွေကို​ရော၊​ နိုင်ငံ​တော် သမ္မတ ဦး​သိန်း​စိန်ကို​ရော အိတ်ဖွင့်​ပေး​စာ ထုတ်ပြန်ခဲ့​ပါတယ်။ အဲဒီ​တော့​ ​ဒေါ်​အောင်ဆန်း​ စုကြည်ကို မြန်မာပြည်ရဲ့​ ငြိမ်း​ချမ်း​ရေး​လုပ်ငန်း​စဉ်မှာ ဘယ်လိုအခန်း​ကဏ္ဍက ပါဝင်ဖို့​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီက လိုလား​ပါသလဲ။ “​ဒေါ်​အောင်ဆန်း​စုကြည်က ဒီမိုက​ရေစီအ​ရေး​နဲ့​ ဗမာပြည်က လူထု​တွေ အား​လုံး​ရော၊​ တိုင်း​ရင်း​သား​တွေပါ စည်း​လုံး​ညီညွတ်မှု ရ​အောင် ကြိုး​မမ်း​နေတာ သိရ​တော့​ ကျ​နော်တို့​က အများ​ကြီး​ ဝမ်း​သာပါတယ်။ ဒါ​ကြောင့်​မို့​လို့​ ​ဒေါ်​အောင်ဆန်း​စု ကြည်က သူ​ပြောတဲ့​အတိုင်း​နဲ့​ သူ့​ရည်မှန်း​ချက်အတိုင်း​ တကယ်လုပ်​ပေး​နိုင်ရင် ဥပမာ သူ ဒုတိယ ပင်လုံညီလာခံ ကျင်း​မယ်ဆိုတာ ကျ​နော်တို့​ အများ​ကြီး​ပဲ ကြိုဆိုပါတယ်။ ဒါ​ကြောင့်​မို့​ အဲဒီလိုဖြစ်ဖို့​၊​ လုပ်နိုင်ဖို့​ကိုလည်း​ သူက ကြိုး​ပမ်း​လိမ့်​မယ်လို့​ ကျ​နော်တို့​ ယုံကြည်ပါတယ်။” တပ်မ​တော်အစိုး​ရလက်ထပ်တုန်း​က အပစ်ခတ်ရပ်စဲထား​တဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင် အဖွဲ့​အစည်း​တွေကို နယ်ခြား​စောင့်​တပ်၊​ ပြည်သူ့​စစ် လက်နက်ချဖို့​ဆိုပြီး​ ​တော့​ အဆင့်​သုံး​ဆင့်​ ​ပြောပြီး​တော့​ အခု ဒီတိုက်ပွဲ​တွေလည်း​ ပြန်ဖြစ်​နေတယ်။ အခုကျ ​တော့​ ဒီအစိုး​ရလက်ထပ်မှာ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ဆိုပြီး​တော့​ ရုတ်တရက် ​ပြောင်း​လဲ ​ပြောဆိုလာတာ​တွေ့​ရတယ်။ ဒီကိစ္စဟာ သမား​ရိုး​ကျလား​။ ဒါမှမဟုတ် ​နောက်ကွယ်က ဘာရည်ရွယ်ချက် ရှိတယ်လို့​ ရှမ်း​ပြည်တိုး​တက်​ရေး​ ပါတီက ယူဆပါသလဲ။ “အခု သူတို့​ကမ်း​လှမ်း​ထား​တဲ့​ ငြိမ်း​ချမ်း​ရေး​က ပထမအချက် ကျ​နော်​ပြောတဲ့​ အတိုင်း​ပဲခင်ဗျ။ သူတို့​ မူမမှန်တဲ့​ လုပ်နည်း​လုပ်ဟန်​တွေပဲ။ အခု ကမ်း​လှမ်း​လာ တယ်ဆိုတာက ၂၀၁၄ မှာ သူတို့​ အာဆီယံဥက္ကဋ္ဌ ရဖို့​ရယ်၊​ ​နောက် တခြား​အတိုက်အခံပါ တီ​တွေနဲ့​ နိုင်ငံ​ရေး​ပါတီ​တွေ အား​လုံး​ကို သူတို့​ နည်း​နည်း​ အမြင်ကြည်​အောင် လုပ်တဲ့​ သ​ဘောမျိုး​ပဲ ဖြစ်တယ်ခင်ဗျ။ အခု ကမ်း​လှမ်း​တဲ့​ဟာက သူတကယ် ငြိမ်း​ချမ်း​ရေး​ လိုလား​ရင် ကျ​နော်တို့​ တိုင်း​ရင်း​သား​လူမျိုး​စု​တွေ ဖွဲ့​စည်း​ထား​တဲ့​ ယူအန်အက်ဖ်စီ( ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ) ကို သူတို့​ တိုက်ရိုက်​ဆွေး​နွေး​ ရမယ်လို့​ ကျ​နော်တို့​ ထင်တာပဲခင်ဗျ။” မြန်မာပြည်မှာ နှစ်​ပေါင်း​ ၆၀ နီး​ပါး​ ဖြစ်​နေတဲ့​ ပြည်တွင်း​စစ်ကို ရပ်စဲပြီး​တော့​ တကယ့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ​တွေ ဖြစ်ဖို့​ ဘက်​ပေါင်း​စုံက​နေပြီး​တော့​ ဘာ​တွေ လုပ်ဖို့​ လိုပါသလဲ။ “ကျ​နော်တို့​ တိုင်း​ပြည် တတိုင်း​ပြည်လုံး​ ​အေး​ချမ်း​ဖို့​အတွက် တည်ငြိမ်မှု ရဖို့​အတွက်က​တော့​ အဓိကက တိုင်း​ရင်း​သား​လူမျိုး​စု လက်နက်ကိုင်ရယ်၊​ အခုအစိုး​ရရယ်၊​ နိုင်ငံ​ရေး​ အတိုက်အခံပါတီ​တွေ သုံး​ပွင့်​ဆိုင်​ဆွေး​နွေး​မှ ရမယ်လို့​ ကျ​နော် ထင်တယ်ခင်ဗျ။” ဗိုလ်မှူး​စိုင်း​လ ဘာများ​ ဖြည့်​စွက်​ပြောစရာ ရှိပါ​သေး​သလဲ။ “ကျ​နော် ဖြည့်​စွက်​ပြောချင်တာက အခု သူတို့​ပြောတဲ့​ ငြိမ်း​ချမ်း​ရေး​ကမ်း​လှမ်း​ဖို့​ ဆိုတာ သူတို့​ တကယ်တမ်း​ သ​ဘောရိုး​နဲ့​ လုပ်မယ်ဆိုရင် အခု ကျ​နော်တို့​နယ်​မြေထဲ က​နေ တပ်အင်အား​ဖြည့်​တာတို့​၊​ ​နောက် ကျ​နော်တို့​ဌာနချုပ်မှာ တပ်စွဲထား​တဲ့​ တပ်​တွေ ပြန်ရုပ်သင့်​တယ်လို့​ ကျ​နော် ထင်တာပဲခင်ဗျ။”

A d v e r t i s e m e n t With Us

More News
Up