ထိုင်းသင်္ကြန်ကာလအတွင်း နွေလေပြင်း သတိပေးချက်ထုတ်

ဓာတ်ပုံ - ရိုက်တာ
ထိုင်းနိုင်ငံ ခရိုင် ၄၇ ခုမှာ ဧပြီ ၁၂ ရက်ကနေ ၁၇ ရက် သင်္ကြန်ကာလတွင်း နွေလေပြင်း သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ဧပြီ ၁၂ ရက်မှာ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဌာနက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ  မိုးခြိမ်း လျှပ်စီးလက်တာတွေအပြင် လေပြင်းတွေ တိုက်ခတ်မယ်လို့ ဆိုပါတယ်။ မြောက်ပိုင်းက ခရိုင် ၄၇ ကို အထူးသတိပေးထားတာ ဖြစ်ပါတယ်။ ဒီခရိုင်တွေထဲမှာ မြောက်ပိုင်း ၁၃ ခရိုင်ဖြစ်တဲ့ တပ်ခ်၊ ဥတ္တရာဒစ်၊ မယ်ဟောင်ဆောင်၊ ချင်းရိုင်၊ နန်၊ ဖယောင်း၊ ချင်းမိုင်၊ လမ်းပန်း၊ ဆူခိုထိုင်း၊ ပစ်ဆုန်နလောက်နဲ့ လန်ပန်းတို့ ပါဝင်ပါတယ်။ ဒါ့အပြင် အရှေ့မြောက်ပိုင်းခရိုင် ၂၀၊ အလယ်ပိုင်းခရိုင် ၇ ခုနဲ့ အရှေ့ပိုင်းခရိုင် ၇ ခုတို့ကိုလည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

More News
Up