A d v e r t i s e m e n t With Us

ပုဂ္ဂလိက​ကျောင်း​ဥပ​ဒေမူကြမ်း​ အမျိုး​သား​လွှတ်​တော်မှာ တင်သွင်း

ပုဂ္ဂလိ​ကကျောင်း​ ဥပ​ဒေမူကြမ်း​ကို အမျိုး​သား​လွှတ်​တော်မှာ ပညာ​ရေး​ဝန်ကြီး​ ​ဒေါက်တာမြ အေး​က မနေ့က​ ဖတ်ကြား​တင်သွင်း​ပါတယ်။ အမျိုး​သား​လွှတ်​တော် ဒုတိယ​နေ့​ အစည်း​အ​ဝေး​မှာ တင်ပြတဲ့​ ဒီဥပ​ဒေမူကြမ်း​အ​ကြောင်း​ လွှတ်​တော်ကိုယ်စား​လှယ်တဦး​ဖြစ်တဲ့​ ဦး​ဘုန်း​မြင့်​အောင်က ​ပြောပြပါတယ်။ “အဓိက​တော့​ ​ကျောင်း​ရှိသ​လောက်တင်လိုက်၊​ တင်ပြီး​ရင် ထုံး​စံတိုင်း​ အစိုး​ရ​ကျောင်း​ပုံစံ သင်ရိုး​အတိုင်း​တင်ပြီး​ စာ​မေး​ပွဲစစ်တာလုပ်​ပေါ့​။ စစ်ခွင့်​ရှိတယ်။ ဒါ​ပေမယ့်​ ထပ်​ဆောင်း​ဘာသာဆိုပြီး​တော့​ အင်္ဂလိပ်စာ သင်လို့​ရတယ်။ တခြား​ဘာသာအတွက်က သင်ခွင့်​ရှိတာကို။ ကိုယ့်​တိုင်း​ပြည် ပညာ​ရေး​စနစ်တင် မကဘူး​။ ထပ်​ဆောင်း​ပညာ​ရေး​ စနစ်ပါ လိုချင်တယ်ဆိုရင်​တော့​ အဲဒီ​ကျောင်း​တွေကို သွား​ရမှာ​ပေါ့​။ “တချို့​လည်း​ ဒီပုဂ္ဂလိက ပညာ​ရေး​စနစ်​ပေါ်ရင် သား​သမီး​တွေ ​နောင်​ရေး​အတွက် စိတ်ချချင်တဲ့​ မိဘ​တွေ​တော့​ နိုင်ငံခြား​သွား​တာထက်စာရင် ဒီ​နေရာ​တွေမှာ ထား​တော့​ ပိုစိတ်ချရတာ​ပေါ့​။ ​နောက်ပြီး​တော့​ ဒီပညာ​ရေး​ကို အစိုး​ရ တက္ကသိုလ်​တွေကလည်း​ အသိအမှတ်ပြုမယ်။ ကိုယ့်​သား​သမီး​လည်း​ ပိုစိတ်ချရမယ်။ ခွဲခြား​မှု​တော့​ ရှိလာမှာ​ပေါ့​။ အစိုး​ရ​ကျောင်း​တွေမှာလည်း​ ဆရာမ​တွေက ​မြေဖြူ​တောင်မရတဲ့​ အခက်အခဲ​တွေ ရှိပါတယ်။” ဒါ့​အပြင် အစိုး​ရသင်​ကျောင်း​ပညာ​ရေး​စနစ်လည်း​ တ​ပြေး​ညီတိုး​တက်​အောင် ပညာ​ရေး​ဝန်ကြီး​ဌာနက မ​ဆောင်ရွက်ရင် ခွဲခြား​မှု​တွေ ပိုပြီး​ကျယ်ပြန့်​လာနိုင်တဲ့​အကြောင်း​ကို လွှတ်​တော်ကိုယ်စား​လှယ်​တွေက ​ဆွေး​နွေး​ဖို့​ရှိတယ်လို့​လည်း​ ဆိုပါတယ်။ ဒီ​နေ့​ အမျိုး​သား​လွှတ်​တော်အစည်း​အ​ဝေး​မှာ လွှတ်​တော်ရုံး​ဥပ​ဒေမူကြမ်း​ ကိုလည်း​ တင်သွင်း​ပြီး​ လာမယ့်​သီတင်း​ပတ်မှာ ​ဆွေး​နွေး​ကြမှာပါ။

A d v e r t i s e m e n t With Us

More News
Up