A d v e r t i s e m e n t With Us

ကျန်း​မာ​ရေး​စနစ်​ကောင်း​ရန် ကျပ်သန်း​ ၈,၀၀၀ နှစ်စဉ်လိုအပ်​နေဟုဆို

မြန်မာပြည်မှာ ကျန်း​မာ​ရေး​ပြုစု​စောင့်​ရှောက်မှုစနစ် အား​နည်း​ချက်​နေပြီး​ ​ကောင်း​မွန်ပြည့်​ စုံ​အောင် လုပ်​ဆောင်ဖို့​ နှစ်စဉ် ကျပ်သန်း​ ၈,၀၀၀ ​လောက် လိုအပ်မယ်လို့​ ကျန်း​မာ​ရေး​ ဝန်ကြီး​ ​ဒေါက်တာ​ဖေသက်ခင်က ​ပြောကြား​ပါတယ်။ ဒီ​နေ့​ အမျိုး​သား​လွှတ်​တော် အစည်း​အ​ဝေး​မှာ ကိုယ်စား​လှယ် ဦး​တင်ယုက တိုင်း​ဒေသကြီး​တွေနဲ့​ ပြည်နယ်အဆင့်​ရှိ ​ဆေး​ရုံ​တွေမှာ ​ဆေး​ဝါး​လုံလုံ​လောက်​လောက်နဲ့​ ပြည်သူလူထုကို ကျန်း​မာ​ရေး​ကာကွယ်​စောင့်​ရှောက်မှု​ပေး​ဖို့​ အစီအစဉ်မရှိမရှိ ​မေး​မြန်း​တာ ကို ပြည်​ထောင်စုကျန်း​မာ​ရေး​ဝန်ကြီး​က ပြန်​ဖြေရာမှာ ဒီလို​ပြောသွား​တာပါ။ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ်တဦး​ဖြစ်တဲ့​ ဦး​ဘုန်း​မြင့်​အောင်က “သူတို့​ ကျန်း​မာ​ရေး​ဌာနက​နေလည်း​ လုပ်ငန်း​တွေကို ပြည့်​စုံစွာ လုပ်ကိုင်ဖို့​အတွက်ဆိုရင် အ​ခြေခံ​ရောဂါ​တွေအတွက် ပြည့်​ဝစွာ လုပ်နိုင်ဖို့​အတွက် တနှစ်ကို သန်း​ ၈၀၀၀ ​လောက်လိုအပ်​နေတယ်။ ဒါ​ပေမယ့်​ သူတို့​ရတာ ၃၅၀၀ ​လောက်ပဲရတယ်။ အဲဒါ​တွေကို ပြည့်​ပြည့်​ဝဝရဖို့​ဆိုရင် သန်း​ ၈၀၀၀ ​တောင်း​တဲ့​သ​ဘော​ပေါ့​” လို့​ ​ပြောပြပါတယ်။ “ကျန်း​မာ​ရေး​နဲ့​ပတ်သက်လို့​ အား​နည်း​ချက်ရှိတာ​တွေ မှန်ပါတယ်။ ဒါ​ပေမယ့်​ ဖွံ့​ဖြိုး​ပြီး​နိုင်ငံ​တွေမှာ​တောင် ရာနှုန်း​ပြည့်​ ကျန်း​မာ​ရေး​ထောက်ပံ့​မှု မရှိပါဘူး​။” နအဖစစ်​ကောင်စီက အာဏာလွှဲ​ပြောင်း​ပေး​ချိန်မှာ ထုတ်ပြန်ခဲ့​တဲ့​ ဘတ်ဂျက် ဥပ​ဒေအရ​တော့​ ဒီဘဏ္ဍာ​ရေး​နှစ်အတွင်း​ ကျန်း​မာ​ရေး​ကဏ္ဍအတွက် အသုံး​စရိတ် ကျပ် သန်း​ ၉,၀၀၀ ​ကျော် သတ်မှတ်ပြဌာန်း​ထား​ပါတယ်။ သာမန်အသုံး​ငွေ ကျပ်သန်း​ ၆,၅၀၀ ​ကျော်နဲ့​ ​ငွေလုံး​ငွေရင်း​သုံး​ငွေ ကျပ်သန်း​ ၂,၅၀၀ ​ကျော်ဖြစ်ပါတယ်။ ပြည်သူ့​လွှတ်​တော်မှာ​တော့​ ကျန်း​မာ​ရေး​ကဏ္ဍနဲ့​ပတ်သက်ပြီး​ ကိုယ်စား​လှယ် ​ဒေါက်တာ​မောင်​မောင်ဝင့်​က မြန်မာနိုင်ငံ​ဆေး​ကောင်စီကို လွတ်လပ်တဲ့​ ပညာရှင်အဖွဲ့​အ စည်း​အဖြစ် ရပ်တည်ခွင့်​ပေး​ဖို့​ အမိန့်​ထုတ်ပြန်​ပေး​ဖို့​နဲ့​ ​ဆေး​ပညာရှင်များ​ ကာကွယ်​စောင့်​ ​ရှောက်​ရေး​အဖွဲ့​ ဥပ​ဒေပြဋ္ဌာန်း​ဖို့​ စတဲ့​အဆို​တွေကို တင်ပြသွား​တယ်လို့​ အမျိုး​လွှတ်​တော် ကိုယ်စား​လှယ် ဦး​ကြည်မြင့်​ (လသာ) က ​ပြောပြပါတယ်။ “မြန်မာနိုင်ငံ​ဆေး​ကောင်စီကို အစိုး​ရ​ဘော်ဒီမဟုတ်ဘဲနဲ့​ လွတ်လပ်တဲ့​ ပ​ရော်ဖက် ရှင်နယ်​ဘော်ဒီအဖြစ် လွတ်လပ်စွာရပ်တည်ခွင့်​ အမိန့်​ကို ထုတ်ပြန်​ပေး​ဖို့​ အဆိုတင်သွင်း​ တယ်။ ​နောက်တခုက​တော့​ ​ဆေး​ပညာရှင်များ​ ကာကွယ်​ရေး​အဖွဲ့​အတွက် လိုအပ်တဲ့​ ဥပ​ဒေ၊​ နည်း​ဥပ​ဒေများ​ ​ကြေညာစာတမ်း​ တင်သင့်​ကြောင်း​ အဆို​ပေါ့​။” ဆေး​ပညာရှင်​တွေဘက်က အကာအကွယ်​ပေး​မယ့်​ အဖွဲ့​အစည်း​၊​ ဥပ​ဒေ​တွေ လိုအပ်​နေ​ကြောင်း​၊​ ဥပမာ၊​ လူနာတဦး​သေဆုံး​မှုနဲ့​ ပတ်သက်လို့​ ပုဂ္ဂလိကကအထူး​ကု​ဆေး​ ခန်း​နဲ့​ အထူး​ကုဆရာဝန်ကြီး​တို့​ ဖြစ်ပွား​သွား​တဲ့​ အငြင်း​ပွား​မှုမျိုး​မှာ ပညာရှင်ဘက်က ရပ် တည်​ပေး​ဖို့​ လိုအပ်​နေပုံကို ဥပမာ​ပေး​ပြီး​ တင်ပြသွား​တာလို့​ ဆိုပါတယ်။ သမ္မတဦး​သိန်း​စိန်က​တော့​ ကျန်း​မာ​ရေး​ကဏ္ဍနဲ့​ပတ်သက်ပြီး​ ​ဆေး​ရုံ​တွေနဲ့​ ကျန်း​မာ ​ရေး​ဝန်ထမ်း​တွေရဲ့​ အရည်အ​သွေး​ကို မြှင့်​တင်သွား​ဖို့​၊​ ပုဂ္ဂလိက ကျန်း​မာ​ရေး​ ​စောင့်​ရှောက် မှုနဲ့​ ပတ်သက်ပြီး​ ဥပ​ဒေ​တွေပြဋ္ဌာန်း​ဖို့​၊​ နိုင်ငံတကာနဲ့​ ပြည်တွင်း​အဖွဲ့​အစည်း​တွေနဲ့​ ပူး​ပေါင်း​ ​ဆောင်ရွက်ဖို့​၊​ နိုင်ငံ​တော်၊​ ပြည်သူနဲ့​ ပရဟိတအဖွဲ့​အစည်း​တွေ ပူး​ပေါင်း​ပါဝင်တဲ့​ အ​ခြေခံ ကျန်း​မာ​ရေး​စောင့်​ရှောက်မှု တိုး​ချဲ့​ဆောင်ရွက်မယ်လို့​ ထမဆုံး​မိန့်​ခွန်း​မှာ ကတိ​ပေး​ပြော ကြား​ထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up