DVB Logo
Home
မြန်မာသတင်း
ဥပ​ဒေအချို့​ဖျက်သိမ်း​ပြင်ဆင်​ရေး​ ပြည်​ထောင်စုလွှတ်​တော်သို့​တင်ပြ
DVB
·
August 23, 2011
Donate to DVB

အမြတ်ခွန်ဥပ​ဒေ လုံး​ဝဖျက်သိမ်း​ရေး​ ဥပ​ဒေမူကြမ်း​ အပါအဝင် ဘဏ္ဍာအခွန်နဲ့​ သက်ဆိုင်တဲ့​ ဥပ​ဒေမူကြမ်း​တွေကို ဘဏ္ဍာ​ရေး​နှင့်​ အခွန်ဝန်ကြီး​ဌာန ဝန်ကြီး​ ဦး​လှထွန်း​က ပြည်​ထောင်စုလွှတ်​တော်အစည်း​အ​ဝေး​မှာ တင်သွင်း​ပြီး​ ပြည်​ထောင်စုလွှတ်​တော်က ထပ်မံ​ဆွေး​နွေး​ဖို့​ ဆုံး​ဖြတ်ပါတယ်။

တံဆိပ်​ခေါင်း​အက်ဥပ​ဒေ၊​ ကုန်သွယ်လုပ်ငန်း​ခွန်ဥပ​ဒေ၊​ ဝင်​ငွေခွန်ဥပ​ဒေ၊​ ရုံး​ခွန်ဥပ​ဒေ ဝင်​ငွေခွန်ဥပ​ဒေ၊​ ရုံး​ခွန်ဥပ​ဒေ စတဲ့​ဥပ​ဒေတို့​ကို ပြင်ဆင်​ရေး​အတွက် ဥပ​ဒေမူ ကြမ်း​တွေကိုလည်း​ ဝန်ကြီး​က တင်ပြသွား​ပါတယ်။

ဒီဥပ​ဒေမူကြမ်း​ပြင်ဆင်​ရေး​တွေနဲ့​ပတ်သက်ပြီး​ ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ် ဦး​ကြည်မြင့်​ (လသာ) က ခုလို သုံး​သပ်​ပြောကြား​ပါတယ်။

“ထင်တိုင်း​ကြဲတဲ့​ ကိစ္စ​တွေ၊​ သူတို့​ပြောတဲ့​စကား​မှာ ၂ ချက်ပဲ ခံပါတယ်။ ဥပ​ဒေ​တွေက အလွန်ကြာ​ညောင်း​လာ​တော့​ သဘာဝမကျ​တော့​တာနဲ့​ ​ဈေး​ကွက်စီး​ပွား​ရေး​အရ ဒီဟာ​တွေက အဟန့်​အတား​ဖြစ်​စေတဲ့​ အတွက် ဒီ ၂ ချက်ကို ခံပြီး​တော့​ ဒီ ၅ ခုလုံး​ကို တခါထ​ပြောတိုင်း​ ဒီနှစ်ခုကို ခံ​ပြောတယ်။ ကျ​နော်တို့​ကို လွှတ်​တော်အစည်း​အ​ဝေး​မှာ ​ပေး​ပါတယ်။”

ပြည်​ထောင်စုလွှတ်​တော်နာယက ဦး​တင်​အောင်မြင့်​ရဲ့​ ​ပြောကြား​သွား​ချက်က ထူး​ခြား​တယ်လို့​လည်း​ ဦး​ကြည်မြင့်​က ​ပြောပါတယ်။

“ပြည်​ထောင်စုလွှတ်​တော် နာယကကြီး​ ဦး​တင်​အောင်မြင့်​ရဲ့​ ​နောက်ဆုံး​စကား​လေး​က လှတယ်။ အဲဒါက​တော့​ အခုလွှတ်​တော်မှာလည်း​ ​ဆောင်ပုဒ်​လေး​တခု ​ရေး​ထား​တယ်။ အဲဒါထည့်​ပြောတယ်။ ​နောက်တခါ ပြည်သူ့​အသံ၊​ လွှတ်​တော်အသံ၊​ ပြည်သူ့​ဆန္ဒ၊​ လွှတ်​တော်ဆန္ဒ၊​ ပြည်သူ့​သ​ဘောထား​၊​ လွှတ်​တော်က အ​ရေး​တယူ ​ဆောင်ရွက်သွား​မယ်ဆိုတဲ့​ဟာကို အဲဒါ​လေး​ကို ​ပြောရင်း​နဲ့​ သူက အခုကျင်း​ပမယ့်​ လွှတ်​တော်မှာ အ​ထွေ​ထွေ ​မေး​ခွန်း​တွေ မြန်မြန်ဆန်ဆန်​လေး​နဲ့​ စုံစုံလင်လင်​လေး​ လုပ်ကြပါစို့​လို့​ ​ပြောပြီး​ နိဂုံး​ချုပ်သွား​တယ် အဲ့​စကား​လေး​က​တော့​ လှပါတယ်။”

မနက်ဖြန် ဒုတိယ​နေ့​ ပြည်သူလွှတ်​တော်နဲ့​ အမျိုး​သား​လွှတ်​တော် ပုံမှန်အစည်း​အ​ဝေး​တွေမှာ အဆို​တွေ တင်သွင်း​ဖို့​ရှိသလို ဥပ​ဒေမူကြမ်း​တချို့​ကိုလည်း​ ထပ်မံ​ဆွေး​နွေး​ဖို့​ သင့်​မသင့်​ ဆုံး​ဖြတ်ဖို့​ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013