DVB Logo
Home
မြန်မာသတင်း
မြ၀တီ-ကော့ကရိတ်ကားလမ်းပြင်ဖို့ ငွေကောက်ပေမယ့် လမ်းမကောင်း
DVB
·
August 18, 2011
Donate to DVB

ကရင်ပြည်နယ် မြ၀တီ - ကော့ကရိတ်လမ်း ပြုပြင်ဖို့ အေကေ ကုမ္ပဏီက တာဝန် ယူထားပြီး ဒေသခံ ပြည်သူတွေ၊ စီးပွားရေးသမားတွေဆီကနေ ငွေကြေးကောက်ခံနေပေမယ့် လမ်းပြုပြင်မှုတွေ မလုပ်ဘူးလို့ မြ၀တီမြို့ခံတဦးက ပြောပါတယ်။

“အခု ကျမတို့ မြဝတီနဲ့ ကော့ကရိတ်ကြား ဒေါနတောင်လမ်းလေ။ အေကေကုမ္ပဏီ က ကန်ထရိုက်ယူပြီးတော့ ဒီလမ်းကို ခင်းတယ်။ သူတို့ ပိုက်ဆံလာကောက်တိုင်းလည်းပဲ လမ်းခင်းဖို့အတွက် လာကောက်တာပဲ။ ဒါပေမယ့် လမ်းက ဒီအတိုင်းပဲ။ နဂိုက လမ်းမပြင်ခင်က လမ်းထက်တောင်မှ အခုက ပိုဆိုးသွားတယ်။ အခု သူတို့ တခါကောက်ရင် တသောင်းခွဲ၊ တသောင်း အမြဲတမ်းကောက်တယ်။ ကျမတို့ မရှိတဲ့လူဆိုရင် တသောင်းမပြောနဲ့ ငါးထောင်၊ တထောင် နှစ်ထောင်ရှိဖို့တောင် မနည်းရုန်းကန်နေရတယ် တချို့ဆင်းရဲတဲ့ လူတွေမှာ။ ယာဉ်ကြီး၊ ယာဉ်သေး၊ အဆင်းအတက် အကုန်လုံး ပိုက်ဆံကောက်တယ်။ ကောက်ပေမယ့် သူတို့လမ်းက ဒီနေရာက မတက်တော့ဘူး။ အခုဆို သေတဲ့လူသေ၊ ချောက်ထဲကို ကားမှောက်တဲ့လူ မှောက် အဲဒီလိုမျိုးတွေ ဖြစ်နေတာ။”

သာမန်ပြည်သူတွေကိုလည်း တခါတောင်းရင် သောင်းနဲ့ချီတောင်းတဲ့အတွက် ပြည်သူတွေ အခက်ဖြစ်ရတယ်လို့လည်း သူက ပြောပါတယ်။

အေကေကုမ္ပဏီဟာ မြ၀တီ-ကော့ကရိတ်လမ်း ပြုပြင်ဖို့အတွက် အစိုးရနဲ့ သဘောတူညီချက်ယူပြီး ငွေကြေးကောက်ခံနေတဲ့ ကုမ္ပဏီဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြ၀တီ-ကော့ကရိတ် ကားလမ်းမှာ မြေပြိုမှုဖြစ်ပွားပြီး သွားလာမှု တပတ်လောက် ရပ်တန့်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013