ပနားမား လျှို့ဝှက်အထောက်အထား သန်းချီ ပေါက်ကြားခဲ့သည့်ရုံးကို ၀င်စီး (ရုပ်သံ)

ပနားမားနိုင်ငံက လျှိုဝှက်အထောက်အထားတွေ သန်းချီပေါက်ကြားခဲ့တဲ့ ဥပဒေအကျိုးဆောင် မောဆတ်ဖွန်ဆက်ကာ ကုမ္ပဏီရဲ့ အယ်ဆာဗာဒိုမှာရှိတဲ့ ကုမ္ပဏီခွဲကို ရဲတွေက ဧပြီ ၈ ရက်မှာ ၀င်ရောက် စီးနင်းခဲ့ပါတယ်။ စီးနင်းဝင်ရောက်ပြီးတဲ့နောက် အထောက်အထားနဲ့ ကွန်ပျူတာ ၇ လုံးကို သိမ်းယူခဲ့သလို ၀န်ထမ်းတွေကို မေးမြန်းခဲ့တယ်လို့ အထွေထွေ ရှေ့နေရုံးက ပြောပါတယ်။ ၀န်ထမ်းတဦးကိုမှ ဖမ်းဆီးထားခြင်းမရှိပါဘူး။ ဧပြီ ၈ ရက်က ကုမ္ပဏီရဲ့ ဆိုင်းဘုတ်တွေ ဖြုတ်ချခဲ့ပြီးတဲ့နောက် သံသယရှိတဲ့ အတွက် ၀င်ရောက် စီးနင်းခဲ့တာလို့ ဆိုပါတယ်။ ရာဇ၀တ်မှု တစုံတရာ ကျူးလွန်ထားသလားဆိုတာကတော့ ပြောဖို့ စောတယ်လို့ အထွေထွေရှေ့နေ မာလန်ဒက်ဇ်က ပြောပါတယ်။ ကုမ္ပဏီက ပြောင်းရွှေ့ဖို့ စီစဉ်နေတာဖြစ်ကြောင်း နောက်ပိုင်းမှာ ၀န်ထမ်းတွေက ပြောတယ်လို့လည်း ဆိုပါတယ်။ မော့ဆတ်ဖွန်ဆက်ကာရဲ့ ၀က်ဘ်ဆိုဒ်မှာတော့ အယ်ဆေဗာဒေါရုံးလိပ်စာကို ဖော်ပြထားခြင်း မရှိသလို ကုမ္ပဏီက ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ အခွန်ရှောင်ဖို့နဲ့ ငွေကြေး ခ၀ါချဖို့ အတွက် ကမ္ဘာတလွှားက ထင်ရှားတဲ့နိုင်ငံရေး ခေါင်းဆောင်တွေ၊ မိသားစုတွေနဲ့ ထင်ရှားသူတွေရဲ့ ဘဏ်ငွေစာရင်းတွေကို ပနားမားပေပါဆိုတဲ့ နာမည်နဲ့ ဒီကုမ္ပဏီက သန်းချီ လျှို့ဝှက် အထောက်အထားတွေ မကြာခင်ရက်ပိုင်းက ပေါက်ကြားလာပါတယ်။

More News
Up