DVB Logo
Home
မြန်မာသတင်း
ကသည်းသူပုန် ဆက်ကြေးတောင်းမှုကြောင့် တမူးမြို့ နန်းဖာလုံဈေး ပိတ်
DVB
·
August 21, 2011
ကသည်းသူပုန် ဆက်ကြေးတောင်းမှုကြောင့် တမူးမြို့ နန်းဖာလုံဈေး ပိတ်
Donate to DVB

မဏိပူ(ရ)ကသည်းသူပုန်တွေရဲ့​​ ဆက်ကြေးတောင်းမှုကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်က တမူးမြို့ နန်းဖာလုံဈေးကို မနေ့မနက် ၁၀ နာရီလောက်မှာ ပိတ်လိုက်ရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

[caption id="attachment_14471" align="alignleft" width="300" caption="နန်းဖာလုံဈေးက လမ်းဘေးဈေးသည်များ​​ "][/caption]

“အိန္ဒိယက လာတဲ့ ကသည်းသူဌေး တယောက်ကို မြန်မာဘက်မှာနေတဲ့ ကသည်းသူပုန်က ပိုက်ဆံတောင်းတာ။ ကသည်းသူဌေးက မပေးတဲ့ အခါကျတော့ မြန်မာပြည်မှာနေတဲ့ ကသည်းသူပုန်က ရိုက်တာလေ။ ရိုက်လို့ ဆိုင်တွေ ပိတ်ခိုင်းတာ။ ကျမသွားတော့ လူတွေက ဆိုင်တွေ အကုန်လုံး ပိတ်နေကြပြီ။”

နန်းဖာလုံဈေးဟာ စစ်ကိုင်းတိုင်း အထက်ပိုင်း တမူးမြို့ တဘက်ခြမ်း အိန္ဒိယနယ်စပ် မိုးရေးမြို့နဲ့ နယ်စပ်ခြံစည်းရိုးပဲခြားပြီး နှစ်ဘက်နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက အချက်အချာ ကျတဲ့ ဈေးကြီး ဖြစ်ပါတယ်။

နန်းဖာလုံဈေးမှာ ဆိုင်ဖွင့်တဲ့ ဂေါ်ရခါးလူကြီးတယောက်က ပိတ်ခိုင်းတာလို့ ကြားသိရကြောင်းလည်း မြို့ခံဈေးသည်က ပြောပါတယ်။

ဈေးကို မြန်မာစစ်တပ်နဲ့ ရဲတွေ အနီးကပ် စောင့်ကြပ် ကြည့်ရှုနေပေမယ့် ဘာမှ ပြောဆို ဖြေရှင်းပေးမှု မရှိဘဲ ဈေးဆိုင် အများစု ပိတ်ထားရတုန်းပဲလို့လည်း သိရပါတယ်။

တမူးမြို့ အပါအ၀င် စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေမှာ မြန်မာစစ်တပ်က ကသည်းသူပုန်တွေကို နေထိုင်ခွင့် ပေးထားတာဟာ ၁၂ နှစ်ကျော်ပြီ ဖြစ်ပါတယ်။

ကသည်းသူပုန်တွေဟာ ၂၀၀၆ ခုနှစ် ဇန်န၀ါရီတုန်းက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ကျောင်းသား ကိုချစ်သိန်းထွန်းနဲ့  ကိုမောင်ဦးတို့ကို ဖမ်းဆီးပြီး မြန်မာစစ်တပ်ကို အပ်နှံ့ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013