ဖိလစ်ပိုင် လက်ဝှေ့ကျော် ပတ်ကွီရို အနိုင်ရ

ဧပြီ ၁၀ ရက် အမေရိကန် ပြည်ထောင်စု လာဗီးဂတ်စ်မှာ ထိုးသတ်သွားတဲ့ လက်ဝှေ့ပွဲစဉ်မှာ ဖိလစ်ပိုင် လက်ဝှေ့ကျော် ပတ်ကွီရိုက အမေရိကန် လက်ဝှေ့သမား တင်မိုသီ ဘရက်လေကို အနိုင်ရရှိသွားပါတယ်။ ရမှတ်ပေါင်း ၁၁၆-၁၁၀နဲ့ ဒိုင်လူကြီး ၃ ဦးလုံးက တညီတညွတ်တည်း ပတ်ကွီရိုကို အနိုင်ပေး လိုက်တာ ဖြစ်ပါတယ်။ ဒီပွဲဟာ ဘရက်လေနဲ့ ပတ်ကွီရိုတို့ အကြား ၃ ကြိမ်မြောက် ထိုးကြိမ်မြောက် ထိုးသတ်တဲ့ ပွဲစဉ်ဖြစ်ခဲ့ပြီး ပတ်ကွီရိုက ၂ ပွဲအနိုင်ရရှိထားပါတယ်။ ၂၀၁၂ ခုနှစ်ဇွန်လပွဲစဉ်မှာ ဘရက်လေက နိုင်ပြီး ၂၀၁၄ ဧပြီမှာ ပတ်ကွီရိုက အနိုင်ရခဲ့သလို အခုထိုးသတ်ရာမှာ ထပ်မံ အနိုင်ရခဲ့ပါတယ်။ ပထမ ၄ ချီအထိ သူမသာကိုယ်မသာ ထိုးသတ်ခဲ့ပေမယ့် ၅ ချီမြောက်မှာ ပတ်ကွီရိုက ဖိထိုးပြီး အသာစီး ရယူထားနိုင်ခဲ့ပါတယ်။ တရားဝင်မဟုတ်တဲ့ လေ့လာသူတွေရဲ့ အမှတ်စာရင်းအရ ပတ်ကွီရိုက ဦးဆောင်ထားခဲ့ပါတယ်။ ၇ ချီမြောက်မှာတော့ ပတ်ကွီရိုရဲ့ ညာဝိုက်လက်သီးကြောင့် ဘရက်လေက အမှတ်စဉ် အရေခံခဲ့ရပါတယ်။ ၈ ချီကတော့ ဘရက်လေအတွက်လို့ ပြောရမှာ ဖြစ်ပြီး ဘရက်လေက အသာစီးရယူ ထိုးသတ်နိုင်ခဲ့ပါတယ်။ ဒီအတွက်လည်း အမှတ်ကွာဟမှုကတော့ သိပ်မရှိခဲ့ပါဘူး။ ၉ ချီမှာ ပတ်ကွီရိုရဲ့ ဘယ်ဘက် လက်သီးထိုးချက်မိပြီး ဘရက်လေက ဒုတိယအကြိမ် အမှတ်စဉ် အရေ ခံထိခဲ့ပါတယ်။ အချီတိုင်းကို အလဲထိုးနိုင်ဖို့ ရည်မှန်းထိုးသတ်ခဲ့တယ်လို့ ပတ်ကွီရိုက ပွဲအပြီး အင်တာဗျူးမှာ ပြောပါတယ်။ ကြိုးဝိုင်းပေါ်က အင်တာဗျူးမှာ ဘရက်လေကလည်း ပတ်ကွီရိုကို ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ ဒီပွဲကို လူပေါင်း ၄ သောင်းကျော်လာရောက် ကြည့်ရှုခဲ့ပါတယ်။

More News
Up