DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်ဝန်ကြီး​ချုပ်၏ ကား​တန်း​ တိုက်ခိုက်ခံရ
DVB
·
August 22, 2011
Donate to DVB

ကရင်ပြည်နယ်ဝန်ကြီး​ချုပ် ဗိုလ်ချုပ်​ဇော်မင်း​နဲ့​ ပြည်သူ့​စစ်နှင့်​ နယ်ခြား​တပ်များ​ ညွှန်ကြား​ရေး​မှူး​ ဗိုလ်ချုပ်​မောင်​မောင်အုန်း​ တို့​အဖွဲ့​ရဲ့​ ကား​တန်း​ကို ဒီ​ကေဘီ​အေအဖွဲ့​က ချုံခိုတိုက်ခိုက်ခဲ့​ပါတယ်။

ဝန်ကြီး​ချုပ်နဲ့​အဖွဲ့​ဟာ ကရင်ပြည်နယ် မြဝတီမြို့​နယ် ကုက္ကိုမြိုင်​ကျေး​ရွာမှာ ဩဂုတ်လ ၂၀ ရက်​နေ့​က ကျင်း​ပတဲ့​ နယ်ခြား​စောင့်​တပ် ၁ နှစ်ပြည့်​အခမ်း​အနား​ကို တက်​ရောက်ပြီး​ အပြန် ​ဝှေ့​ရှား​မယ့်​ပလယ်ရွာမှာ ဆွဲမိုင်း​နဲ့​တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

တိုက်ခိုက်ခံရတဲ့​အတွက် ဗိုလ်မှူး​တဦး​နဲ့​ တပ်သား​နှစ်ဦး​ ထိခိုက် ​သေဆုံး​သွား​တယ်လို့​ တိုး​တက်​သော ဗုဒ္ဓဘာသာ ကရင်အမျိုး​သား​ တပ်မ​တော် (ဒီ​ကေဘီ​အေ) ကလိုထူး​ဘောတပ်ရင်း​ရဲ့​ စစ်​ထောက်လှမ်း​ရေး​ ဗိုလ်ကြီး​တူး​သရီး​က ​ပြောပါတယ်။

“နအဖဘက်က အ​ရှေ့​တောင်တိုင်း​ စစ်ဌာနချုပ် တိုင်း​မှုး​နဲ့​ ကရင်ပြည်နယ်ဝန်ကြီး​ပေါ့​။ အခမ်း​အနား​က ပြန်လာတဲ့​အချိန်မှာ ကျ​နော်တို့​ ဒီ​ကေဘီ​အေက​နေ မိုင်း​နဲ့​ဆွဲပြီး​ ​သေနတ်ငယ်နဲ့​ တချို့​ပစ်ပြီး​ ပြန်ဆုတ်တယ်။ နအဖဘက်က သုံး​ယောက်​သေတယ်။ အဲဒီထဲမှာ ဗိုလ်မှူး​ တ​ယောက်ပါတယ်။ ဒဏ်ရာ နှစ်​ယောက်ရတယ်။”

အခုလို ချုံခိုတိုက်ခံရမှုမှာ ကရင်ပြည်နယ်ဝန်ကြီး​ချုပ်ရဲ့​ ကား​ကိုမထိဘဲ ​နောက်က လိုက်တဲ့​ လုံခြုံ​ရေး​ကား​ကို ထိသွား​တာလို့​ သူက ​ပြောပါတယ်။

အစိုး​ရတပ်ဖွဲ့​တွေကို အခုလို ချုံခိုတိုက်ခိုက်ခဲ့​တာနဲ့​ ပတ်သက်ပြီး​ ဗိုလ်ကြီး​ တူး​သရီး​ကို ​မေး​မြန်း​ထား​ပါတယ်။

“ဒါက မြန်မာနိုင်ငံမှာ စစ်အစိုး​ရက အုပ်ချုပ်မှုမတည်ငြိမ်တဲ့​အတွက် တိုင်း​ရင်း​သား​တွေနဲ့​ ညီညွတ်မှု မရ​သေး​တဲ့​အတွက် ဒီလိုဖြစ်တာ။”

အခုက သမ္မတ ဦး​သိန်း​စိန်က ​ပြောတယ်။ ငြိမ်း​ချမ်း​ရေး​ လိုချင်တယ်ဆိုရင် သူတို့​နဲ့​ ​ဆွေး​နွေး​နိုင်တယ်ဆိုပြီး​ အစိုး​ရအ​နေနဲ့​ ငြိမ်း​ချမ်း​ရေး​လုပ်ဖို့​ ဖိတ်​ခေါ်တယ်ဆို​တော့​ ဒီ​ကေဘီ​အေ အ​နေနဲ့​ကော ငြိမ်း​ချမ်း​ရေး​လုပ်ဖို့​ စိတ်မကူး​ထား​ဘူး​လား​။

“အဲဒါ​တွေက အတုအ​ယောင်​တွေပါ။ တကယ်တမ်း​ ငြိမ်း​ချမ်း​ရေး​လိုလား​မယ်ဆိုရင် တကယ် ​ခေါ်မယ်ဆိုရင် နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို အား​လုံး​လွှတ်​ပေး​ရမှာ​ပေါ့​။ လက်နက်ကိုင် အင်အား​စု​တွေကို ​ပြေ​ပြေလည်လည်နဲ့​ စည်း​ရုံး​မှု မရ​သေး​ဘဲနဲ့​ အဲဒီလိုမျိုး​ လာ​ခေါ်ရင် လက်ခံမှာမဟုတ်ပါဘူး​။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013