နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မျက်စိခွဲစိတ်မှုအောင်မြင်

1.6K
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက် ၉ နာရီက မျက်စိခွဲစိတ် ကုသခဲ့ပြီး ခွဲစိတ်မှုအောင်မြင်တယ်၊ အသေးစိတ်တော့ မပြောနိုင်ဘူးလို့ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။
“အသေးစိတ်တော့ မပြောနိုင်ဘူး၊ မျက်စိခွဲတယ်၊ ဒီနေ့ မနက် ခွဲတယ်၊ အောင်မြင်သွားပြီ၊ ဒါပဲ။ အတွင်းတိမ်လား၊ အပြင်တိမ်လား၊ အောက်တိမ်လား၊ အပေါ်တိမ်လား ကျနော် မပြောနိုင်ဘူး၊”
ဒီနေ့ အိမ်ပြန်လို့ရပြီဖြစ်ပြီး ဘယ်နှရက်နားရမယ်ဆိုတာတော့ ဆရာဝန်မေးမှပဲ သိမယ်လို့လည်း ပြောပါတယ်။
နေပြည်တော်က မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆေးရုံကြီးမှာ ခွဲစိတ်ခဲ့တာဖြစ်ပြီး မနက် ၁၀ နာရီခွဲမှာတော့ နိုင်ငံတော် သမ္မတ သတင်းမေးလာရောက်ခဲ့ပါတယ်။