DVB Logo
Home
မြန်မာသတင်း
လွှတ်​တော်ရေး​ရာ​ကော်မတီများ​ ထပ်မံဖွဲ့​စည်း
DVB
·
August 22, 2011
လွှတ်​တော်ရေး​ရာ​ကော်မတီများ​ ထပ်မံဖွဲ့​စည်း
Donate to DVB

ပြည်သူ့​လွှတ်​တော်နဲ့​ အမျိုး​သား​လွှတ်​တော်​တွေမှာ ​ရေး​ရာ​ကော်မတီ အသီး​သီး​ကို ဖွဲ့​စည်း​ဖို့​ ​နေပြည်​တော်မှာ ဒီ​နေ့​လုပ်တဲ့​ ဒုတိယအကြိမ် လွှတ်​တော်ပုံမှန် အစည်း​အ​ဝေး​ ​တွေမှာ အဆိုပြုပြီး​ ​ကော်မတီဥက္ကဋ္ဌ​နေရာ​တွေကိုလည်း​ လွှတ်​တော်ဥက္ကဋ္ဌ​တွေက အဆိုပြုကြပါတယ်။

အမျိုး​သား​လွှတ်​တော်မှာ တိုင်း​ရင်း​သား​ရေး​ရာနဲ့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​၊​ နိုင်ငံသား​အခွင့်​အ​ရေး​နဲ့​ ပြည်ပ​ရောက် နိုင်ငံသား​ရေး​ရာ၊​ အမျိုး​သမီး​၊​ ကလး​သူငယ်၊​ ​တောင်သူလယ်သမား​ စတဲ့​ ​ရေး​ရာ​ကော်မတီ ၈ ခုကို အဆိုပြုသွား​ကြတာပါ။

ပြည်သူ့​လွှတ်​တော်မှာ​တော့​ အထက်ပါ​ကော်မတီ ၈ ခု အပါအဝင် ​ကော်မတီ ၁၈ ခု ဖွဲ့​စည်း​ဖို့​ အဆိုပြုသွား​ကြပါတယ်။

ကော်မတီဥက္ကဋ္ဌ​တွေအဖြစ် နအဖ စစ်အစိုး​ရလက်ထက်တုန်း​က ဝန်ကြီး​ဟောင်း​ ​တွေ အများ​စုပါဝင်လာပြီး​ ​ကော်မတီဝင်​တွေအဖြစ် တိုင်း​ရင်း​သား​ကိုယ်စား​လှယ်​တွေနဲ့​ ဒီမိုကရက်တစ်အင်အား​စုပါတီ​တွေက ကိုယ်စား​လှယ်​တွေလည်း​ ပါဝင်​နေတယ်လို့​ အမျိုး​သား​လွှတ်​တော် ပညာ​ရေး​၊​ ကျန်း​မာ​ရေး​နှင့်​ ယဉ်​ကျေး​မှုဆိုင်ရာ ​ကော်မတီဥက္ကဋ္ဌ ဖြစ် လာတဲ့​ ​ဇေကမ္ဘာဦး​ခင်​ရွှေရဲ့​ ​ပြောပြချက်အရ သိရပါတယ်။

“ဝန်ကြီး​ ​တော်​တော်များ​များ​ ​ကော်မတီမှာ ပြန်ပါသွား​ပါတယ်။ အရင် ဝန်ကြီး​ ​ဟောင်း​တို့​၊​ မြို့​တော်ဝန် ဦး​အောင်သိန်း​လင်း​လည်း​ ပါတယ်​ပြောတယ်။ ဦးဌေးမြင့်လည်း​ ပါတယ်။ ဥက္ကဋ္ဌ​တွေအ​နေနဲ့​ပြောတာ။ ကျန်တာ​တွေ​တော့​ အကုန် မျှဝင်သွား​တယ်၊​ လွှတ်​တော်ကိုယ်စား​လှယ်ထဲက။”

