Home
မြန်မာသတင်း
ကော့သောင်းမြို့တွင် စိတ်ကြွဆေး ကျပ်သိန်း ၂၈၀ ကျော်တန်ဖိုး ဖမ်းမိ
DVB
·
April 12, 2016
13010819_469821836560093_4904363134692794482_n
13000307_469821809893429_4093528174009972318_n
12991113_469823596559917_6515731823077940199_n
ဧပြီလ ၁၁ ရက်နေ့ နေ့လယ် ၃ နာရီခန့်က ကော့သောင်းမြို့မှာ WY စာတန်းပါ ပန်းရောင်စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပါတယ်။ ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့ ခမရ ၅၈၁ အနီးဘုတ်ပြင်း- ကော့သောင်း ကားလမ်းမကြီးပေါ် ကော့သောင်းမြို့မရဲစခန်းက ရဲအုပ်မြင့်နိုင် ဦးဆောင်တဲ့ စစ်ဆေးရေးဆောင်ရွက်နေစဉ် ကော့သောင်းမြို့ အေးမြကန်သာရပ်ကွက်နေသူ အသက် ၃၁ နှစ်အရွယ် ယာဉ်မောင်း ကိုမြတ်ဇော်ဇော် မောင်းနှင်လာတဲ့ မတ်တူးအမျိုးအစား အဖြူရောင်ကားကို စစ်ဆေးရှာဖွေရာ ယာဉ်မောင်းဘေးရှိခုံကြား လက်ကိုင်အိတ်အတွင်းမှ WY စာတန်းပါပန်းရောင်စိတ်ကြွဆေးပြား ၅၇၅၉ ပြား ကာလတန်ဖိုး ၂၈၇၉၅၀၀၀ ကျပ်ခန့်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ယာဉ်မောင်းကိုမြတ်ဇော်ဇော်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလွဲစေတဲ့ ဆေးဝါးများဥပဒေအရ တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်နေပြီး ဆက်စပ်တရားခံတွေကိုလည်း ဆက်လက်ဖမ်းဆီးဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ (သတင်း - ဦးလတ်ကိုကိုဦး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024