DVB Logo
Home
မြန်မာသတင်း
လွှတ်​တော်​ကော်မတီများ​၌ ပြည်ခိုင်ဖြိုး​နှင့်​ ဝန်ကြီး​ဟောင်း​ များ​နေဟု ​ဝေဖန်
DVB
·
August 23, 2011
Donate to DVB

လွှတ်​တော်​တွေက ​ရေး​ရာ​ကော်မတီသစ်​တွေမှာ နအဖ စစ်အစိုး​ရ​ခေတ်က ဝန်ကြီး​ ​ဟောင်း​တွေနဲ့​ တပါတီ လွှမ်း​မိုး​မှု လွန်ကဲ​နေတယ်လို့​ နိုင်ငံ​ရေး​ပါတီ ​ခေါင်း​ဆောင်​တွေက ​ဝေဖန်ကြပါတယ်။

မ​နေ့​ကစတဲ့​ ပြည်သူ့​လွှတ်​တော် အစည်း​အ​ဝေး​မှာ ​ကော်မတီ ၁၈ ခု၊​ အမျိုး​သား​ လွှတ်​တော်မှာ ၈ ခု ဖွဲ့​စည်း​အတည်ပြုပါတယ်။ ဒီ​ကော်မတီ​တွေမှာ ဥက္ကဋ္ဌ​တွေအဖြစ် ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နှင့်​ဖွံ့​ဖြိုး​ရေး​ပါတီ အမှု​ဆောင်အဖွဲ့​ဝင် ဝန်ကြီး​ဟောင်း​တွေက အများ​စုပါဝင်​နေတဲ့​အ​ပေါ် ဒီ့​ပြင်ပါတီ​ခေါင်း​ဆောင်​တွေက ​ဝေဖန်ကြတာ ဖြစ်ပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု NDF ပါတီ ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ဦး​ခင်​မောင်​ဆွေက “အမှန်မှာ​တော့​ ​ကော်မတီ ဥက္ကဋ္ဌ​နေရာမှာ ပါတီစုံက​နေ သင့်​တော်တဲ့​ပုဂ္ဂိုလ်​တွေ ပါမယ်ဆိုရင်​တော့​ မြင်ကွင်း​ပိုလှတာ​ပေါ့​” လို့​ ​ပြောပါတယ်။

“မပါနိုင်ဘူး​ဆို​တော့​ တချက်​စောင့်​ကြည့်​ရမှာက အဲဒီ​ကော်မတီထဲမှာ တခြား​ပါတီထဲက ပုဂ္ဂိုလ်​တွေ​ရော ​ကော်မတီဝင်​တွေအဖြစ် ဆက်ပါလာဦး​မလား​ဆိုတာ ဆက်ကြည့်​ရမှာ​ပေါ့​။ ​ကော်မတီထဲမှာ ဒီမိုကရက်တစ်အင်အား​စု​တွေကို ဥက္ကဋ္ဌ​နေရာ​တွေ မရတာ​တော့​ သာမန်မျက်စိနဲ့​ ကြည့်​ရင်​တော့​ သိပ်ကြည့်​မ​ကောင်း​ဘူး​ပေါ့​။”

ဝန်ကြီး​ဟောင်း​တွေကို အဓိက ခန့်​တာဟာ ပြည်ခိုင်ဖြိုး​ပါတီတွင်း​ ဗျူဟာ ဖြစ်နိုင်တယ်လို့​လည်း​ ဦး​ခင်​မောင်​ဆွေက သုံး​သပ်ပါတယ်။

“သူတို့​အခက်အခဲလည်း​ ရှိ​ကောင်း​ရှိမှာ​ပေါ့​။ ဒီလိုပုဂ္ဂိုလ်​တွေကို ​ကော်မတီဥက္ကဌ​လောက် ​တော့​ ​ပေး​မှဖြစ်မယ်ဆိုတဲ့​ internal strategy ​တွေလည်း​ ရှိ​ကောင်း​ရှိမှာ​ပေါ့​။ ကျ​နော်တို့​ မမြင်နိုင်တဲ့​ကိစ္စ​တွေကို သွား​ဝေဖန်လို့​တော့​ မရဘူး​ပေါ့​။ အ​ရေး​ကြီး​တာက အဲဒီ​ကော်မတီ​တွေက ပြည်သူ​တွေကို တကယ်ပဲ ထိ​ရောက်တဲ့​ လုပ်​ဆောင်မှု​တွေ ​ပေး​မ​ပေး​ဆိုတဲ့​ အချိန်အခါနဲ့​ တိုင်း​တာရမှာကိုး​။ တဆင့်​ထပ်ကြည့်​ရမှာ​ပေါ့​။”

တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ပါတီရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​ဟန်​ရွှေက​တော့​ လုပ်ငန်း​အ​တွေ့​အကြုံရှိသူ​တွေကို ​ကော်မတီတာဝန်​တွေ​ပေး​တာ ဖြစ်နိုင်တယ်လို့​ ဆိုပါတယ်။

“ဝန်ကြီး​အဆင့်​မဟုတ်တဲ့​လူ​တော့​ အနည်း​အကျဉ်း​ပဲ ​တွေ့​ရတယ်။ တတ်နိုင်သမျှ ဝန်ကြီး​အဆင့်​က ပုဂ္ဂိုလ်​တွေ၊​ အရင်တုန်း​က ဝန်ကြီး​တွေ၊​ ပါတီအ​နေနဲ့​ ​ပြောမယ်ဆိုရင် ​တော့​ ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ပါတီရဲ့​ ဗဟိုအလုပ်အမှု​ဆောင် ​ကော်မတီဝင်​တွေကို တာဝန်​ပေး​အပ် တာ ​တွေ့​ရ​တော့​ လုပ်ငန်း​အ​တွေ့​အကြုံအရ ဆိုရင်လည်း​ လက်ရှိ အ​တွေ့​အကြုံရှိ​နေပြီး​ သား​လည်း​ ဖြစ်တယ်။ ​နောက်တခါ ဒီဟာ​တွေနဲ့​ ပတ်သက်လို့​ လုပ်ငန်း​တွေ အ​ကောင်အထည်​ဖော်တဲ့​အခါ သက်ဆိုင်ရာ ဝန်ကြီး​ဌာနနဲ့​ ဆက်စပ်မှုယူပြီး​တော့​ လုပ်ရင်​တော့​ ​ချော​မွေ့​တဲ့​သ​ဘောမျိုး​ အဲလိုမျိုး​ရည်ရွယ်ပြီး​တော့​ တာဝန်​ပေး​သလား​လို့​ မြင်ပါတယ်။”

လွှတ်​တော်ဥပ​ဒေ၊​ နည်း​ဥပ​ဒေ​တွေမှာ​တော့​ လွှတ်​တော်​တွေဟာ ဥပ​ဒေပြု​ရေး​၊​ အုပ်ချုပ်​ရေး​၊​ တိုင်း​ရင်း​သား​လူမျိုး​များ​အ​ရေး​၊​ စီး​ပွား​ရေး​၊​ ဘဏ္ဍာ​ရေး​၊​ လူမှု​ရေး​နဲ့​ နိုင်ငံခြား​ရေး​တို့​အပြင် တခြား​ရေး​ရာကိစ္စ​တွေကို ​လေ့​လာတင်ပြနိုင်ဖို့​ လွှတ်​တော်ကိုယ်စား​လှယ်​တွေနဲ့​ ​ကော်မတီ​တွေကို ကာလသတ်မှတ်ဖွဲ့​စည်း​ခဲ့​တာလို့​ ဆိုပါတယ်။

ဒီ​ကော်မတီ​တွေရဲ့​ အဖွဲ့​ဝင်ဦး​ရေ၊​ တာဝန်၊​ လုပ်ပိုင်ခွင့်​၊​ ရပိုင်ခွင့်​နဲ့​ သက်တမ်း​ကိုပါ တခါတည်း​ သတ်မှတ်​ပေး​ရမှာလည်း​ ဖြစ်ပါတယ်။ ဒါ့​အပြင် လွှတ်​တော်က တခြား​ကိစ္စ​တွေကို ​လေ့​လာဖို့​ လိုအပ်လာရင်လည်း​ လွှတ်​တော် ကိုယ်စား​လှယ်​တွေနဲ့​ ဖြစ်​စေ၊​ တခြား​နိုင်ငံသား​တွေနဲ့​ဖြစ်​စေ ဖွဲ့​စည်း​ခွင့်​ရှိတယ်လို့​လည်း​ ​ဖော်ပြထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013