A d v e r t i s e m e n t With Us

ရွှေ​ညောင်-​ညောင်​ရွှေ ​ရေဆက်ကြီး​နေ၍ ​ကျောင်း​များ​ပိတ်ထား​ရ

ရှမ်း​ပြည်နယ် ​ညောင်​ရွှေ နဲ့​ ​ရွှေ​ညောင်မြို့​နယ်မှာ ​ရေကြီး​နေတာ ၅ ရက်ရှိပြီဖြစ်ပြီး​ ပြန်မကျ​သေး​ဘဲ ​ရေ​ဘေး​သင့်​သူ ထပ်တိုး​လာပြီး​ ​ကျောင်း​တွေ ပိတ်ထား​ရပါတယ်။ ရွှေ​ညောင်မြို့​ ဓမ္မရိပ်သာ ရန်ကုန်​ကျောင်း​တိုက်မှာ ​ရေ​ဘေး​ဒုက္ခသည် မ​နေ့​က ၁၀၀ ​ကျော် ရှိခဲ့​ရာက ဒီ​နေ့​မှာ ၂၀၀ ​ကျော်​နေပါပြီ။ အမက ၇ အပါအဝင် မူလတန်း​ကျောင်း​ ၃ ​ကျောင်း​ ​ခေတ္တပိတ်ထား​ပါတယ်။ ညောင်​ရွှေမြို့​ ကန်သာရပ်ကွက်၊​ ဝင်း​ရပ်ကွက်နဲ့​ အနီး​ပတ်ဝန်း​ကျင်ရွာကလူ​တွေ ​တော့​ ​ရေလွတ်ရာမှာ ခိုလှုံ​နေကြပါတယ်။ ဒီ​ဒေသမှာ ​လေး​နှစ်တကြိမ် ​ရေကြီး​လေ့​ရှိပြီး​ ခါတိုင်း​ ​ရေသုံး​ပေ​ကျော် တက်​လေ့​ရှိ ​ကြောင်း​၊​ မ​နေ့​က​တော့​ ​လေး​ပေခွဲ​လောက်ထိ တက်လာပြီး​ ဒီ​နေ့​မှာ​တော့​ ငါး​ပေခွဲ​လောက် ဖြစ်​နေပြီလို့​ အင်း​တိုင်း​ရင်း​သား​ဝန်ကြီး​ ဦး​ဝင်း​မြင့်​က ​ပြောပြပါတယ်။ “​ညောင်​ရွှေမြို့​အ​နောက်ဘက်ခြမ်း​ ရွာ​တွေက​တော့​ ခါတိုင်း​ထက် တ​ပေ​လောက် တက်​တော့​ ရွာသာရွာတို့​ နန်း​သီတာတို့​၊​ အိမ်​ခြေ ၂၀ ရာခိုင်နှုန်း​လောက်​တော့​ ​နောက်ထပ် တ​ပေခွဲ​လောက်ဆိုရင် မြုပ်မယ့်​အ​နေအထား​ရှိတယ်။ “ဒီကမြို့​နယ်အုပ်ချုပ်​ရေး​ အာဏာပိုင် အဖွဲ့​အစည်း​နဲ့​ လူထုပြည်သူ​တွေက​တော့​ အဆင်သင့်​လုပ်ထား​တယ်။ ​ရေကြီး​မယ်ဆိုပြီး​တော့​ လွန်ခဲ့​တဲ့​ ၁၀ ရက်​လောက်ကတည်း​ က ​ကြေညာ​ပေး​ထား​တယ်။ အနိမ့်​ပိုင်း​မှာ​နေထိုင်တဲ့​ လူ ၂၀၀ ​လောက်က​တော့​ ဘုန်း​ကြီး​ ​ကျောင်း​မှာ​နေတယ်။ ​ညောင်​ရွှေမြို့​မှာ အတူ​နေကြတယ်။ ​ညောင်​ရွှေက ပါရမီ​သွေး​လှူရှင် အသင်း​က​နေ ထမင်း​ထုပ် ၆၅ဝနဲ့​ ဆန် ၂ အိတ် သွား​လှူတယ်။” ၇ မိုင်​လောက်ရှိတဲ့​ ​ညောင်​ရွှေ-​ရွှေ​ညောင် ကား​လမ်း​မှာ ၃ မိုင်​ကျော်​လောက်က ​ရေ​တွေပြည့်​နေလို့​ ကား​ငယ်​တွေ၊​ ဆိုင်ကယ်​တွေ ​အေး​သာယာရွာဘက်က ပတ်သွား​နေရ တယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။ ရွှေ​ညောင် မင်္ဂလာရပ်ကွက် ​မြေနိမ့်​ပိုင်း​က ရတနာရပ်ကွက်ထဲကို ​ရေ​တွေထပ်ဝင်လို့​ မင်္ဂလာခန်း​မ၊​ ​ရွှေ​ညောင် အထက ၁ ခန်း​မနဲ့​ ဘုန်း​ကြီး​ကျောင်း​တွေမှာပါ ​ဒေသခံ​တွေ ​ရွှေ့​ပြောင်း​ခိုလှုံ​နေကြပါတယ်။ ရေ​ဘေး​သင့်​ပြည်သူ ၆၀၀ နီး​ပါး​ ရှိ​နေပြီး​ သူတို့​အတွက် အခြား​ရပ်ကွက်​တွေက ထမင်း​ထုပ်​တွေ ပို့​ပေး​နေတယ်လို့​ အင်း​တိုင်း​ရင်း​သား​ဝန်ကြီး​ ဦး​ဝင်း​မြင့်​က ​ပြောပြပါတယ်။ ရေလွှမ်း​မိုး​မှု​ကြောင့်​ ​ရွှေ​ညောင် အထက ၁ အပါအဝင် ရွာ ၁၀ ရွာ​ကျော်က မူလ တန်း​ကျောင်း​တွေ ပိတ်ထား​ရတယ်လို့​ ​ရွှေ​ညောင်​ဒေသခံတဦး​က ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up