DVB Logo
Home
မြန်မာသတင်း
ရှမ်း​ပြည်နယ်​တောင်ပိုင်း​ ​ညောင်​ရွှေ – ​ရွှေ​ညောင် ​ရေကြီး
DVB
·
August 23, 2011
Gallery image 1
1 / 2
Donate to DVB

မိုး​ဆက်တိုက်သည်း​ထန်တဲ့​အပြင် ကန်​ရေ​ဖောက်ချမှု​ကြောင့်​ ရှမ်း​ပြည်နယ် ​ညောင်​ရွှေနဲ့​ ​ရွှေ​ညောင်မြို့​နယ်တို့​မှာ ​ရေလွှမ်း​မိုး​နေတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​အပတ်ကစပြီး​ မိုး​တွေဆက်တိုက်ရွာ​နေတုန်း​ဖြစ်တဲ့​အပြင် ​တောင်ကြီး​မြို့​ အ​နောက်ဘက် ကျီး​ဖြူ​ရေကန်နဲ့​ ကန်နီ​ရေကန်ဘက်က ​ရေတံခါး​တွေ ​ဖောက်ချလိုက်တဲ့​အတွက်လည်း​ ဒီမြို့​နယ်နှစ်ခုထဲကို ​ရေ​တွေဝင်လာတာလို့​ ဆိုပါတယ်။

ရွှေ​ညောင်မြို့​ မင်္ဂလာ​အောင်​မြေရပ်ကွက်နဲ့​ တာ​ယော​ချောင်း​ဘက်က ရွာ​ပေါင်း​ ၁၀ ရွာ​လောက် ​ရေလွှမ်း​ခံရပါတယ်။ ​ရေ​ဘေး​ကြောင့်​ ထိခိုက်ဒဏ်ရာရတဲ့​သူ​တွေ မရှိ​ပေမယ့်​ လူ ၁၀၀ ​ကျော် ​ဘေး​လွတ်ရာမှာ ​ရွှေ့​ပြောင်း​နေထိုင်​နေရတယ်လို့​ ​ရွှေ​ညောင်မြို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။

“တာ​ယော​ချောင်း​ဆိုတာ နာမည်ကြီး​တယ်။ ​ရွှေ​ညောင်နား​နဲ့​ ​ရွှေကျီး​မှာ​တော့​ ​ချောင်း​ကြီး​က ​တော်​တော်နက်ပါတယ်။ အဲဒီ​ချောင်း​ကြီး​ကို ​ကျော်ပြီး​တော့​ ကား​လမ်း​ပေါ်ကို ​ကျော်တယ်​လေ။ တ​တောင်​လောက်တက်တယ်။ ​တော်​တော်​လေး​ကို ဒုက္ခ​ရောက်တယ်။ ​လေး​ငါး​ရက်ရှိပြီ၊​ ​ရေမကျ​သေး​ဘူး​။ ​ဆွေမျိုး​အိမ်​တွေမှာ လိုက်​နေရတယ်။ တာ​ယော​ဘေး​က တိမ်း​စိမ်ရွာဆိုတာ ရှမ်း​ရွာ​ပေါ့​။ ​ရွှေ​ညောင်မြို့​ ခန်း​မလုပ်ထား​တဲ့​ ​ရွှေပြည်သာခန်း​မမှာ လာ​နေ​နေရတယ်။”

တာ​ယော​ချောင်း​ ​တောင်ဘက်မှာရှိတဲ့​ ​ညောင်​ရွှေမြို့​နယ်မှာလည်း​ ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​က စပြီး​ ​ရေ​တွေစဝင်လာလို့​ ကံသာရပ်ကွက်ကို ​ရေကြီး​နေပါတယ်။ ​ညောင်​ရွှေနဲ့​ ​ရွှေ​ညောင်ကြား​က ​ပေါရိသတ်ရွာမှာ ၂ ​ပေ​ကျော်အထိ ​ရေတက်လို့​ စပါး​ခင်း​တွေ ​ရေလွှမ်း​နေပြီး​ ​ရေ​ဘေး​ဒုက္ခသည် ၁၀၀ ​ကျော် ဓမ္မရိပ်သာ ဘုန်း​ကြီး​ကျောင်း​မှာ ခိုလှုံ​နေရတယ်လို့​ ​ညောင်​ရွှေ​ဒေသခံတဦး​က ​ပြောပါတယ်။

ဒီလို​ရေကြီး​တဲ့​အ​တွေ့​အကြုံကို ပြီး​ခဲ့​တဲ့​နှစ်​တွေကလည်း​ မကြာခဏခံခဲ့​ရတယ်လို့​လည်း​ ​ပြောပါတယ်။

ရွှေ​ညောင် - ​ညောင်​ရွှေက​နေ ​တောင်ကြီး​မြို့​ကိုသွား​တဲ့​ ကား​လမ်း​ (​ဒေသအ​ခေါ် ပ​စောက်​ကွေ့​ နှစ်ထပ်လမ်း​) မှာလည်း​ စ​နေ​နေ့​ညက ​မြေပြိုကျတဲ့​အတွက် ကား​အစီး​ ၁၀၀ ​လောက် ယာဉ်​ကြောပိတ်ခဲ့​ပါ တယ်။

မိုး​သည်း​လို့​ ​တောင်ကြီး​မြို့​နယ် ဆိုင်လဲ​ဒေသမှာလည်း​ ​မြေပြို​ပေမယ့်​ ထိခိုက်ပျက်စီး​မှု​တော့​ မရှိဘူး​လို့​ ​ဒေသခံ​တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013