DVB Logo
Home
မြန်မာသတင်း
ဗုံးခွဲမှုဖြင့် စွပ်စွဲဖမ်းဆီးခံရသူ ၁၄ ဦးကို လွှတ်ပေးရန် တိုက်တွန်း
DVB
·
August 19, 2011
ဗုံးခွဲမှုဖြင့် စွပ်စွဲဖမ်းဆီးခံရသူ ၁၄ ဦးကို လွှတ်ပေးရန် တိုက်တွန်း
Donate to DVB

ပဲခူးမြို့ ဗုံးပေါက်မှုနဲ့ ပတ်သက်လို့ မသင်္ကာမှုနဲ့ ဖမ်းထားတဲ့ လူ ၁၄ ဦးကို သက်သေမခိုင်လုံတဲ့ အတွက် ပြန်လွှတ်ပေးသင့်တယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင်က ဆိုပါတယ်။

[caption id="attachment_14433" align="alignright" width="300" caption="ဦးမင်းလွင်ဦး​"][/caption]

မနှစ် အောက်တိုဘာလအတွင်းက လူအသေအပျောက် မရှိခဲ့တဲ့ ဗုံးပေါက်မှု အပြီးမှာ    လူ ၁၄ ဦးကို မသင်္ကာမှုနဲ့  ဖမ်းဆီးထားပြီး ဒီနှစ် ဖေဖော်ဝါရီလက စလို့​ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးမှာ အမှုဖွင့် စစ်ဆေးနေတာပါ။

သူတို့အပေါ် အဓိက စွဲထားတဲ့အချက်တွေထဲမှာ ထိုင်းနိုင်ငံထဲကို သွားပြီး၊ အတိုက်အခံတွေပေးတဲ့ နိုင်ငံရေးအန်တုမှု သင်တန်းတက်ရောက်ခဲ့တာ၊ အခကြေးငွေယူပြီး ဗုံးဖောက်ခွဲတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပါဝင်ပါတယ်။

အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ ရှေ့နေ ဦးမင်းလွင်ဦးက  ဒီလူတွေအားလုံး သက်သေမရှိ စွပ်စွဲခံနေရတာလို့ ဆိုပါတယ်။

“ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ မသင်္ကာသူတွေကို ဖမ်းဆီးတဲ့ အခါမှာ တကယ်တမ်း ပြစ်မှုကျူးလွန်တယ်လို့ ယူဆတဲ့သူတွေကိုတော့ ဖမ်းဆီးရမိခြင်း မရှိပါဘူး။ နောက်ပြီးတော့ အမှုတွဲမှာ တင်ပြထားတဲ့ သက်သေခံပစ္စည်းတွေကလည်း မတရားအသင်းတွေနဲ့ ဆက်သွယ်လို့ ရထားတဲ့ ကိစ္စရပ်တွေ၊ မတရားအသင်း​ ကနေပြီးတော့ ထောက်ပံ့တဲ့ငွေကြေးတွေ မဟုတ်ဘဲနဲ့ ဒီမြန်မာနိုင်ငံအတွင်းမှာ တရားဝင် ဖွင့်လှစ်ထားတဲ့ ဘုရားရှိခိုးကျောင်းတော် ကနေပြီးတော့ နယ်ဘုရားကျောင်းတွေမှာ အသုံးပြုဖို့အတွက် လွှဲပေးထားတဲ့ ငွေကြေးတွေ ဆိုတာကို သက်သေခံ အထောက်အထားတွေအရ ပေါ်ပေါက်တာကို ကျနော်တို့ တွေ့ရတယ်။”

ဒီလူတွေဟာ မသင်္ကာမှုနဲ့ အဖမ်းခံရပြီးနောက် အောင်သပြေ စစ်ကြောရေးစခန်းမှာ ညှဉ်းပန်းစစ်ဆေး ခံခဲ့ရတယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင်က ဆိုပါတယ်။

ဒါကြောင့် သူတို့ အမှုကို စစ်ဆေးပေးဖို့ မကြာခင် မြန်မာပြည်ကို သွားရောက်ဖို့ ရှိနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းရေးမှူး သောမတ်အိုဟေး ကင်တာနားကို စာနဲ့ တင်ပြထားတယ်လို့ ဦးမင်လွင်ဦးက ဆိုပါတယ်။

“ကျနော်တို့ အာရှလူ့အခွင့်အရေးကော်မရှင်ကနေ ထုတ်ပြန်တဲ့ အရေးပေါ် မေတ္တာရပ်ခံစာထဲမှာ ကုလသမဂ္ဂလက်အောက်မှာ ရှိတဲ့ လူ့အခွင့်အရေးကောင်စီ၊ လူ့အခွင့်အရေးကောင်စီရဲ့ လက်အောက်မှာ ရှိတဲ့ အသင်းအဖွဲ့ အသီးသီးကို ကျနော်တို့ ပေးပို့ထားတာ ဖြစ်ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ သင်္ကြန်ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ သော်လည်းကောင်း၊ နောက်ပြီးတော့ ယခုလိုမျိုး ပဲခူးမြို့မှာ ဖြစ်တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ သော်လည်းကောင်း ဖြစ်ပွားတဲ့ ဗုံးပေါက်ကွဲမှုတွေမှာ မူရင်းလက်သည် တရားခံကို ဖမ်းဆီးရမိခြင်း မရှိဘဲနဲ့ မသင်္ကာတဲ့ လူတွေကို ကြီးလေးတဲ့ ပြစ်မှုတွေ ပေးထားတာကို ကျနော်တို့ တွေ့ရတယ်။ နောက်ပြီးတော့တခါ စစ်ကြောမေးမြန်းတဲ့အခါမှာလည်း လူမဆန်စွာ စစ်ဆေး မေးမြန်းတယ်ဆိုတာတွေကို ကျနော်တို့ သိရတယ်။ ဒါကြောင့် မစ္စတာ ကင်တားနား အခုလိုမျိုး သွားရောက်တဲ့ အခါမှာလည်း ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ ထည့်သွင်းဆွေးနွေးလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်ခင်ဗျ။”

မစ္စတာ ကင်တာနားဟာ မြန်မာပြည်ကို လာမယ့် ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ သွားရောက်မှာဖြစ်ပြီး၊ ဒီခရီးစဉ်အတွင်းမှာ အစိုးရသစ်တက်လာတဲ့ နောက်ပိုင်း လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းသွားဖို့ ရှိတယ်လို့ သိရပါတယ်။

၂၀၁၀ ဖေဖော်ဝါရီလ နောက်ပိုင်း သူ့ရဲ့ ပထမဆုံး ခရီးစဉ်အတွင်းမှာ အစိုးရသစ်ရဲ့ ၀န်ကြီးတွေအပြင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိနေတယ်လို့ သိရပါတယ်။

မစ္စတာကင်တာနားဟာ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ကုလသမဂ္ဂကို အဆိုပြုထားပြီး၊ သူရဲ့အဆိုကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013