DVB Logo
Home
မြန်မာသတင်း
နယ်စပ်ပြဿနာ​ဖြေရှင်း​ရေး​ မြန်မာရဲချုပ် ထိုင်း​နိုင်ငံ သွား​ရောက်
DVB
·
August 22, 2011
နယ်စပ်ပြဿနာ​ဖြေရှင်း​ရေး​ မြန်မာရဲချုပ် ထိုင်း​နိုင်ငံ သွား​ရောက်
Donate to DVB

မူး​ယစ်​ဆေး​ဝါး​နှိမ်နင်း​ဖို့​အပါအဝင် နှစ်နိုင်ငံ နယ်စပ်ပြသနာ​တွေ ပူး​ပေါင်း​ဖြေရှင်း​ဖို့​ မြန်မာရဲချုပ် ထိုင်း​နိုင်ငံကို ​ရောက်ရှိ​နေပါတယ်။

ရဲချုပ် ဦး​ကျော်​ကျော်ထွန်း​ ဦး​ဆောင်တဲ့​အဖွဲ့​ဟာ ထိုင်း​ရဲချုပ်နဲ့​ ​တွေ့​ဆုံဖို့​ ရှမ်း​ပြည်နယ် တာချီလိတ်မြို့​က​နေ ထိုင်း​ငံ ဘန်​ကောက်မြို့​ကို ဒီ​နေ့​ရောက်ရှိသွား​ပါတယ်။

ထိုင်း​ရဲချုပ်ဟာ ဒီလ ၁၃ ရက်က​နေ ၁၅ ရက်အထိ ​နေပြည်​တော်ခရီး​စဉ်တုန်း​က ရဲချုပ်ဦး​ကျော်​ကျော်ထွန်း​နဲ့​တွေ့​ဆုံပြီး​ မူး​ယစ်​ဆေး​ဝါး​နှိမ်နင်း​ရေး​ အပါအဝင် နှစ်နိုင်ငံနယ် စပ်ပြသနာ​တွေ ပူး​ပေါင်း​ဖြေရှင်း​ရေး​ ​ဆွေး​နွေး​ခဲ့​ကြတာပါ။

အခုတကြိမ် ​တွေ့​ဆုံမှုမှာ​တော့​ လက်​တွေ့​လုပ်ငန်း​စဉ်​တွေ အ​သေး​စိတ် ​ဆွေး​နွေး​ချမှတ်ကြဖို့​ပဲလို့​ အမည်မ​ဖော်လိုတဲ့​ ထိုင်း​အဆင့်​မြင့်​အရာရှိတဦး​က ​ပြောပါတယ်။

တာချီလိတ်မြို့​ မူး​ယစ်​ဆေး​ဝါး​ နှိမ်နင်း​ရေး​ဌာနနဲ့​ နီး​စပ်သူတဦး​ကလည်း

မြန်မာအစိုး​ရနဲ့​အပစ်အခတ်ရပ်စဲထား​တဲ့​ ရှမ်း​ပြည်နယ်ထဲက လက်နက်ကိုင်အဖွဲ့​ အစည်း​တွေ၊​ ပြည်သူ့​စစ်အဖွဲ့​တွေနဲ့​နယ်ခြား​စောင့်​တပ်​တွေဟာ မူး​ယစ်​ဆေး​ဝါး​ ထုတ်လုပ်​ရောင်း​ဝယ်​နေကြတဲ့​အတွက် အဲဒီ​ဒေသ​တွေ၊​ ​ရွှေတြိဂံနယ်​မြေနဲ့

ထိုင်း​နိုင်ငံဘက်ခြမ်း​က မဲ့​ဖား​လွမ်​ဒေသတို့​ကို ကြပ်မတ်နိုင်ဖို့​ အဓိကကျတယ်လို့​ပြောပါတယ်။

