စင်ကာပူရောက် မြန်မာနိုင်ငံသားများ သင်္ကြန် (ရုပ်သံ)

မြန်မာနိုင်ငံသူ နိုင်ငံသားတွေ စုပေါင်းပြီးဆင်နွှဲတဲ့ အတာသင်္ကြန်ပွဲကို စင်ကာပူနိုင်ငံမှာ ဧပြီ ၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေ အားလပ်ရက်မှာ အမြဲအပန်းဖြေသွားလေ့ရှိတဲ့ စင်ကာပူ တောင်ကုန်း (City Hall)မှာ တနေ့လုံး စည်ကားစွာ ကျင်းပခဲ့တာဖြစ်တယ်လို့ စင်ကာပူမှာ လုပ်ငန်းနဲ့ သွားရောက် နေထိုင်တဲ့ မလေးလေးကျော်က ပြောပါတယ်။ မြန်မာနိုင်ငံက ဂီတအနုပညာရှင် ဖိုးသောကြာ၊ ခိုင်ထူး၊ ဂျေမောင်မောင်တို့ လာရောက် ဖျော်ဖြေခဲ့ပြီး လာရောက်သူများကို စင်ကာပူနိုင်ငံသားအဖြစ် ခံယူထားတဲ့ မြန်မာတွေက အအေး သစ်သီး တွေနဲ့ ကျွေးမွေးဧည့်ခံတဲ့အပြင် မြန်မာ့ယိမ်းအကတွေနဲ့ပါ ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင်

More News
Up