Home
မြန်မာသတင်း
စစ်တပ်အထူးတပ်ဖွဲ့လေ့ကျင့်ရေးကွင်း နေပြည်တော်တွင် ဖွင့်
DVB
·
April 9, 2016
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကတည်ဆောက်ပေးခဲ့တဲ့ အထူးတပ်ဖွဲ့လေ့ကျင့်ရေးကွင်း ဖွင့်ပွဲအခမ်းအနားကို ကွင်းတည်ရှိတဲ့ နေပြည်တော်မှာ ဧပြီ ၈ ရက်က ပြုလုပ်ခဲ့တယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းဌာနက သတင်းထုတ်ပါတယ်။ နေပြည်တော်ရှိ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ အထူးတပ်ဖွဲ့ လေ့ကျင့်ရေးကွင်းမှာ ဧပြီ ၈ ရက်ကပြုလုပ်ခဲ့တဲ့ ဖွင့်ပွဲကို တရုတ်စစ်တပ်က Major General Yuan Jichang တက်ရောက်ခဲ့ပြီး မြန်မာ့တပ်မတော်သားတွေကို အထူးတိုက်ခိုက်ရေး သင်ခန်းစာတွေနဲ့  မြို့ပြအကြမ်းဖက်တိုက်ခိုက်မှုအပေါ် တန်ပြန်တိုက်ခိုက်ရေးသင်ခန်းစာတွေ၊ ကာလတို လေ့ကျင့်ပေးခဲ့မှု အခြေအနေတွေ ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက် တရုတ်-မြန်မာ စစ်တပ်အရာရှိကြီးတွေဟာ အထူးတပ်ဖွဲ့ဝင်များရဲ့ တိုက်ခိုက်ရေးသရုပ်ပြစွမ်းရည်တွေ၊ လုံခြုံရေးနှင့်ဓားစာခံ ကယ်ဆယ်ရေး စွမ်းရည်တွေနဲ့  တဦးချင်း၊ အဖွဲ့လိုက်ယုံကြည်မှု၊ စိတ်ဓာတ်၊ ခံနိုင်ရည်ရှိမှု၊ ဇွဲသတ္တိရှိမှု စတဲ့ သင်ခန်းစာတွေ၊ သရုပ်ပြသမှုတွေကို ကြည့်ရှုအားပေးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သတင်းဓာတ်ပုံ - မြ၀တီ  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024