A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တွေ့ဆုံမှု နွေးထွေးမှု ရှိဟုဆို

​ေဒါ်​ေအာင်​ဆန်း​စု​ြကည်​ဏှင့်​​ ​သမ်​မ​တဦး​သိန်း​စိန်​
သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး  ဒီနေ့ညနေပိုင်းက နေပြည်တော်ရှိ သမ္မတ အိမ်တော်မှာ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ [caption id="attachment_14463" align="alignright" width="300" caption="​ဒေါ်အောင်ဆန်းစုကြည်နှင့်​​ ​သမ္မတဦးသိန်းစိန်​ "][/caption] ညနေလေးနာရီကနေ ငါးနာရီအထိ တနာရီကြာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ တွေ့ဆုံဆွေးနွေးမှုဟာ ပေါ့ပေါ့ပါးပါး နွေးနွေးထွေးထွေးရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ နေပြည်တော်ကို လိုက်ပါသွားတဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။ တွေ့ဆုံမှုကနေ ပြည်သူတွေ သိသင့်တဲ့အရာလေးတွေ   ဦးခွန်သာတို့ အနေနဲ့ ပြောနိုင်တာလေးတွေ ပြောပြပေးပါ။ “တွေ့ဆုံပွဲမှာ ဘာတွေပြောကြလဲ ဆိုတာတော့ ကျနော်တို့ကိုယ်တိုင်လည်း မသိဘူးခင်ဗျ၊ ပြောပြီးတဲ့အချိန်မှာ တွေ့ဆုံဆွေးနွေးမှုကတော့ ပေါ့ပေါ့ပါးပါးနဲ့ နွေးထွေးမှုရှိတာ တွေ့ရတယ်ဗျ။ မျှော်လင့်မယ်ဆိုရင်လည်း အဲ့အပေါ်မှာ ကြည့်ပြီးတော့ မျှော်လင့်လို့ရမယ်။ ဘာတွေဆွေးနွေးလဲ ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဗဟိုအလုပ်အမှုဆောင်​ ကော်မတီကို တင်ပြပြီးတော့မှ သတင်းထုတ်ပြန်မယ်လို့  ထင်ပါတယ်။” နေပြည်တော်မှာ လုပ်တဲ့ နိုင်ငံတော်အဆင့် စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ဖို့ သက်ဆိုင်ရာက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်း မရှိဘဲ နောက်နေ့ တက် မတက် ဒီညမှ ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up