Home
ဆောင်းပါး
မြန်မာနှင့်အိမ်နီးချင်း တိုင်းပြည်များ၏ ရိုးရာသင်္ကြန်အကြောင်း
အေးနိုင်
·
April 13, 2016
Jinghong9
Jinghong8
Jinghong7
Jinghong6
Jinghong5
Jinghong4
Jinghong3
Jinghong2
Jinghong1
DCIM103GOPRO
DSC02427
water-festival-in-laos-4
water-festival-in-laos-3
water-festival-in-laos-2
water-festival-in-laos-1
Thai-New-Year-Celebration
150414143636-thailand-songkran-10-super-169
133249546_13970341731111n
00014c76_medium
134147286_14289175105331n
134147286_14289175104781n
134146307_14289045795891n
12998655_217143325326965_7949749390945554873_n
12987137_217143365326961_4947292015256193361_n
12472330_217143411993623_398804555520758640_n
ရေသဘင်ပွဲတော် (Water Festival) ဟာ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ရိုးရာယဉ်ကျေးမှုပွဲတော်တွေထဲက တခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သင်္ကြန် (Thingyan)၊ ထိုင်းနိုင်ငံမှာ ဆောင်ခရမ် (Songkran)၊ ကမ္ဘောဒီးယားနိုင်ငံမှာ ချော်ချနန်သမေ (Chol Chnam Thmey)၊ လာအိုနိုင်ငံမှာ ဘမ်ပင်မေ (Bunpimay) လို့ ခေါ်ဝေါ်ကြပါတယ်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် စစ်ဆောင်ပဏ္ဍာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နှစ်စဉ်ကျင်းပတဲ့ ရေသဘင်ပွဲတော်ကိုတော့ ပေါက်ရှိုကျိ (Pō shuǐ jié) လို့ ခေါ်ဝေါ်ကြပါတယ်။ မြန်မာတို့ ဆင်ယင်ကျင်းပနေတဲ့ သင်္ကြန် (Thingyan) ဟာ ပါဠိဘာသာ “သင်္ကန္တ”(Saṇkanta) မှ သက္ကဋဘာသာ “သင်္ကြန်” (Saṇkran) ဟူသော ဝေါဟာရသို့ ပြောင်းလဲလာက မြန်မာတို့က သင်္ကြန်ဟု သက္ကတနာမည်ခေါ်လျှက် “ပြောင်းရွှေ့ခြင်း”ဟု အဓိပ္ပာယ်ရပါတယ်။ ၁၂ လရာသီပွဲတော်ရှိတဲ့ မြန်မာနိုင်ငံမှာ အစောဆုံးလ တန်ခူးလမှာ သင်္ကြန်ပွဲတော်ကို ကျင်းပပါတယ်။ သင်္ကြန်တွင်းကို အကြို၊ အကျ၊ အကြတ်၊ အတက်နေ့တွေအဖြစ်သတ်မှတ်ထားပါတယ်။ သကြန်ကာလမှာ အတာရေနဲ့ ပျက်ဖျန်းဆေးကြောရေကစားကြခြင်း နှစ်ဟောင်းက အညစ်အကြေးတွေကို စင်ကြယ်စေတယ်လို့ ဆိုပါတယ်။ ခေတ်ကာလ ပြောင်းလဲလာတာနဲ့အမျှ အရင်ခေတ်က ငွေဖလားမှာ အမွှေးနံသာထည့်ပြီး သပြေခက်နဲ့ ရေပက်ရာက အခုကာလမှာတော့ ရေဖလား၊ ရေခွက်၊ ရေပိုက်တွေနဲ့ ရေပက်နေကြတာ ရေသဘင်ပွဲဆင်နွှဲတဲ့ တခြားနိုင်ငံတွေနည်းတူ ဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာ သင်္ကြန်တွင်းကာလတွေမှာ စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်း၊ ဒုလ္လဘ ရဟန်းဝတ်ခြင်း၊ သီလရှင်ဝတ်ခြင်း၊ တရားစခန်းများဝတ်ရောက်အားထုတ်ခြင်း၊ ဘုရားကျောင်းကန်တွေကိုသွားရောက်ပြီး ဥပုသ်သီလဆောက်တည်ခြင်း၊ သက်ကြီးရွယ်အိုတွေကိုကို ကုသိုလ်ဒါနပြုလှူဒါန်းခြင်းအပါအ၀င် ဘာသာရေးဆိုင်ရာ ကုသိုလ်ကောင်းမူ့တွေကို ပြုလုပ်ကြသလို သင်္ကြန်တွင်း ရိပ်သာဝင်သူတွေလည်းရှိပါတယ်။ နှစ်ဆန်း ၁ ရက်နေ့မှာတော့ အဖိုးအဖွားတွေ၊ မိဘဆရာတွေ၊ သက်ကြီးရွယ်အိုတွေကို ခေါင်းလျော်ပေးခြင်း၊ ခြေသည်းလက်သည်းလှီးဖြတ်ပေးခြင်းတွေ စတဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ကြတဲ့ဓလေ့ရှိပါတယ်။ လာအိုနိုင်ငံမှာ ကျင်းပတဲ့ ရေသဘင်ပွဲတော် ဘမ်ပင်မေ (Bunpimay) ပွဲတော်ရဲ့ အဓိပ္ပာယ်ဟာ တည်ငြိမ်မှုကို ဆောင်ကျဉ်းတာ၊ အရာခပ်သိမ်းကြွယ်ဝစေတာ၊ လူ့ဘ၀ကို စင်ကြယ်စေတာတွေဖြစ်ပါတယ်။ ဒီနေ့ရက်တွေမှာ တဦးနဲ့တဦး ရေပက်ဖြန်းခြင်းဖြင့် နှစ်သစ်အခါသမယမှာ ကောင်းမွန်တဲ့ရာသီဥတု၊ လိုလားချက်တွေပြည့်ဝစေဖို့နဲ့ ပျော်ရွှင်ဖွယ်နှစ်သစ်အတွက် ဆုတောင်းကြပါတယ်။ လာအိုနိုင်ငံက ရေသဘင်ပွဲတော်ကို ဘမ်ပင်မေလို့ ခေါ်တွင်ပြီး ကောင်းမွန်ခြင်း၊ ကောင်းမွန်တဲ့အကျင့်ကို ကျင့်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ နှစ်ဟောင်းရဲ့နောက်ဆုံးနေ့ ပွဲတော်အစရက်မှာ လူတွေဟာ သူတို့ရဲ့ နေအိမ်တွေနဲ့ လမ်းတွေကို သန့်ရှင်းရေးလုပ်ကြပါတယ်။ မွန်းလွဲပိုင်းမှာ ရွာသားတွေက ဘုရားကျောင်းကန်တွေကိုသွားရောက်စုဝေးကာ ဘုန်းတော်ကြီးတွေထံမှာ တရားနာပြီး တနှစ်ပတ်လုံး ကျန်းမာပျော်ရွှင်ဖို့ ဆုတောင်းကြ၊ဗုဒ္ဓရုပ်တုတော်တွေကို ရေသပ္ပာယ်ကြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ ခမာဘာသာစကားနဲ့ ချောချန်သမေ လို့ ခေါ်တဲ့ ခမာနှစ်သစ်ကူးပွဲတော်ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ခမာယဉ်ကျေးမှုရင်းမြစ်တွေရဲ့ လူမှုအသိုင်း အ၀န်းအတွက် အဓိကကျတဲ့ အားလပ်ရက်တွေထဲက တခုဖြစ်ပါတယ်။  ဗီယက်နမ်မှာရှိတဲ့ ကမ္ဘောဒီးယန်းတွေနဲ့ ခမာလူနည်းစုဟာ အလုပ်တွေကို ရပ်နားပြီး နေရပ်ကိုပြန်ပြီး နှစ်စဉ်ဧပြီ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ နှစ်သစ်ကူး ပွဲတော်ကို ဆင်နွှဲလေ့ရှိပါတယ်။ ၁၃ ရာစုမတိုင်ခင်က ခမာနှစ်သစ်ကူးကို နှစ်စဉ်နိုဝင်ဘာနှောင်းပိုင်း သို့မဟုတ်ဒီဇင်ဘာလအစောင်ပိုင်းမှာကျင်းပခဲ့ပါတယ်။ ခမာတွေဟာ ပွဲတော်ကာလမှာ ဘုရားကျောင်းတွေကို သွားရောက်တာ၊ ရိုးရာကစားနည်းတွေကို ကျင်းပတာတွေနဲ့ သူတို့ရဲ့နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲကြပါတယ်။  ပထမရက်မှာ မိုဟာဆောင်ခရမ်ခေါ်တဲ့ နှစ်သစ်ရဲ့နတ်သမီးတွေကို ကြိုဆိုတဲ့အခမ်းအနားကျင်းပပါတယ်။ အဲဒီနေ့မှာ အိမ်တွေကို သန့်ရှင်းရေးလုပ်ပြီး ဘုန်းတော်ကြီးတွေအတွက် လှူဖွယ်ပစ္စည်းတွေကို ပြင်ဆင်ကြပါတယ်။ အဲဒီနေ့မှာ အနာဂတ်မှာ ကြင်ဖက်တွေအဖြစ် ပေါင်းသင်းနေထိုင်ကြမယ့် အမျိုးသားနဲ့ အမျိုးသမီးတွေအတွက် ကြင်ဖက်ရှာဖွေဖို့ အရေးကြီးတဲ့ နေ့တနေ့ဖြစ်ပြီး ဂိမ်းကစားရင်း အခွင့်အလမ်းရှာနိုင်ပါတယ်။ ဒုတိယမြောက်နေ့ဟာ အသက်အရွယ်အားဖြင့် ကြီးမြင့်သူတွေအတွက် အမှတ်ရတဲ့နေ့ဖြစ်သလို ဆင်းရဲနွမ်းပါးသူတွေကို အလှူအတန်းပေးကြပါတယ်။ သေဆုံးသူတွေအတွက် သဲစေတီတည်ပြီး အမှတ်တရပြုလုပ်ကြပါတယ်။ တတိယနေ့မှာတော့ ခမာတွေတည်တဲ့ဘုရားစေတီတွေမှာ ဆုတောင်းမေတ္တာပို့သပြီး ဘုရားဆင်းတုတော်တွေကို ရေသပ္ပာယ်ကြပါတယ်။ မြို့တော် ဖနွမ်းပင်မှာ ဆင်ပြိုင်ပွဲ၊ မြင်းပြိုင်ပွဲနဲ့ လက်ဝှေ့ပွဲလို ပွဲသဘင်တွေကျင်းပကြပါတယ်။ ထိုင်းနိုင်ငံမှာ ရေသဘင်ပွဲတော် ဆောင်ခရမ် (Songkran) ကို နှစ်သစ်ကူးနေ့အဖြစ်   နှစ်စဉ်ကျင်းပပါတယ်။ ဆောင်ခရမ်ဟာ ဆန်းစကရစ်ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာဖြစ်ပြီး အသွင်းကူးပြောင်းခြင်း၊ အပြောင်းအလဲလို့ အဓိပ္ပာယ်ရပါတယ်။ ပွဲတော်ကာလမှာ ဘုရားကျောင်းကန်သွားရောက်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ဘုန်းတော်ကြီးတွေကို လှူဖွယ်ပစ္စည်းတွေ၊ ဘုရားကျောင်းကန်တွေသွားရောက်ခြင်းစတဲ့ ဘာသာရေးဆိုင်ရာ၊ ကုသိုလ်ရေးဆိုင်ကိစ္စတွေကို အလေးပေးလုပ်ဆောင်ကြသလို မွေးရပ်ဇာတိကို ပြန်ပြီး အားလပ်ရက်ဆင်နွဲခြင်းတွေကို  လုပ်ဆောင်ကြပါတယ်။ ဒီအားလပ်ရက်အတွင်း မြို့ကြီးတွေရဲ့ အထင်ကရလမ်းမကြီးတွေမှာ လမ်းပိတ်ဆို့လောက်အောင် လူစည်ကားပြီး ရေကစားတဲ့ ရေသဘင်ပွဲတော်ကို အထင်ကရကျင်းပကြပါတယ်။ လူကြီး လူငယ်မရွေး ရေပက်ကစားကြသလို ထိုင်းရိုးရာယဉ်ကျေးမှုကိုဖော်ထုတ်တဲ့ အက၊ ၀တ်စားဆင်ယင်မှုတွေကို ထုတ်ဖော်ခင်းကျင်းပြသသလို ထိုင်းရိုးရာဝတ်စုံနဲ့ ယှဉ်ပြိုင်ရတဲ့ ဆောင်ခရမ်အလှမယ်ရွေးပွဲလည်း ကျင်းပပါတယ်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် စစ်ဆောင်ပဏ္ဍာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ က တိုင်းလုတိုင်းရင်းသားတွေဟာလည်း (Pō shuǐ jié)  ရေသဘင်ပွဲတော် (The Water Splashing Festival) ကို ဧပြီ ၁၃ ရက်နေ့ကနေစတင်ပြီး ၃ ရက်ကြာဆင်နွှဲကြပါတယ်။ လာမယ့်နှစ်သစ်တွေမှာ ကံကောင်းဖို့အတွက် ပထမပွဲတော်ရက်မှာ နဂါးလှေပြိုင်ပွဲတွေကျင်းပခြင်း မီးရှူးမီးပန်းဖောက်ခြင်းတွေလုပ်ဆောင်ကြပါတယ်။  ဒုတိယရက်မှာ ကံမကောင်းတာတွေဖယ်ရှားပြီး ပျော်ရွှင်မှုတွေ ဆောင်ကျဉ်းဖို့အတွက် ရေပက်ကစားကြပါတယ်။ ပွဲတော် နောက်ဆုံးရက်မှာ လူငယ်မျိုးဆက်တွေဟာ တဦးနဲ့တဦး လက်ဆောင်အပြန်အလှန်ပေးကြသလို သူတို့ရဲ့အဖော်မွန်တွေကို ချိန်းဆိုကြပါတယ်။ ဒီပွဲတော်ဟာ ယူနန်ဒေသက တိုင်းရင်းသားပွဲတော်တွေထဲမှာ စွဲဆောင်မှု အရှိဆုံးပွဲတော်ဖြစ်ပြီး နိုင်ငံခြားသားတွေနဲ့ နိုင်ငံတ၀န်းက ပြည်သူတွေလာရောက်ဆင်နွှဲလေ့ရှိပါတယ်။ ဓာတ်ပုံများ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024