မြန်မာ အလုပ်သမား၏ ၇ နှစ်အရွယ် သမီးငယ် မုဒိန်းကျင့်ခံရ
DVB
·
April 16, 2016
ထိုင်းနိုင်ငံတောင်ပိုင်း စတွန်ခရိုင်မှာ မြန်မာအလုပ်သမားရဲ့ ၇ နှစ်သမီးငယ်ဟာ မုဒိန်းကျင့်ခံရတဲ့အတွက် အသက် ၃၅ နှစ်အရွယ် အမျိုးသားကို ရွာသားတွေက ဖမ်းဆီးလိုက်ပါတယ်။
ဧပြီ ၁၄ရက် ည ၅ နာရီက ဂျာဘီလန် မြူနီစပယ်အတွင်းမှာ ဖြစ်ပွားခဲ့တာလို့ ဒေသခံ မျက်မြင်သက်သေ ယုဝတီ စန်မတ်ကို ကိုးကားပြီး ဘန်ကောက်ပိုစ်သတင်းမှာ ရေးပါတယ်။
လူစိမ်းတဦးက မုန့်ပေးကာ ချဉ်းကပ်လာသလို အသက် ၇ နှစ်နဲ့ ၃ နှစ်ကလေးက ဒီလူကြီးနဲ့လိုက်သွားတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ ကလေးအဖေက သမီးကို ဆိုင်ကယ်နဲ့လိုက်ရှာပြီး လာခေါ်ရာမှာတော့ အနီးအနားက ခြုံပုတ်အတွင်းမှာ မူးနေတဲ့ လူတဦးထွက်လာတယ်လို့ ဆိုပါတယ်။
ခြုံပုတ်အနီးကို လျှောက်သွားရာမှာတော့ ဒဏ်ရာတွေနဲ့ သွေးထွက်နေတဲ့ ၇ နှစ် သမီးကို တွေ့ခဲ့ရတဲ့အတွက် အော်ဟစ်အကူအညီတောင်းခံရာမှာတော့ ရွာသားတွေက အမျိုးသားကို ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။
ရွာသား ၃၀၀ နီးပါးလည်း စုစည်းရောက်လာသလို နောက်ပိုင်းမှာ အမျိုးသားကို ရဲစခန်းကို ပို့ဆောင်လိုက်ပါတယ်။
ဖမ်းဝရမ်းအတွက် တရားရုံးရဲ့ အတည်ပြုချက်ကို ရယူမှာ ဖြစ်သလို ကျူးလွန်တဲ့ အမျိုးသားရဲ့ နာမည်ကိုတော့ ထုတ်ဖော်ခဲ့ခြင်း မရှိပါဘူး။ ကလေးငယ်ကိုတော့ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။