DVB Logo
Home
မြန်မာသတင်း
ဆင်း​ရဲသား​ချေး​ငွေ ဆင်း​ရဲသား​လက်ထဲမ​ရောက် ဖြစ်​နေ
DVB
·
August 23, 2011
ဆင်း​ရဲသား​ချေး​ငွေ ဆင်း​ရဲသား​လက်ထဲမ​ရောက် ဖြစ်​နေ
1 / 2
Donate to DVB

လယ်သမား​တွေနဲ့​ ဆင်း​ရဲသား​တွေအတွက် အစိုး​ရကထုတ်​ချေး​ပေး​နေတဲ့​ ​ချေး​ငွေနှစ်မျိုး​ ကို ​ကျေး​ရွာအဆင့်​မှာ လက်သင့်​သလို ထုတ်ယူ​နေတာ​ကြောင့်​ တကယ့်​ဆင်း​ရဲသား​တွေ လက်ထဲ မ​ရောက်ဘူး​လို့​ သိရပါတယ်။

အခုရက်ပိုင်း​ ပဲခူး​တိုင်း​ သာယာဝတီခရိုင်မှာ ဆင်း​ရဲသား​တဦး​ကို ကျပ်တသိန်း​စီ ထုတ်​ချေး​ တာကို ကြံ့​ခိုင်​ရေး​ပါတီအတွက် မဲဆွယ်​ပေး​ခဲ့​သူ​တွေနဲ့​ ​ငွေ​ကြေး​တတ်နိုင်သူ​တွေ ပဲ အများ​စု ရသွား​ကြတယ်လို့​ သာယာဝတီမြို့​ခံတဦး​က ​ပြောပါတယ်။

“ဆင်း​ရဲတဲ့​လူ​တွေက တန်း​တူအခွင့်​အ​ရေး​မရတဲ့​ သ​ဘောဖြစ်​နေပါတယ်။ သူတို့​နဲ့​နီး​ စပ်ရာလူ​တွေကို ​ချေး​တယ်၊​ တမြို့​နယ်လုံး​မှာရှိတဲ့​ ဆင်း​ရဲသား​တွေကို ကူညီတဲ့​ပုံစံမဖြစ် ဘူး​။ သာယာဝတီမြို့​နယ်မှာ လယ်သမား​ဦး​ရေ ဥပမာ၊​ ငါး​သောင်း​လောက်ရှိတယ် ဆိုပါ​တော့​။ အကုန်လုံး​ကို​ချေး​ငွေထုတ်​ပေး​တာမဟုတ်ဘဲနဲ့​ သူတို့​အောင်နိုင်​ရေး​တုန်း​က တက်ကြွစွာပါဝင်ကူညီခဲ့​တဲ့​ ​ကျေး​ရွာကြီး​တွေကိုပဲ ​ချေး​ငွေထုတ်​ပေး​ပြီး​ ကျန်တဲ့​ ဆင်း​ရဲတဲ့​ရွာ​တွေကို ချန်လှပ်ထား​တဲ့​ ပုံစံမျိုး​ဖြစ်​နေတာ​ပေါ့​။”

ဆင်း​ရဲမှု​လျှော့​ချ​ရေး​ ​ချေး​ငွေ​တွေကို ​တောင်သူလယ်သမား​၊​ လက်လုပ်လက်စား​၊​ ​ခေါင်း​ရွက်ဗျပ်ထိုး​ဈေး​သည်​တွေကို နှစ်ကျပ်တိုး​ ဝိုင်း​ကြီး​ချုပ်စနစ်နဲ့​ ​ချေး​ပေး​နေတယ်လို့​ အာဏာပိုင်​တွေက ဆို​ပေမယ့်​ ​အောက်​ခြေမှာ​တော့​ ခုလို ပုံစံမကျတာ​တွေ ဖြစ်​နေတာပါ။

ချေး​ငွေ​တွေကို ကြံ့​ခိုင်​ရေး​တွေ ယူသွား​တဲ့​အ​ကြောင်း​ သာယာဝတီနယ်ခံတဦး​က လည်း​ ​ပြောပါတယ်။

“အဲဒီလူ​တွေက အဓိက သွား​တာ​ပေါ့​။ ​နောက်ပြီး​တော့​ သာယာဝတီမှာ ​ကျေး​ရွာအုပ်စု ၄၈ အုပ်စုရှိတာကို သူတို့​က ​ကျေး​ရွာ​ပေါင်း​ ၂၀၀ ​ကျော်ရှိတယ်။ အိမ် ၁,၀၀၀ မှာ လူ ၄၀၀ နဲ့​ ၆၀၀ ​လောက်ပဲ ရတယ်။ သူတို့​က ဘယ်လိုသတ်မှတ်ထား​လဲ ဆို​တော့​ သူတို့​နဲ့​ မြို့​မိမြို့​ဖ​တွေနဲ့​ လက်သင့်​တဲ့​ ကြံ့​ခိုင်​ရေး​က လူ​တွေနဲ့​ အုပ်ချုပ်​ရေး​မှူး​ ​တွေက တဆင့်​ နီး​စပ်ရာကို ထုတ်​ပေး​တယ်။ ”

