ရခိုင်ရိုးရာ နံသာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲ ကျင်းပ

ရခိုင်ရိုးရာ နံသာသွေးပွဲနဲ့ ဘုရားရေသပ္ပါယ်ပွဲကို ဧပြီလ ၁၁ ရက်နေ့က ရန်ကုန်မြို့ ရွှေတိဂုံအရှေ့ဘက်မုခ်ရှိ ရခိုင်ဓမ္မာရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ရခိုင်လူမျိုးတွေရဲ့ ရိုးရာဓလေ့အရ နံသာသွေးခြင်း ဘုရားရှင်ကို နံသာရေနဲ့ ပူဇော်တာတွေ ပြီးမှ မဟာသင်္ကြန်ကို ဆင်နွှဲလေ့ရှိကြတာပဲဖြစ်ပါတယ်။ ဧပြီလ ၁၀ ရက်နေ့မှာ ကျင်းပတဲ့ နံသာသွေးပွဲကိုတော့ ရခိုင်ပြည်နယ်မြို့နယ်အသီးသီးက ရခိုင်တိုင်းရင်းသူလေးတွေက ပြိုင်ပွဲအနေနဲ့ ကျင်းပခဲ့တာဖြစ်ပြီး မနက်ဖြန်သင်္ကြန်အကြိုကာလမှာ ဘုရားရှင်ကို ရေသပ္ပါယ်မှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up