A d v e r t i s e m e n t With Us

ထိုင်း​အစိုး​ရက အလုပ်သမား​ ပူး​ပေါင်း​ဆောင်ရွက်​ရေး​စင်တာများ​ ဖွင့်​လှစ်ရန်စီစဉ်

ကိုမိုးဝေ
လူကုန်ကူး​မှု၊​ အလုပ်သမား​ မလုံ​လောက်မှု၊​ တရား​မဝင် အလုပ်သမား​ငှား​ရမ်း​မှု စတဲ့​ပြဿနာ​တွေကို ​ဖြေရှင်း​နိုင်ဖို့​ ထိုင်း​အစိုး​ရက အလုပ်သမား​ ပူး​ပေါင်း​ဆောင်ရွက်​ရေး​စင်တာ ၇ ခုကို မြန်မာအလုပ်သမား​ အများ​ဆုံး​ရှိတဲ့​ ထိုင်း​နိုင်ငံ ​တောင်ပိုင်း​မှာ ဖွင့်​လှစ်​တော့​မှာ ဖြစ်ပါတယ်။ ဒီစင်တာ​တွေကို အမျိုး​သား​ ငါး​ဖမ်း​လုပ်ငန်း​အသင်း​နဲ့​ ပူး​ပေါင်း​ဖွင့်​လှစ်မယ်လို့​ ထိုင်း​အစိုး​ရ အလုပ်သမား​လူမှုဖွံ့​ဖြိုး​ရေး​နှင့်​ လူသား​ဖြစ်တည်မှု လုံခြုံ​ရေး​ဝန်ကြီး​ဌာနက မ​နေ့​က ထုတ်ပြန်​ကြေညာပါတယ်။ [caption id="attachment_14614" align="alignright" width="300" caption="ကိုမိုးဝေ"][/caption] ထိုင်း​နိုင်ငံ​ရောက် မြန်မာအလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​တွေ ​ဆောင်ရွက်​နေတဲ့​ ဖွံ့​ဖြိုး​ရေး​နဲ့​ ပညာ​ရေး​ဖောင်​ဒေး​ရှင်း​ FED က အလုပ်သမား​ရေး​ရာတာဝန်ခံ ကိုမိုး​ဝေက အခုလို ရှင်း​ပြပါတယ်။ "အလုပ်သမား​တွေရဲ့​ ကိုယ်စား​လှယ်ကိုယ်တိုင် ဒီစင်တာရုံး​မှာရှိ​နေဖို့​၊​ အခက်အခဲအ​ကြောင်း​အရာ တခုခုရှိရင် ကျ​နော်တို့​ပြန်ရှင်း​ပြနိုင်ဖို့​၊​ ကျ​နော်တို့​အလုပ်သမား​ဘက်ကပဲမှား​လား​၊​ အလုပ်ရှင်ကပဲမှား​လား​၊​ အစိုး​ရဌာနဘက်ကပဲ တချို့​ကပဲနား​လည်မှု မ​ပေး​တာလား​၊​ အဲဒါ​တွေကိုနား​လည်ဖို့​ဆိုရင်ကျ​နော်တို့​အဲဒီလို စင်တာ​တွေရှိ​နေဖို့​လိုတယ်။ အဲဒါကိုလည်း​ အစီရင်ခံစာတ​စောင်အဖြစ် ဝန်ကြီး​ဌာနကို တင်သွင်း​ထား​တာလည်း​ ရှိတယ်​လေ။ တင်ပြတဲ့​အချိန်မှာ အဲဒါကို ဝန်ကြီး​ဌာနအား​လုံး​က လက်ခံတယ်ဗျာ။ သူတို့​ အဲဒါကိုအ​ကောင်အထည်​ဖော်မယ် ဆိုပြီး​တော့​ ဒီနှစ်စကတည်း​က စလုပ်ထား​ပြီ။" ဖွံ့​ဖြိုး​ရေး​နဲ့​ ပညာ​ရေး​ဖောင်​ဒေး​ရှင်း​ FED နဲ့​ ထိုင်း​အာဏာပိုင်အဖွဲ့​အစည်း​ ကိုယ်စား​လှယ်​တွေပါဝင်ပြီး​ ဇူလိုင်လလယ်ကပြုလုပ်တဲ့​ အလုပ်ရုံ​ဆွေး​နွေး​ပွဲမှာ အလုပ်ရှင်၊​ အလုပ်သမား​နဲ့​ အစိုး​ရဌာန သုံး​ပွင့်​ဆိုင်ပါဝင်တဲ့​ အလုပ်သမား​ စင်တာ​တွေဖွင့်​လှစ်​ပေး​ရေး​အဆို​တွေကို အား​လုံး​က သ​ဘောတူခဲ့​ကြပြီး​တဲ့​နောက် ဒီစင်တာ​တွေ ဖွင့်​လှစ်ဖို့​ ထိုင်း​အစိုး​ရက သတင်း​ထုတ်ပြန်ခဲ့​တာလည်း​ ဖြစ်ပါတယ်။ ဒါ့​အပြင် ဒီလ ၈ ရက်​နေ့​က​နေ ၁၉ ရက်​နေ့​အထိ လူကုန်ကူး​မှုဆိုင်ရာ ကုလသမဂ္ဂအထူး​ကိုယ်စား​လှယ် မစ္စစ်ဂျွိုင်း​ ငိုဇီ အီ​ဇေလိုက ထိုင်း​နိုင်ငံအတွင်း​ လူကုန်ကူး​မှု​တွေကို လာ​ရောက်စစ်​ဆေး​ခဲ့​တာ​တွေနဲ့​လည်း​ တိုက်ဆိုင်​နေပါတယ်။    

A d v e r t i s e m e n t With Us

More News
Up