DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ မြို့ကြီးအချို့ ရေကြီး
DVB
·
August 22, 2011
မြန်မာနိုင်ငံ မြို့ကြီးအချို့ ရေကြီး
1 / 2
Donate to DVB

မိုးအဆက်မပြတ် ရွာနေတဲ့အတွက် မြန်မာနိုင်ငံ မြို့ကြီးတချို့မှာ ရေကြီးရေလျှံနေပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ မနေ့က မယ်ဆိုင်ချောင်း ရေကြီးလို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ဆန်ဆိုင်းလမ်းမတလျှောက် ရေလျှံရေကျော်ပြီး တာလော့ကျောင်းနဲ့ ဆန်ဆိုင်း အထကကျောင်းတို့ကို ပိတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

[caption id="attachment_14515" align="alignright" width="248" caption="တာချီလိတ်မြို့​​​ ရေကြီး​မြင်ကွင်း​"][/caption]

“ရေက တမြို့လုံး ကြီးနေတာ ည ၁၂ နာရီလောက်က စတက်လာတာဆိုတော့ တအားကို များတယ်။ တောင်ပေါ်က ကျလာတဲ့ ရေတွေလည်း များတယ်။ မိုးကလည်း တော်တော်ရွာနေတာ”လို့ တာချီလိတ်မြို့ခံတဦးက ပြောပါတယ်။

နိုင်ငံခြားသားတွေ အလာအများဆုံးဖြစ်တဲ့ တာလော့ဈေး ရေမြုပ်နေတဲ့အတွက် ပိတ်ထားရပြီး နိုင်ငံခြားသား ၀င်ရောက်မှု ၈၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီနေ့လည်း မိုးဆက်ရွာနေတဲ့အတွက် စိုးရိမ်ရေမှတ် ၄၀၀ စင်တီမီတာထက် ကျော်သွားပြီလို့ မြို့ခံက ပြောပါတယ်။

“မိုးနည်းနည်းစဲပေမယ့် ရေကတော့ ထပ်ကြီးမယ့်သဘော ရှိနေတယ်။ ၁ ပေ ၂ ပေလောက် ထပ်တက်မယ့်သဘော ရှိနေတယ်။ ဒီတခါ ရေတက်ရင်တော့ အမြင့်ပိုင်းက အိမ်တွေအထိ တက်မယ့်သဘော ရှိတယ်။ အနိမ့်ပိုင်း အိမ်တွေဆို ရေ၀င်ပြီး ပျက်စီးဆုံးရှုံးမှုတွေဖြစ်မှာ။ လူတွေက ပြေးစရာမရှိ နေစရာမရှိနဲ့ ခုချိန်ထိလည်း ကယ်ဆယ်သူလည်း မရှိပါဘူး။”

[caption id="attachment_14505" align="alignleft" width="248" caption="မန္တလေးမြို့ ရေကြီး​​ မြင်ကွင်း​​ "][/caption]

မန္တလေးမှာလည်း မြို့တွင်းဖြတ်စီးတဲ့ ရွှေတချောင်းမြောင်း ရေလျှံတဲ့အတွက် မြို့တွင်း အချက်အချာကျတဲ့ နေရာအတော်များများ ရေမြုပ်ကုန်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

မန္တလေး အနောက်ဘက်ခြမ်း မြေနိမ့်ပိုင်း ရပ်ကွက်တွေမှာလည်း ရေမြုပ်နေပြီး ရေဘေးဒုက္ခသည်တွေကိုတော့ ဧရာဝတီမြစ်ကမ်းဘေးက တာရိုးပေါ်မှာ ယာယီ နေရာချထားပေးတယ်လို့လည်း ဆိုပါတယ်။

“အသင်းအဖွဲ့တွေက ရေကြီးတဲ့နေရာတွေကို စက်လှေတွေနဲ့သွားပြီး ကူညီရွှေ့ပြောင်းပေးတယ်။ ကိုယ့်မှာရှိတဲ့ ယာယီအမိုးအကာနဲ့ပဲ ယာယီတဲထိုးပြီး နေကြတာပေါ့။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013