ပြီး​ခဲ့​တဲ့​တပတ် ​နေပြည်​တော် အစည်း​အ​ဝေး​မှာ သမ္မတဦး​သိန်း​စိန်က ဆင်း​ရဲမှုတိုက်ဖျက်​ရေး​အတွက် ​တောင်သူလယ်သမား​တွေကို စိုက်ပျိုး​ရေး​စရိတ် တဧက ကျပ်နှစ်​သောင်း​နှုန်း​က​နေ ​လေး​သောင်း​ထိ တိုး​ချေး​ပေး​နေတယ်လို့​ ဆိုခဲ့​ပါတယ်။

ပဲခူး​တိုင်း​ ​ညောင်​လေး​ပင်မြို့​နယ်က လယ်သမား​တွေကလည်း​ သမ္မတ​ပြောတဲ့​ စိုက်ပျိုး​ရေး​စရိတ်​ချေး​ငွေကို အခုချိန်မှ မရရင်၊​ စိုက်ပျိုး​ရေး​လုပ်ကိုင်ဖို့​ အချိန်​နှောင်း​ သွား​တော့​မယ်လို့​ ဆိုပါတယ်။

“​ပေး​မယ်ဆိုပြီး​ သတင်း​ထွက်​နေတယ်။ ​ညောင်​လေး​ပင်မြို့​နယ်လည်း​ ​ပေး​မယ်လို့​ ကြား​ရတယ်။ ​ရွှေကျင်မြို့​နယ်လည်း​ ​ပေး​မယ်လို့​ ကြား​တယ်။ ​ကျောက်တံတား​မြို့​နယ်လည်း​ ကြား​တယ်။ ကြား​တာပဲရှိတာ။ တကယ်​ပေး​မယ်ဆိုရင် မိုး​စပါး​လုပ်ဖို့​ပေး​တယ်ဆိုရင် မိုး​စပါး​အတွက် တကယ်လိုအပ်တဲ့​အချိန်မှာ ​ပေး​ရင်​ကောင်း​တာ​ပေါ့​။ ဘာလို့​လဲဆို​တော့​ ဒီအချိန်မှာ စိုက်ပြီး​ရင် ဒီအချိန်မှာ ​အောင်မြင်ပြီး​ရင် ​မြေဩဇာ လိုတဲ့​အချိန်​ပေါ့​။”

နေပြည်​တော် စီး​ပွား​ရေး​ဆိုင်ရာ ​ဆွေး​နွေး​ပွဲမှာလည်း​ သမ္မတဦး​သိန်း​စိန်က လယ်သမား​တွေဘဝ အဆင်​ပြေဖို့​အတွက် အစိုး​ရမှာ တခြား​အစီအစဉ်​တွေရှိတယ်လို့​ ​ပြောခဲ့​ကြောင်း​ အဲဒီအစည်း​အ​ဝေး​ကို တက်​ရောက်ခဲ့​တဲ့​ ​ဇေကမ္ဘာဦး​ခင်​ရွှေက ​ပြောပြပါတယ်။

“လယ်သမား​တွေ စိုက်တာပျိုး​တာ သူတို့​စား​ဖို့​သောက်ဖို့​ ​လောက်တဲ့​အထိ ဥပမာ ဆန်တတန်ကို ​လေး​သိန်း​လောက်ဆိုရင် သူတို့​အတွက် အသက်ရှူ​ချောင်တာ​ပေါ့​။ ​လေး​သိန်း​လောက်ကို နိုင်ငံ​တော်က​နေ သတ်မှတ်ပြီး​ ဝယ်ဖို့​သ​ဘောကို မူချလိုက်ပါတယ်။ ဆန်ကုန်သည်ကြီး​များ​အသင်း​နဲ့​ ​ပေါင်း​ပြီး​တော့​ နိုင်ငံ​တော်သမ္မတက​နေ အဲ​လောက်​ပြောပြီး​ပြီ အ​သေး​စိတ်ကို​တော့​ သက်ဆိုင်ရာက​နေ ဆွဲကြ​တော့​မှာပါ။”

အစိုး​ရရဲ့​အစီအစဉ်​တွေ မ​ရေရာ​သေး​ပေမယ့်​ ဒီနှစ် စပါး​တင်း​ ၁၀၀ ကို ကျပ်သုံး​သိန်း​ ​အောက် ​ဈေး​ကျ​နေတာ၊​ စိုက်ပျိုး​ချိန်မှာ မိုး​များ​ရေလျှံလို့​ ပျက်စီး​သွား​တဲ့​ လယ်​တွေကို စိုက်ပျိုး​စရိတ်​တွေမရှိလို့​ ပြန်မစိုက်နိုင်တာ​တွေ​ကြောင့်​ ​နောင်နှစ်မှာလည်း​ စပါး​အထွက် ကျပြီး​ လယ်သမား​တွေဘဝ နာလန်မထူမှာ ​သေချာတယ်လို့​ လယ်သမား​တွေက ဆိုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013