DVB Logo
Home
မြန်မာသတင်း
နိုင်ငံ​ရေး​အကျဉ်း​သား​များ​လွှတ်ရန် တကိုယ်​တော်ဆန္ဒပြ
DVB
·
August 23, 2011
နိုင်ငံ​ရေး​အကျဉ်း​သား​များ​လွှတ်ရန် တကိုယ်​တော်ဆန္ဒပြ
Donate to DVB

နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​အတွက် ရန်ကုန်တိုင်း​ တွံ​တေး​မြို့​က ဒီမိုက​ရေစီအ​ရေး​ တက်ကြွလှုပ်ရှား​သူ ဦး​အောင်​ဖေက ဒီ​နေ့​ တကိုယ်​တော်ဆန္ဒပြပါတယ်။

[caption id="attachment_14609" align="alignright" width="300" caption="ဦးအောင်​ဖေ (ဓာတ်ပုံ - ​အေ​အေပီပီ)"][/caption]

နိုင်ငံ​ရေး​အကျဉ်း​သား​ဝတ်စုံ အ​ပေါ်အပြာ ​အောက်အပြာဝတ်ပြီး​ ကတ်ထူစက္ကူပြား​ ​ပေါ်မှာ ‘နိုင်ငံ​ရေး​အကျဉ်း​သား​များ​ကို လွှတ်​ပေး​ခြင်း​သည် အ​ရေး​ကြီး​ဆုံး​ လူ့​အခွင့်​အ ​ရေး​ဖြစ်သည်လို့​’ စာလုံး​ကြီး​ကြီး​နဲ့​ ​ရေး​ပြီး​ ဒီမနက် ၉ နာရီမှာ တွံ​တေး​မြို့​ထဲ လှည့်​လည် ဆန္ဒပြတာပါ။

“ဆန္ဒပြရခြင်း​က မြန်မာနိုင်ငံထဲမှာ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေရှိ​နေတုန်း​ပဲ။ အဓိက လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှုအခံရဆုံး​က​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ​တွေဖြစ်တယ်။ သူတို့​ကို အခုချိန်ထိ လွှတ်​ပေး​ခြင်း​မရှိ​သေး​ဘူး​။ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်​ပေး​ဖို့​အချိန်တန်ပြီ သူတို့​ကို လွှတ်​ပေး​ခြင်း​သာလျှင် အ​ရေး​ကြီး​ဆုံး​ လူ့​အခွင့်​ အ​ရေး​ဖြစ်ပါတယ်။ လူထုဆန္ဒထုတ်​ဖော်တဲ့​အ​နေနဲ့​ အခုလို ဆန္ဒပြရခြင်း​ဖြစ်ပါတယ်” လို့​ ဦး​အောင်​ဖေက ​ပြောပါတယ်။

ဆန္ဒပြတဲ့​ ဦး​အောင်​ဖေကို အာဏာပိုင်​တွေက မှတ်တမ်း​တင် ဓာတ်ပုံရိုက်တာ ကလွဲလို့​ ဟန့်​တား​ ဖမ်း​ဆီး​မှုမရှိဘူး​လို့​လည်း​ ​ပြောပါတယ်။

ဦး​အောင်​ဖေဟာ ဒီမိုက​ရေစီအ​ရေး​ တက်ကြွလှုပ်ရှား​သူတဦး​ဖြစ်ပြီး​ ပြီး​ခဲ့​တဲ့​ ၂၀၀၉ ခုနှစ် ​တော်လှန်​ရေး​နေ့​ကလည်း​ နိုင်ငံ​ရေး​ အကျဉ်း​သား​လွှတ်​ပေး​ရေး​နဲ့​ နိုင်ငံတဝန်း​ပိတ်ထား​တဲ့​ အဖွဲ့​ချုပ်ရုံး​တွေကို ပြန်ဖွင့်​ပေး​ဖို့​ တကိုယ်​တော် ဆန္ဒပြခဲ့​လို့​ ဖမ်း​ဆီး​ခံရပြီး​ ​ထောင်ဒဏ် တနှစ်ချမှတ်ခံခဲ့​ရပါတယ်။

၂၀၀၅ ခုနှစ်တုန်း​ကလည်း​ တွံ​တေး​မြို့​ လွတ်လပ်​ရေး​ ​ကျောက်တိုင်​ရှေ့​မှာ ​ကျောင်း​သား​တွေနဲ့​အတူ သွား​ရောက်အ​လေး​ပြုခဲ့​လို့​ ဖမ်း​ဆီး​ခံရပြီး​ ​ထောင် ၃ နှစ်ကျခံခဲ့​ရဖူး​ပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013