DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည်၏ ​နေပြည်​တော်ခရီး​စဉ်အ​ပေါ် အ​ကောင်း​မြင်ကြိုဆို
DVB
·
August 22, 2011
ဒေါ်​အောင်ဆန်း​စုကြည်၏ ​နေပြည်​တော်ခရီး​စဉ်အ​ပေါ် အ​ကောင်း​မြင်ကြိုဆို
Donate to DVB

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​နေပြည်​တော်ခရီး​စဉ်ကို ပြည်တွင်း​ပြည်ပမှာ အ​ကောင်း​မြင် ကြိုဆိုသုံး​သပ်ကြသူ​တွေ ရှိပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​နေပြည်​တော် တညအိပ် နှစ်ရက်ခရီး​စဉ်မှာ သမ္မတ ဦး​သိန်း​စိန်နဲ့​ ​တွေ့​ဆုံတာ အပါအဝင် အချက်တချို့​ကို အား​ရ​ကျေနပ်တယ်လို့​ ပြည်တွင်း​ပြည်ပ အတိုက်အခံ​တွေနဲ့​ သတင်း​သမား​တွေက ​ပြောကြပါတယ်။

ရန်ကုန်အ​ခြေစိုက် ပြည်သူ့​ခေတ်ဂျာနယ် အယ်ဒီတာ ဆရာ ​မောင်ဝံသက “​တော်​တော်​လေး​ အလား​အလာ​ကောင်း​တဲ့​ အ​ခြေအ​နေတခုလို့​ ကျ​နော်တို့​ မြင်ပါတယ်” လို့​ ​ပြောပါတယ်။

“တိုင်း​ပြည်မှာ အ​ရေး​ကြီး​ဆုံး​ ပုဂ္ဂိုလ်နှစ်​ယောက် ​တွေ့​တယ်လို့​လည်း​ ​ပြောနိုင်ပါတယ်။ ဒီလို​တွေ့​တာဟာ တိုင်း​ပြည်ရဲ့​ အ​ရေး​ကြီး​တဲ့​ နိုင်ငံ​ရေး​ ပြဿနာ​တွေ၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​ ပြဿနာ​တွေ အား​လုံး​ကို ညှိနှိုင်း​ပြီး​ ​ဖြေရှင်း​ဖို့​ လမ်း​စ​ပေါ်တယ်လို့​ ကျ​နော်က မြင်ပါတယ်။”

ပြည်ပအ​ခြေစိုက် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (လွတ်​မြောက်နယ်​မြေ) နိုင်ငံခြား​ရေး​ ​ကော်မတီဝင် ဦး​ညိုအုံး​မြင့်​က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​နေပြည်​တော်ခရီး​စဉ်ဟာ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​အတွက် ပထမ​ခြေလှမ်း​ပဲလို့​ ဆိုပါတယ်။

“​ဒေါ်​အောင်ဆန်း​စုကြည်ကို နိုင်ငံ​တော်​ခေါင်း​ဆောင် တ​ယောက်အ​နေနဲ့​ အသိအမှတ်ပြုပြီး​တော့​ ​တွေ့​တယ်ဆို​တော့​ ကျ​နော်တို့​အား​လုံး​ အနှစ် ၂၀ ​ကျော်​လောက် ​တောင်း​ဆို​နေတဲ့​ နအဖဘက်က ​ခြေလှမ်း​လို့​ ထင်ပါတယ်။

“​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဦး​သိန်း​စိန်အစိုး​ရအကြား​ နအဖစစ်​ကောင်စီ ​ဟောင်း​တွေ အကြား​မှာ နား​လည်မှု တည်​ဆောက်လို့​ ပြီး​သွား​ပြီလို့​ ကျ​နော်ထင်တယ်။ ​နောက်ပြီး​ ဦး​သိန်း​စိန်ကိုယ်တိုင် ​ဒေါ်​အောင်ဆန်း​စုကြည်ကို တ​လေး​တစား​ ဆက်ဆံ တဲ့​ဟာကလည်း​ ပြည်သူ​တွေအတွက် အကျိုး​ရှိမယ်လို့​ ကျ​နော်ထင်ပါတယ်။”

အဖွဲ့​ချုပ်အ​ပေါ် လူထု​ထောက်ခံမှုကို မြန်မာအစိုး​ရသစ်က အသိအမှတ်ပြုတာ သိသာထင်ရှား​ပါတယ်လို့​လည်း​ ဦး​ညိုအုန်း​မြင့်​က သုံး​သပ်​ပြောကြား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013