ထိုင်း​မီဒီယာ​တွေက​တော့​ မူး​ယစ်​ဆေး​ပ​ပျောက်​ရေး​ နှစ်နိုင်ငံပူး​ပေါင်း​ဆောင်ရွက်​ရေး​ စီမံကိန်း​ အ​သေး​စိတ် ​ရေး​ဆွဲနိုင်ဖွယ်ရှိတယ်လို့​ သတင်း​ထုတ်ပြန်ပါတယ်။

ထိုင်း​သတင်း​ထောက်တဦး​က "မူး​ယစ်​ဆေး​ဝါး​အပါအဝင် နိုင်ငံဖြတ်​ကျော် ရာဇဝတ်မှု​တွေ ထိုင်း​နဲ့​မြန်မာ နှစ်နိုင်ငံ ပူး​ပေါင်း​ဆောင်ရွက်ဖို့​ဆိုတဲ့​နေရာမှာ တကယ်မလုပ်ခင် ရှင်း​ရှင်း​လင်း​လင်း​ဖြစ်ဖို့​အရင်ညှိနှိုင်း​ကြရတာ။ ​ဘောင်​တွေ နယ်​မြေ​တွေကို အ​သေအချာ ချမှတ်ခွဲ​ဝေကြရမယ်။ နှစ်နိုင်ငံအကြား​ တွဲလုပ်၊​ ခွဲလုပ်ရမယ့်​ ကိစ္စ​တွေ ​နောက်ပိုင်း​မှာ မရှင်း​မရှင်း​ပြဿနာ​တွေမဖြစ်​အောင် ​ငွေ​ကြေး​ခွဲ​ဝေသုံး​စွဲမှုပိုင်း​မှာ ဘယ်လို ခွဲ​ဝေသုံး​စွဲကြမယ်ဆိုတာ​တွေလည်း​ ပါတယ်” လို့​ ​ပြောပါတယ်။

လွန်ခဲ့​တဲ့​ရက်ပိုင်း​အတွင်း​ ကရင်ပြည်နယ်က နယ်ခြား​စောင့်​တပ်​ခေါင်း​ဆောင် ​စောချစ်သူကို ထိုင်း​အစိုး​ရဘက်က ​တွေ့​ဆုံတာဟာလည်း​ နှစ်ဘက်ပူး​ပေါင်း​ဆောင် ရွက်မယ့်​ ဒီစီမံကိန်း​ရဲ့​ တစိတ်​ဒေသပဲလို့​လည်း​ ဆိုပါတယ်။

မြန်မာပြည်က ထုတ်လုပ်တဲ့​ မူး​ယစ်​ဆေး​ဝါး​တွေ ထိုင်း​နိုင်ငံကိုဖြတ်​ကျော်ပြီး​ ကမ္ဘာကို ပျံ့​နှံ့​နေတာ အပါအဝင် နိုင်ငံဖြတ်​ကျော်ရာဇဝတ်မှု​တွေ နှိမ်နင်း​ရေး​အတွက် အ​မေရိကန်၊​ ဩစ​တြေး​လျ၊​ က​နေဒါ၊​ ရုရှ၊​ ဂျပန်၊​ တရုတ်နဲ့​ ​တောင်ကိုရီး​ယား​နိုင်ငံတို့​က အာဆီယံအဖွဲ့​ကို ​ထောက်ပံ့​ထား​ပါတယ်။

နိုင်ငံဖြတ်​ကျော်ရာဇဝတ်မှုဆိုင်ရာ အဆင့်​မြင့်​အရာရှိများ​ အစည်း​အ​ဝေး​ (SOMTC)Senior Officer Meeting forTransnational Crime) ​တွေကို အာဆီယံ (အ​ရှေ့​တောင်အာရှနိုင်ငံများ​အသင်း​) ဝင် ၁၀ နိုင်ငံမှာ နှစ်စဉ် အလှည့်​ကျ ကျင်း​ပပြီး​ ပူး​ပေါင်း​စီမံကိန်း​တွေကို ထိုင်း​နိုင်ငံက ဦး​ဆောင်​ရေး​ဆွဲ​နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013