ရန်ကုန်သင်္ကြန် ရဲ အလုံအလောက်ချထားဟု ဆို














1.3K
ရန်ကုန်သင်္ကြန်မှာ ရေကစားမဏ္ဍပ် ၉၆ ခုနဲ့ ရေပက်ကစားနေကြပြီး ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးအင်အားအပြည့်အ၀ချထားပြီး လုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။
သင်္ကြန်အတွင်း မှုခင်းဖြစ်ပွားမှုမရှိစေရေး၊ မူးယစ်ရမ်းကားမှုတွေ၊ ရေကစားသူအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုတွေ၊ ယာဉ်မတော်တဆမှုတွေ မဖြစ်စေရေးတို့အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အရက်ပုန်းဆိုင်တွေ ဖမ်းဆီးအရေးယူတာ၊ မူးယစ်ဆေးဝါးနဲ့ လိင်စိတ်ကြွဆေးပြား သုံးစွဲမှုမရှိစေရေးတို့ကိုလည်း မူးယစ်တပ်ဖွဲ့စုတွေနဲ့ ပူးပေါင်း သတင်းရယူဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အများပြည်သူ အကူအညီလိုအပ်ပါက သတင်းပို့ အကြောင်းကြားနိုင်ရေးအတွက် ပျံလွှားလှည့်ကင်းယာဉ်တွေက နယ်မြေအတွင်း ကင်းလှည့်စောင့်ရှောက်နေပြီး စက်ဘီးလှည့်ကင်းတွေနဲ့လည်း ကင်းလှည့်စောင့်ရှောက်နေပါတယ်။