DVB Logo
Home
မြန်မာသတင်း
ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဒေသခံများ စိုးရိမ်
DVB
·
August 21, 2011
Donate to DVB

တရုတ်နိုင်ငံကို သွယ်တန်းပြီး ဆောက်လုပ်မယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဟာ မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်သန်းဖောက်လုပ်မှာဖြစ်ပြီး လယ်ယာမြေတွေ အဖျက်ခံရမှာဖြစ်တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းဖောက်လုပ်မယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်က တောင်သူတွေက စိုးရိမ်နေကြတာပါ။

ပိုက်လိုင်း ဖောက်လုပ်ရင် အဆိုပါ ဒေသရှိ ဒေသခံတွေရဲ့ ယာမြေနဲ့ ထန်းတော အတော်များများ ဖျက်ဆီးပစ်ရမယ့် အနေအထား ရှိနေတယ်လို့ ကျောက်ပန်းတောင်းမြို့ ဒေသခံတဦးက ပြောပါတယ်။

“အခု ကျောက်ဖြူကနေပြီးတော့ ဂက်စ် ပို်က်လိုင်းကို တရုတ်ပြည်ဘက်ဖောက်တာ တောင်ပေါ်ဒေသကနေ ဖြတ်သွားတာ ကျနော်တို့ ယာမြေပေါ်ကနေ ဖြတ်သွားတယ်။ ယာပိုင်ရှင်တွေက အကုန်လုံး နစ်နာတယ်လေ။ ထန်းပင်တွေလည်း ပစ်ရမှာ၊ ယာခင်းတွေလည်း ပစ်ရမှာ။ သူတို့က ဘယ်နေရာတွေ ဘယ်အထိ ပါတယ်ဆိုတာ ခေါ်ပြောနေပြီ။ နောက် အစည်းအဝေး ခေါ်ပြောမယ်ပြောတယ်။ ယာပိုင်ရှင်တွေနဲ့ စကားပြောမယ်တဲ့။”

တရုတ်ကုမ္မဏီက တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပိုက်လိုင်း ဖြတ်သန်းဖောက်လုပ်တဲ့အခါ ပျက်စီးသွားမယ့် ယာမြေတွေအတွက် ညှိနှိုင်းနေတယ်လို့ သိရပေမယ့် လျော်ကြေးပေးမယ် မပေးဘူးဆိုတာ မသိရသေးကြောင်းလည်း အဲဒီ ဒေသခံကပဲ ပြောပါတယ်။

“ဂက်စ်ပိုက်လိုင်း လုပ်ဖို့  တရုတ်တွေ ရောက်နေတာလေ။ တရုတ်တွေက အခု ညှိတော့ ညှိနေတာပဲ သူတို့တွေ၊ မြေကွက်တွေ ဈေးနှုန်းတွေတော့ မဖြတ်ရသေးဘူး။ ဈေးနှုန်း ဘယ်လောက်ပေးမယ်ဆိုတာ သူတို့ ညှိနေတုန်းပဲ။ ကားလမ်းပါ ဖောက်မယ်လို့လည်း အသံတွေ ကြားနေရတယ်။”

တရုတ်နိုင်ငံပိုင် CNPC ကုမ္မဏီက အဲဒီ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ဖောက်လုပ်မှာဖြစ်ပြီး ကီလိုမီတာ ၈၀၀ ကျော်ရှည်တဲ့ ပိုက်လိုင်းဟာ မြန်မာနိုင်ငံက လယ်မြေယာမြေ အတော်များများကနေ ဖြတ်သန်း ဖောက်လုပ်မယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013