အမျိုး​သား​လွှတ်​တော် ပညာ​ရေး​၊​ ကျန်း​မာ​ရေး​နှင့်​ ယဉ်​ကျေး​မှုဆိုင်ရာ ​ကော်မတီ အ​နေနဲ့​ ​ဆောင်ရွက်မယ့်​ကိစ္စရပ်​တွေနဲ့​ ပတ်သက်ပြီး​ ဦး​ခင်​ရွှေက “လူ​တွေရှိတဲ့​နေရာ ​ကျောင်း​သွား​ထား​မလား​။ ​ကျောင်း​တွေရှိတဲ့​နေရာ ​ကျောင်း​သား​တွေသွား​မလား​။ အဲဒါ​တွေက ပြန်သုံး​သပ်ပြီး​ အလုပ်ရုံ​ဆွေး​နွေး​ပွဲ လုပ်ဖို့​လိုပါတယ်။ အဲဒါပြန်သုံး​သပ်ရမယ်” စသည်ဖြင့်​ ရှင်း​လင်း​ပြောပြပါတယ်။

“​ကျောင်း​တွေက မြို့​ပြင်​တွေ ​ရောက်ကုန်​ရော။ က​လေး​တွေအတွက် လမ်း​စရိတ်က အစ၊​ အကျင့်​စာရိတ္တကအစ သိပ်မ​ကောင်း​ဘူး​။ ပညာ​ရေး​စနစ်​တွေ ပြန်သုံး​သပ်ရမယ်။ ကြံ့​ခိုင်ကျန်း​မာတဲ့​ ပညာ​ရေး​စနစ်​ပေါ့​။ ကိုယ့်​ကိုကိုယ် အား​ကိုး​တဲ့​ ပညာ​ရေး​စနစ်တို့​ အဲဒါ​တွေ အကုန်လုံး​ပြန်ပြီး​တော့​ အ​ကောင်အထည်​ဖော်ရမယ်။ ကြက်တူ​ရွေး​လို စာသင်ပြီး​ အလွတ်ကျက်ပြီး​ စာ​မေး​ပွဲ​ဖြေတာမျိုး​ ပညာ​ရေး​စနစ်က​နေ ​ပြောင်း​ရမယ်။”

မြန်မာနိုင်ငံရဲ့​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​နဲ့​ ယဉ်​ကျေး​မှုဆိုင်ရာလုပ်ငန်း​တွေမှာ ပါဝင်​ဆောင်ရွက်မယ်လို့​ ​ပြောကြား​ခဲ့​ဖူး​တဲ့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​ စုကြည်နဲ့​အတူ ဒီလုပ်ငန်း​တွေမှာ အတူတကွ လက်တွဲလုပ်​ဆောင်ဖို့​ ရှိတယ်လို့​လည်း​ ဦး​ခင်​ရွှေက ​ပြောပါတယ်။

“ရည်ရွယ်ချက်ချင်း​က အကုန်တူညီကြတယ်​လေ။ ​ကောင်း​တာလုပ်ဖို့​ တူကြတဲ့​ လူ​တွေချည်း​ပဲ။ ညှိနှိုင်း​ဖို့​ မခဲယဉ်း​ပါဘူး​။”

ပြီး​ခဲ့​တဲ့​မတ်လမှာ ပြီး​ဆုံး​ခဲ့​တဲ့​ ပထမအကြိမ် ပြည်​ထောင်စုလွှတ်​တော်အစည်း​ အ​ဝေး​တုန်း​က​တော့​ အမျိုး​သား​လွှတ်​တော်နဲ့​ ပြည်သူလွှတ်​တော် နှစ်ရပ်စလုံး​မှာ ဥပ​ဒေကြမ်း​ကော်မတီ၊​ ပြည်သူ့​ငွေစာရင်း​၊​ လွှတ်​တော်အခွင့်​အ​ရေး​၊​ အစိုး​ရ၏ အာမခံချက် များ​၊​ ကတိများ​နှင့်​ တာဝန်ခံချက်များ​ စိစစ်​ရေး​ စတဲ့​ ​ကော်မတီ ၄ ခုစီကို ဖွဲ့​စည်း​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013