မြန်မာတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စံချိန်တင်မြင့်တက်

ဓာတ်ပုံ - Directorate of Investment and Company Administration
မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စံချိန်တင်မြင့်တက်လာတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနက တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရသိရပါတယ်။ မတ်လမှာ ကုန်ဆုံးတဲ့ ပြီးခဲ့တဲ့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းပေါင်း ၂၀၀ ကျော်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံ ရှိပါတယ်။ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံတွေထဲမှာ စင်ကာပူက စီမံကိန်း ၅၅ ခုမှာ ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံကျော်နဲ့ အများဆုံးဖြစ်ပြီး တရုတ်ကလုပ်ငန်းပေါင်း ၄၃ ခုမှာ ၃ ဒသမ ၃ ဘီလီယံကျော်နဲ့ ဒုတိယ အများဆုံးရင်းနှီးမြှုပ်နှံထားပါတယ်။ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေထဲမှာတော့ ရေနံနဲ့ သဘောဝဓာတ်ငွေ့လုပ်ငန်းက ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံကျော်နဲ့ တန်ဖိုး အများဆုံးဖြစ်ပြီး၊ သူ့နောက်မှာ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံရရှိခဲ့ပြီး ၂၀၁၄- ၁၅ ဘဏ္ဍာနှစ်မှာတော့ ဒေါ်လာ ၈ ဘီလီယံ ရရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up