၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဒေါ်မီးမီး လွတ်မြောက်
DVB
·
April 8, 2016

ငြိမ်းစုစီ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံထားတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဒေါ်မီးမီး ဒီနေ့ ပြန်လွတ်မြောက်လာပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ်တရားရုံးမှာ ငြိမ်းချမ်းစွာစုဝေး လှည့်လည်ခွင့် ဥပဒေပုဒ်မ ပုဒ်မ ၁၈ နဲ့ တရားရုံးထုတ်ချိန်အမှု ရုပ်သိမ်းကြောင်း အမိန့်ချခဲ့တာလို့ ဒေါ်မီးမီးက ပြောပါတယ်။
“ကျမတို့ အခုပဲ တရားရုံးကနေပြီးတော့ အမှု ရုပ်သိမ်းလိုက်ပါတယ်ရှင်။ အခု ကျမက ထောင်ကို ခဏပြန်လိုက်သွားတယ်။ ကျမတို့ စာအုပ်တွေလည်းရှိတယ်။ နောက်တခုက မနီလာသိန်းရဲ့ အခြေအနေ အခုထက်ထိ မသိရသေးပါဘူး။ မနီလာသိန်းက ၂၅ ရက်နေ့မှ ရုံးချိန်းပေးထား တယ်ဆိုတဲ့အခါကျတော့ အခုချိန်ထိ မနီလာသိန်းရဲ့ အခြေအနေကို မသိရသေးဘူး။ သူ့အခြေအနေလည်းသိရအောင် ထောင်ကိုတချက်လိုက်သွားပါတယ်။”
ဒေါ်မီးမီးကို ၂၀၁၄ ခု နိုဝင်ဘာလက ၄ ရက်က ပြုလုပ်သွားတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကို ထောက်ခံဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။