တောင်တွင်းကြီးတွင် လေပြင်းတိုက် (ဓာတ်ပုံ)







1K
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ စစ်တားကျေးရွာအုပ်စု၊ မင်းကွင်း ကျေးရွာမှာ ဧပြီ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန်လောက်က လေပွေတခုတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် ၇ လုံးခန့် အိမ်အမိုးတွေ လွင့်ထွက်သွားခဲ့ပါတယ်။
အဲဒီကျေးရွာကို တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းထွန်းနဲ့ ဦးဝင်းမြင့်လှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအပါဝင် မြို့နယ်အတွင်းမှ လူမှုကူညီရေးအသင်းတွေက သွားရောက် ကူညီပေးခဲ့ကြပါတယ်။
သားကြီး (တောင်တွင်းကြီး)