DVB Logo
Home
မြန်မာသတင်း
လိုင်စင်သိမ်း​ခံရသည့်​ ​ရှေ့​နေများ​ လိုင်စင်ပြန်ရ​ရေး​ သတင်း​စာရှင်း​လင်း​ပွဲလုပ်မည်
DVB
·
August 23, 2011
Donate to DVB

တပ်မ​တော်အာဏာသိမ်း​အုပ်ချုပ်စဉ်ကာလအတွင်း​ နိုင်ငံ​ရေး​လှုပ်ရှား​ မှုနဲ့​ ဆက်နွှယ်ပြီး​ ​ရှေ့​နေလိုင်စင် ရုပ်သိမ်း​ခံရသူ​တွေက သတင်း​စာရှင်း​လင်း​ပွဲလုပ်ဖို့​ ပြင်ဆင်​နေပါတယ်။

ရှေ့​နေများ​ကွန်ရက်က ဒီသတင်း​စာရှင်း​လင်း​ပွဲကို ခုလ ၂၅ ရက်မှာ လုပ်ဖို့​စီစဉ် ထား​တယ်လို့​ ဦး​ဆောင်စီစဉ်သူ​တွေက ​ပြောပါတယ်။

၁၉၈၈ ခုနှစ်အပြီး​ စစ်တပ်အုပ်ချုပ်တဲ့​ကာလ ​ရှေ့​နေလိုင်စင်ရုပ်သိမ်း​ခံရသူ​တွေထဲက ရန်ကုန်က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဒုတိယဥက္ကဋ္ဌ ဦး​တင်ဦး​၊​ အဖွဲ့​ချုပ် ဥပ​ဒေအ​ထောက်အကူပြုအဖွဲ့​က ဦး​အောင်သိန်း​နဲ့​ ဦး​ခင်​မောင်ရှိန် အပါအဝင် ၆ ဦး​၊​ မန္တ​လေး​က ၃ ဦး​၊​ ​ကျောက်ဆည်၊​ မုံရွာ၊​ မြစ်သား​၊​ သာစည်၊​ က​လေး​၊​ ပဲခူး​၊​ ​ရွှေဘို၊​ ဝက်လက်၊​ ခင်ဦး​၊​ လား​ရှိုး​၊​ လပွတ္တာ စတဲ့​မြို့​တွေက ဗဟိုတရား​ရုံး​ရှေ့​နေ ၂၀ ​ကျော် စာရင်း​ရရှိထား​ပြီး​ တချို့​ရှေ့​နေ​တွေဟာ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေ ဖြစ်တယ်လို့​လည်း​ ​ပြောပါတယ်။

လိုင်စင်သိမ်း​ခံရတဲ့​ အထက်တန်း​ရှေ့​နေစာရင်း​ကိုလည်း​ ​ရှေ့​နေကွန်ရက်အဖွဲ့​က စာရင်း​ကောက်ယူ​နေပါတယ်။

သတင်း​စာရှင်း​လင်း​ပွဲ ရည်ရွယ်ချက်ကို လိုင်စင်သိမ်း​ခံထား​ရသူ တရား​ရုံး​ချုပ်​ရှေ့​နေ ဦး​အောင်သိန်း​က ​ပြောပြပါတယ်။

“‘ဒီလူ​တွေဟာ နိုင်ငံ​ရေး​အရ ​ထောင်ချခံရပြီး​နောက်မှာ သူတို့​ရဲ့​ ​ရှေ့​နေလိုင်စင် အသီး​သီး​လည်း​ အသိမ်း​ခံရတယ်။ အ​ကြောင်း​ချင်း​ရာ တခုတည်း​ပေါ်မှာ မူတည်ပြီး​တော့​ ပြစ်ဒဏ် နှစ်ခါ​ပေး​သလို ဖြစ်​နေတယ်။ ​ထောင်လည်း​ အကျခံရတယ်။ သူ့​ရဲ့​ အသက်​မွေး​ ဝမ်း​ကျောင်း​ ရပ်တည်ပိုင်ခွင့်​လည်း​ ထိခိုက်ခံရတယ်။ ဒီကိစ္စ​တွေကို တရား​ဝင် စာတင်ဖို့​ အစီအစဉ်လုပ်တာပဲ။”

ဒီသတင်း​စာရှင်း​လင်း​ပွဲလုပ်မယ့်​အချိန်ဟာ ကမ္ဘာ့​ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့​အခွင့်​အ​ရေး​အထူး​ကိုယ်စား​လှယ် မစ္စတာကင်တား​နား​ မြန်မာပြည်ကို ​ရောက်ရှိ​နေချိန်ဖြစ်ပြီး​ သူ့​ကိုလည်း​ တင်ပြသွား​ဖို့​ ​ရှေ့​နေကွန်ရက်က ပြင်ဆင်​နေပါတယ်။

ပဲခူး​မြို့​က ဗဟိုတရား​ရုံး​ရှေ့​နေ ဦး​မြတ်လှဟာလည်း​ ၁၉၉၀ ​ရွေး​ကောက်ပွဲအပြီး​ လွှတ်​တော်ကိုယ်စား​လှယ်အဖြစ် ​ရွေး​ကောက်ခံရအပြီး​မှာ သူအပါအဝင် ​ရှေ့​နေသုံး​ဦး​ကို အာဏာပိုင်​တွေက တရား​စွဲပြီး​ ​ရှေ့​နေလိုင်စင်ရုပ်သိမ်း​ခဲ့​ပါတယ်။ တရား​ရုံး​က ပြစ်ဒဏ်မချ ​ပေမယ့်​ လိုင်စင်ပြန်မ​ပေး​ပါဘူး​။

ဦး​မြတ်လှက “ကျ​နော်တို့​က ပညာနဲ့​လုပ်စား​ချင်တဲ့​လူ​တွေ၊​ ကျ​နော်တို့​က ​ကျောင်း​ဆရာလုပ်တယ်၊​ ​ရှေ့​နေလုပ်တယ်ဆိုတာ ပညာအရင်း​ခံပြီး​ လုပ်စား​ရတာ၊​ မိသား​စုကလည်း​ ချမ်း​သာတဲ့​မိသား​စုမှ မဟုတ်တာ၊​ အခုလို ​ရှေ့​နေလိုင်စင်သိမ်း​ခံရ​တော့​ ဒုက္ခ​တွေ ​ရောက်ကုန်တာ​ပေါ့​” လို့​ ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013